SOCIAL PUNISHMENT လုပ်နေကြတဲ့ အကြောင်း အရင်းများ အပေါ်တွင် သူမရဲ့ အမြင် ကို ပွင့်လင်း စွာပြောပြ လာခဲ့တဲ့ ခေးဆက်သွင်

Posted on

မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင် တစ်ချို့လည်းပြည်သူတွေ နဲ့အတူတစ်သားတည်း ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်….။ အခုလိုတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှ ာဆိုရင် ခေးဆက်သွင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေပြင်းထန်လာတာနဲ့အမျှ Social Punishmentဘက်ကိုလည်း ပြည်သူလူထုကအားစိုက်ပြီးလုပ်ဆောင်လာကြတာကို တွေ့ရပါတယ်နော်…..။ အခုလိုမျိုး Social Punishmentထိထိရောက်ရောက်လုပ်လာကြတဲ့အပေါ်မှာလည်း ခေးဆက်သွင်ဟာ သူမရဲ့အမြင်လေးကို Facebook စာမျက်နှာမှာရေးသားလာခဲ့ပါတယ်။

အာ့တာကတော့ “အိမ်က မွေးစားညီမလေးကမေးတယ် မမ တချို့ နာမည်ကြီးတွေ ကို လူတွေကဘာလို့ ဝိုင်းပယ်တာလဲဟင်တဲ့သူတို့ အခုနောက်ပိုင်းအလှူတွေလုပ်နေတယ်လေတဲ့သမီးရေ သမီးရှေ့မှာ ဘာအပြစ်မှမရှိတဲ့ကလေးကို လူတစ်ယောက်က သွားပုပ် လေလွင့်ပြောနေတယ် မတရားနှိပ်စက်နေတယ်မုဒိန်းကျင့်နေတယ် သတ်ဖြတ်နေတယ်ဆို သမီးဘာလုပ်မလဲလို့မေးတော့ အဲ့ဒီ့လူကို သမီးတို့ ပြန်လုပ်မှာပေါ့ ဝိုင်းရိုက်မှာပေါ့တား မှာပေါ့ ဆွဲမှာပေါ့တဲ့…….။ “အဲ့ဒီ့မတရားလုပ်နေတဲ့သူက မမဆိုရင်ရောလို့မေးတော့မလုပ်သင့်တာမလုပ်မိအောင်ပြောမှာပေါ့တဲ့မရဘူး

သမီး ..မမကိုပါ ဖြတ်ရိုက်သင့်ရင် ရိုက်ရမယ်ဆွဲသင့်ရင် ဆွဲရမယ် တခြားသူတွေကို လှမ်းခေါ်ပြီးအကူအညီတောင်းသင့်ရင် တောင်းရမယ် မမ မရပ်မချင်း သမီးနည်းမျိုးစုံနဲ့ ကြိုးစားရမယ် သမီးတစ်ယောက်တည်းပေါ်မှာပဲ မမကျေးဇူး က ရှိနေတာလေအပြစ်မဲ့တဲ့ကလေးက ဘာလို့ခံရမှာလဲအချိန်မှီ သမီး မတားရင် မဆွဲရင် အားလုံးသိအောင်အကူအညီမတောင်းရင် ဒီကလေးတင်မကဘူး နောက်နောင်ကလေးတွေပါ ဒုက္ခရောက်ကုန်မှာအဲ့လိုပဲ သမီးရဲ့ ပြည်သူတွေကလည်းမတရားတာခံရတဲ့ချိန်မှာအမှန်တရားဘက်ကထုတ်ဖော်ပြောကြားပေးတာကူညီစောင့်ရှောက်ပေ းတာကာကွယ်ပေးတာ တူတူလက်တွဲပြီးဆောင်ရွက်တာမျိုးဖြစ်စေချင်တာပေါ့… အဲ့လို မလုပ်တဲ့သူဆိုလူမိုက်အားပေးတဲ့သူနဲ့ တူတူပဲဟကျေးဇူးရှိတာ ကိုယ့်အကျိုးတွေဆုံးရှုံးမှာစိုးတာအရမ်းခင်တာ အရမ်းချစ်တာအမျိုးတွေဖြစ်နေတာနဲ့မတရားတာကို အချိန်မှီမကူညီဘဲလက်ပိုက်ကြည့်နေခဲ့ကြလို့ဟေ့ရှင်းပြီလား….” ဆိုပြီးရေးသားဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khay Sett Thwin’s Facebook acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *