TIK TOK ရိုက်ပြီး ကာ မှ ဘောင်းဘီ ဇစ်မဆွဲ မိ တဲ့ ရွှေအိမ်စည် (ရုပ်/သံ)

Posted on

နိုင်ငံခြားသူလေး တစ်ယောက် လို ညိုညက်ညက် အသားအရည် နဲ့ ရှည်လျားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင် ထားတဲ့ ရွှေအိမ်စည်က စွဲဆောင်မှုရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။ ရွှေအိမ်စည်က အလှမယ်ဘဝ ထဲက ပရိသတ်တွေ ရဲ့ ချစ်ခင်အ ားပေးမှုကို များစွာခံခဲ့ရပြီး အခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတဲ့ မင်းသမီးလေး တစ်လက် ဖြစ်လို့နေပါပြီ။ ရွှေအိမ်စည်ကလည်း ပရိသတ်တွေ အတွက် မရိုးနိုင်တဲ့ အနုပညာ လှုပ်ရှားမှုတွေကို ချပြဖို့ကြိုးစားနေလျက် ရှိပါတယ်။

ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင် တတ်သူလေး တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်က ဒီကနေ့မှာလည်း သူမရဲ့ ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို ပရိသတ်တွေကို မျှဝေထားပါတယ်။ ရွှေအိမ်စည်က “Tik tok လေးမိုက်တယ် ဆိုပီး တင်လိုက်တာ ဘောင်းဘီ zip ကို မရှိုးမိဘူး😂😂😁” ဆိုပြီး ဘောင်းဘီ Zip မဆွဲမိတဲ့ အကြောင်းလေးကို မျှဝေပြောပြ ထားတာပဲ ဖြစ်ပါတယ်။

ရွှေအိမ်စည်ရဲ့ အဖြစ် ကတော့ တကယ့်ကို ငိုအား ထက် ရယ်အားသန် ပါပဲ။ ရွှေအိမ်စည်သာ ပွင့်ပွင့်လင်းလင်းမပြောခဲ့ရင် ပရိသတ်ကြီးလည်း သတိထားမိကြမယ် မထင်ပါဘူး။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

photo and Video- Shwe Eain Si

unicode




Leave a Reply

Your email address will not be published.