US NAVY SEALS က အငြိမ်းစား တစ်ယောက် အကြံပေးထား တဲ့ သေနတ် ပစ်ခတ်နေတဲ့ ကြားမှာ လွတ်အောင် ပြေးနည်း

Posted on

သေနတ်သံကြားလျှင် ပြေးဖို့ US Navy Seals က အငြိမ်းစား တစ်ယောက် အကြံပေးထားတဲ့ သေနတ် ပစ်ခတ်နေတဲ့ ကြားမှာ လွတ်အောင်ပြေးနည်းကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

၁။ သေနတ်သံကြားတာနဲ့ တန်းမပြေးဘဲ ဝပ် သို့ ထိုင်ချ လိုက်ပါ။

၂။ ပြီးတာနဲ့ သေနတ်သံဘယ်ကလာလဲ ရှာဖွေပါ။ ရုတ်တရက် ဆို သေနတ်သံက ကိုယ်ထင် တဲ့ အရပ် နဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တတ်ပါတယ်။ ဒါကြောင့် စက္ကန့်ပိုင်းလောက် ဘယ်က ပစ်လဲ ဆင်ခြင်ကြည့်ပါ။

၃။ သေနတ်သံနဲ့ ဆန့်ကျင်ဘက်ကို ပြေးပါ။ ပြေးလမ်းများ ကို ကြိုတင် ကြည့်ထားပါ။ အကာအကွယ်ရနိုင်တဲ့ နေရာများကို မှတ်သားထားပါ။

၄။ ပြေးရာတွင် zig-zag ပုံစံပြေးပါ။ ခေါင်းငုံ့ ကိုယ်ကို နှိမ့်ပြီး ခါးကိုင်း ပြေးပါ။ ရင်ဘတ်ကို အတည့်မထားဘဲ ပုခုံးစောင်းပြီး ပြေးပါ။ ဒါမှ ချိန်ပစ်တဲ့သူအတွက် target က ကျဉ်းမှာပါ။

၅။ ပြေးရာမှာ လူခွဲ ပြေးပါ။ လူစု လူဝေးလိုက် မပြေးရ။

၆။ အပြေးပြိုင်ပွဲလို တောက်လျောက်မပြေးရ။ အနားမှာရှိတဲ့ အကာအကွယ်ယူ လို့ရတဲ့ အရာတွေကို အကာအကွယ်ယူရင်း ပြေးပါ။ ဒီနေရာမှာ အကာအကွယ်ဆိုတာ ကျည်ကာဖို့ထက် ပစ်ခတ်သူ့ရဲ့ မြင်ကွင်း ကနေ ပုန်းတဲ့ သဘောပါ။

၇။ ကျည်ကာနိုင်မဲ့ ထုထည်နဲ့ အကာအကွယ် ရှိရင် ဝင်ပုန်းပါ။ ပုန်းလို့ရမဲ့ နေရာတွေကို ကြိုတင်လေ့လာထားပါ။

၈။ အလုံပိတ်နေရာတွေ ဝင်မပုန်းရ။ ထွက်ပေါက်တစ်ခု ရှိပါစေ။ဒိုင်းတွေက ကျည်မကာနိုင်လို့ သေနတ်ပစ်ဖြိုခွင်းလျင် ဒိုင်းလွတ်ချပြီး ပြေးပါ။ မပြေးနိုင်တော့ဘူး ယူဆလျင် ဝမ်းလျားမှောက်ချပြီး နေပါ။

အခုနည်းလမ်းကို ကိုယ်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေအောင် တွေးဆ အသုံးပြုကြည့်ကြပါ။

သေနတ်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *