VOTING ပေးချိန် (၂၄) နာရီ သာ ကျန်တော့ သည် (VOTING ပေးနည်း များများ ရှယ် ထားပေးပါအုံး …)

Posted on

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်အနေနဲ့ နိုင်ငံ တကာထံကို မြန်မာနိုင်ငံ အတွင်းဖြစ်ပျက်နေတာ တွေအတွက် သတင်းစကားတစ်ခု ယူဆောင်သွားခဲ့ပါတယ်။

အလှမယ် သူဇာဝင့်လွင်အနေနဲ့ လက်ရှိပြုလုပ်နေတဲ့ မယ်စင်္ကြာဝဌာ ပြိုင်ပွဲမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အသုံးချပြီး စစ်အာဏာသိမ်းအစိုးရကိုအလိုမရှိကြောင်း၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေကို ပြန်လည် လွှတ်ပေးရေး စတာ‌တွေကို နိုင်ငံတကာက ကူညီပေးဖို့ မျှော်လင့်ထားတဲ့အကြောင်း အမေရိကန်သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ နယူးယောက်ခ်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့နိုင်ငံတခုပါ”။ ဒီအတွက် လည်း ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီများကို နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရရှိ လိမ့် မယ် လို့ လည်း မျှော်လင့်နေကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံအာဏာ ကိုသိမ်းယူပြီးနောက် ဒီနေ့အချိန်ထိ ငြိမ်း ချမ်းစွာဆန္ဒပြသူပေါင်း ၈၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး၊၊ အပြစ်မဲ့ပြည်သူ ၄ထောင်ခန့်ကိုလည်း အတင်း အဓမ္မ ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ နယူးယောက်ခ် တိုင်းမ် သတင်းစာက ရေးသားထားပါတယ်။

တစ်ဆက်တည်းမှာပဲ “လူ့အခွင့်အရေးဆိုတာက ဘယ်မှာလဲ၊ ကျွန်မတို့ မြန်မာပြည်သူတွေကို ကူညီပေးပါ။ မြန်မာ နိုင်ငံအတွင်းမှာ ပြည်သူတွေအနေနဲ့ အကူအညီမဲ့နေပါတယ်။” လို့ သူဇာဝင့်လွင် ကပြောကြား ခဲ့ပါ သေးတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံကိုယ်စားပြု ရိုးရာအမျိုးသားဝတ်စုံ ထုံးဖွဲ့ဝတ်ဆင် ပြသ တဲ့ အခမ်း အနားမှာ ချင်းရိုးရာဝတ်စုံကို ဝတ်ဆင်ရင်း စင်မြင့်အရှေ့ကို လျှောက်လှမ်းလာခဲ့ပြီး မြန်မာ့ အရေးသတင်းစကား သင်္ကေတအဖြစ် “မြန်မာနိုင်ငံအတွက် ဆုတောင်းပေးပါ” စာတမ်းကို ကိုင်ဆောင်ခဲ့တယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာကဖော်ပြထားပါတယ်။

မယ်စင်္ကြာဝဋ္ဌာအခမ်းအနား နောက်ဆုံး ဖိုင်နယ်ပွဲစဉ်ကိုတော့ လာမယ့် မေလ ၁၆ ရက်နေ့ တနင်္ဂနွေမှာ ယှဉ် ပြိုင်မှာလည်းဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က အာ ဏာသိမ်းယူပြီးချိန်ကစလို့ တက်ကြွစွာပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ် စားပြုအလှမယ် သူဇာဝင့်လွင်အတွက် အောက်ဖော်ပြပါ Link မှာ Vote ပေးလို့ရပြီး၊ ဒါဟာ အချိန်ကာလအနေနဲ့ ၂၄ နာရီခန့်သာကျန်ရှိတော့တာမို့ တတ်အားသမျှ Vote ပေးကြဖို့ လိုအပ်ပါမယ်။

လက်ရှိမှာ ထိုင်းနိုင်ငံကိုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဟန်လေး ကဲ့ သို့ အလှမယ် သူဇာဝင့်လွင်အနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ တင်းကြပ်ချုပ်ကိုင်မှုတွေကြားထဲက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံ စိုက်လာအောင်လုပ်ဆောင်နေပြီး သူမအတွက် အိမ်ပြန် ခရီးဟာ မရေရာတဲ့အခြေအနေမှာရှိနေတာပါ။

ဒါ့ကြောင့် မြန်မာ့အရေးအစွမ်းကုန်ကြိုးစားနေတဲ့ အလှမယ် သူဇာဝင့်လွင်ကို Vote ပေးကြဖို့နဲ့ လူတိုင်းအတွက် အခမဲ့ (Free Vote ) တစ်ခုဆီရရှိမှာဖြစ်ပြီး ဆက်လက် Vote ပေးချင်တယ်ဆိုရင်တော့ Visa ကတ်မှာငွေဖြည့်ပြီး Vote ပေးနိုင်တာကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တက်နိုင်သမျှ Vote ပေးကြဖို့ တိုက် တွန်းလိုက်ရပါတယ်။

ဒီ link ထဲဝင်ပြီး မြန်မာ ကိုရွေးချယ် Voted ပေးရမှာဖြစ်ပြီး ယခု Vote ကသာ အကျုံးဝင်တာဖြစ်ပါတယ်။

https://cdn.choicely.com/widget.html?cid=18b2d947-b345-11eb-b861-5541e846e73c&h=d&v=grid

(Voting လမ်းညွှန်)

အထက်ဖော်ပြပါ voting link ကိုဝင်ပါ။ မြန်မာနိုင်ငံကို ရှာပြီး တွေ့ပါက ကြယ် အမှတ်အသားလေး ကိုနှိပ်ပြီး voting ပေးလို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *