Raggae စတိုင်လ်နဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ ဘဝကိုတော့ ပရိသတ်ကြီးအားလုံး ရင်းရင်းနှီးနှီး ရှိပြီး သားဖြစ်မှာပါ။ ဘဝကတော့ The Voice Myanmar Season (2) မှာ Knock Out Round မှာတင် အိမ်ပြန်နှုတ်ဆက်ခဲ့ရတာဖြစ်ပြီး ဒီနှစ်ပြန်လည်ယှဉ်ပြိုင်တဲ့ The Voice Myanmar Season (3) မှာတော့ Semi Final အဆင့်မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘဝကတော့ ဂီတကို ရူးသွပ်စွာ ဝါသနာပါသူဖြစ်ပြီး အပြင်မှာလည်း သီချင်းတွေ သီဆိုသလို The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း နှစ်နှစ် ဆက်တိုက် ယှဉ်ပြိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
ဘဝကတော့ Season (2) ရော Season (3) မှာပါ ကျားပေါက်ရဲ့ Team KP ကနေ ယှဉ်ပြိုင်ခဲ့သူမို့ သူ့ရဲ့ဂီတလမ်းကြောင်းအတွက် Team KP ကတော့ အမှတ်တရတွေအများကြီးရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်အတွက်လည်း ဘဝက The Voice Myanmar ကနေ နှစ်ခါတိတိနှုတ်ဆက်ထွက်ခွာလာရပေမယ့် Team KP အဖွဲ့သား တစ်ယောက်အနေနဲ့ သူ့ရဲ့ လည်ဂုတ် ပေါ်မှာ Team KP ဆိုပြီး သေရာပါတက်တူးထိုးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
ကျားပေါက်ကလည်း သူ့ရဲ့ အဖွဲ့ဝင်တစ်ယောက် အခုလို သေရာပါတက်တူးထိုးခဲ့တဲ့အတွက် မယုံကြည်နိုင် လောက်အောင် ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘဝတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမမှာ အောင်မြင်မှုတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။
crd
zawgyi
Raggae စတိုင္လ္နဲ႔ သီခ်င္းေတြကို သီဆိုတတ္တဲ့ ဘဝကိုေတာ့ ပရိသတ္ႀကီးအားလုံး ရင္းရင္းႏွီးႏွီး ရွိၿပီး သားျဖစ္မွာပါ။ ဘဝကေတာ့ The Voice Myanmar Season (2) မွာ Knock Out Round မွာတင္ အိမ္ျပန္ႏႈတ္ဆက္ခဲ့ရတာျဖစ္ၿပီး ဒီႏွစ္ျပန္လည္ယွဥ္ၿပိဳင္တဲ့ The Voice Myanmar Season (3) မွာေတာ့ Semi Final အဆင့္မွာ ႏႈတ္ဆက္ထြက္ခြာသြားခဲ့ရတာပဲ ျဖစ္ပါတယ္။ ဘဝကေတာ့ ဂီတကို ႐ူးသြပ္စြာ ဝါသနာပါသူျဖစ္ၿပီး အျပင္မွာလည္း သီခ်င္းေတြ သီဆိုသလို The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲမွာလည္း ႏွစ္ႏွစ္ ဆက္တိုက္ ယွဥ္ၿပိဳင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။
ဘဝကေတာ့ Season (2) ေရာ Season (3) မွာပါ က်ားေပါက္ရဲ႕ Team KP ကေန ယွဥ္ၿပိဳင္ခဲ့သူမို႔ သူ႔ရဲ႕ဂီတလမ္းေၾကာင္းအတြက္ Team KP ကေတာ့ အမွတ္တရေတြအမ်ားႀကီးရွိတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္အတြက္လည္း ဘဝက The Voice Myanmar ကေန ႏွစ္ခါတိတိႏႈတ္ဆက္ထြက္ခြာလာရေပမယ့္ Team KP အဖြဲ႕သား တစ္ေယာက္အေနနဲ႔ သူ႔ရဲ႕ လည္ဂုတ္ ေပၚမွာ Team KP ဆိုၿပီး ေသရာပါတက္တူးထိုးခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။
က်ားေပါက္ကလည္း သူ႔ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ အခုလို ေသရာပါတက္တူးထိုးခဲ့တဲ့အတြက္ မယုံၾကည္ႏိုင္ ေလာက္ေအာင္ ျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ဘဝတစ္ေယာက္ ေရွ႕ဆက္ေလွ်ာက္မယ့္ အႏုပညာလမ္းမမွာ ေအာင္ျမင္မႈေတြအမ်ားႀကီးရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။
crd