US အမေရိကန် နဲ့ တရုတ် CN တို့ အလက်စကာပြည်နယ် မှာ ဆွေးနွေး ပွဲ ….

Posted on

အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan တို့တက်ရောက်တယ်။

တရုတ်ဘက်က နိုင်ငံခြားရေးဝန်ကြီး Wang Yiနဲ့ နိုင်ငံခြားရေးကော်မစ်ရှင် ဒါရိုက်တာ Yang Jiechi တို့တက်ရောက်တယ်။

အမေရိကန်က Xinjiang ဒေသက Uyghur တွေအပေါ်တရုတ်ရဲ့လုပ်ရပ်တွေအပါအဝင် တကမ္ဘာလုံး မှာ တရုတ်ရဲ့လုပ်ရပ်တွေ နဲ့ပတ်သက်ပြီး အလွန်ကိုစိုးရိမ်နေကြောင်း ပြောတယ်။

ဟောင်ကောင်နဲ့ ထိုင်ဝမ်အပေါ်လုပ်ရပ်တွေ၊ အမေရိကန်ကိုဆိုက်ဘာ တိုက်ခိုက်မှုတွေ၊ မဟာမိတ်တွေကိုစီးပွားရေးအရအကျပ်ကိုင်တဲ့ လုပ်ရပ်တွေကို ပြောတယ်။

“ကျနော်တို့က ကျနော်တို့လူ၊ ကျနော်တို့ သူငယ်ချင်းတွေဘက်က အမြဲ ရပ်တည်တဲ့မူအတိုင်းသွားမယ်လို့ပြောတယ်။”

အစည်းအဝေးမှာသဘောတူညီထားတာက (၂) မိနစ်စာ မိန့်ခွန်းစကားပဲပြောရမယ်လို့ သဘောတူညီထားတာ။

တရုတ်ဘက်က Yang Yi က လန်ဘားကျောက်တံတား အရည်မရအဖတ်မရတွေကို (၁၅) မိနစ်ကြာ နတ်သံချီဇာတ်သံနှောပြီးပြောတယ်။

အမေရိကန်မှာ ဒီမိုကရေစီအရေး ပြဿနာတက်နေတာတဲ့၊

လူနည်းစုတွေကို အခွင့်အရေးမပေးဘူးတဲ့၊

တရုတ်ပြည်တွင်းရေးကိုဝင်စွက် ဖက်တာကို သည်းမခံဘူးလို့ ခြိမ်းခြောက်တယ်။

ဟောင်ကောင်၊ ထိုင်ဝမ်ကိစ္စက သူပိုင်တဲ့နေရာတဲ့ ဝင်မပါနဲ့တဲ့။

ဟွာဝေးပိုင်ရှင်သမီးကိစ္စနဲ့ ကနေဒါလူမျိုး နှစ်ယောက်ကို စပိုင်ဆိုပြီးဖမ်းထားတဲ့ကိစ္စကိုထည့်ပြောတယ်။

တရုတ်ကအမေရိကန်ကို စစ်အေးစစ်ပွဲစိတ်ဓာတ်ကိုစွန့်လွှတ်ဖို့နဲ့ သူသာတယ် ကိုယ်နာတယ်ဆိုတဲ့ အယူအဆတွေကို စွန့်လွှတ်တဲ့။

ကွန်မြူနစ်ကတော့ လေလုံးကြီးကြီးနဲ့ ဖိပြောတတ်တာသူ့အကျင့်ပဲ။

အမေရိကန်ဘက်ကတိုတယ်၊ ရှင်းတယ်၊ အမေရိကန်စတိုင် ပြောတယ်။

အမေရိကန်ဘက်ကတရုတ်ကို မြောက်ကိုရီးယားကိုနူကလီးယားစွန့်ဖို့ ဖျောင်းဖျစေချင်တယ်။

တိုတိုပဲပြောရရင် မြန်မာအကြောင်းတော့မပါဘူး။

ကျနော်လည်းပါမယ်လို့မမျှော်လင့်ခဲ့ဘူး။

ပါမယ်လို့ ပြောတဲ့သူတွေကပြောခဲ့တာကို အံ့ဩနေတာ။

အမေရိကန်ကလက်ပူးလက်ကြပ်ကိုင်မပြနိုင်တာကို ဘယ်တော့မှမပြောဘူး။

မြန်မာ့လက်ရှိအရေးမှာတရုတ်ကတိုက်ရိုက်ပတ်သက်နေပါတယ်လို့ လက်ပူးလက်ကြပ်မှချမပြနိုင်ပဲ ထည့်ပြောရင်သူကွဲသွားမှာပေါ့။

ဒါကရပ်ကွက်အတွင်းစကားပြောတဲ့အဆင့်မဟုတ်ဘူး။

ထိပ်သီးစည်းဝေးပွဲအဆင့်မို့ ဖိပြောစရာတွေကိုသာအဓိက ပြောသွားတယ်။

အမေရိကန်ကဘာမက်ဆေ့ပေးချင်တာလဲဆိုတော့ …

တရုတ်ကိုလုပ်ချင်တာလုပ်နေတာအမေရိကန်ကလွှတ်ထားမှာမဟုတ်ဘူးလို့ပြောချင်တာ။

နိုင်ငံတွေကိုစီးပွားရေးအရဝင်လွှမ်းမိုးချုပ်ကိုင်ပြီး အကျပ်ကိုင်ခြယ် လှယ်တာမျိုးမလုပ်ဖို့ သတိပေးတာ။

သဘောကငါတို့က မင်းတို့အပေါ်မှာမူဝါဒတင်းတင်းထားတယ်ဆိုတာ မျက်နှာချင်းဆိုင်ခေါ်ပြောတာ။

တရုတ်က ဘာပြောသလဲဆိုတော့ အခုဆွေးနွေးပွဲဟာ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတဲ့။

အမေရိကန်ကပယ်ချလိုက်တယ်။

သူ့ဟာသူပြောချင်တာတွေ တဖက်သက်လာပြောတဲ့ပွဲမို့လို့ ဆွေးနွေးပွဲတောင်မမည်ဘူး one-off session တဲ့။

အဓိကကအမေရိကန်က မျက်နှာချင်းဆိုင် လူခြင်းတွေ့ပြီး ပြောသင့်တာကိုပြောတယ်။

ညှိလို့ရမလားလို့ခေါ်စကားပြောတာ ဖြစ်ပါတယ်။

​အေမရိကန္က ညႇိမရရင္ဘာလုပ္မယ္ဆိုတာ မူဝါဒရွိၿပီးသားပါ။

ဆက်လက်စောင့်ကြည့်ရုံသာဖြစ်ပါတယ်။

ဘိုင်ဒင်အစိုးရဟာထရမ့်လိုလေသိပ်မများပဲ အက်ရှင်ပိုလုပ်တာတွေ့ရပါတယ်။

အစိုးရစတက်တာနဲ့ Quad ကိုတွန်းလုပ်တာ၊

အာရှဒေသကိုခရီးအရင်ထွက်ပြီး မဟာမိတ်ဖွဲ့တာတွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

Crd – Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *