SOCIAL PUNISHMENT လုပ်ခံရတဲ့ မောင် ရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေ ကို စိတ်မကောင်းစွာ ပြောပြလာတဲ့ ရီရီပွင့်ဖြူ

Posted on

ဇာတ်ကားတွေ အများအပြားရိုက်ကူးကာ ပရိသတ်တွေ ရဲ့ အသိ အမှတ်ပြု ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့ မောင်တစ်ဖြစ်လှည့် သရုပ်ဆောင်စိန်ဖြိုးလှိုင်ကတော့ အချိန်အတော်ကြာ ကြိုးစားခဲ့ရတဲ့ သူ့ရဲ့အိပ်မက်တွေကို လက်ရှိအခြေအနေတွေကြောင့် လက်လွှတ်ခဲ့ပါတယ်..။

Social Punishment လုပ်ခံရသလို Boycott လည်း လုပ်ခံ ရပေမယ့် ပြည်သူတွေ နဲ့အတူ ရပ်တည်နေတဲ့ စိန်ဖြိုးလှိုင်ရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ချစ်သူရီရီပွင့်ဖြူက စိတ်မကောင်းစွာ ပြောပြလာပါတယ်..။

စိန်ဖြိုးလှိုင်ကတော့ မာစတာဘွဲ့ယူဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့် လည်း လက်ရှိ အခြေအနေတွေမှာ ကျောင်းဆက်မတက်တော့ဘဲ သူ့ရဲ့အိပ်မက်တွေကို လက်လွှတ်အဆုံးရှုံးခံလိုက်တာပဲ ဖြစ်ပါတယ်..။

ရီရီပွင့်ဖြူကတော့ ဘယ်လိုဝေဖန်မှုတွေပဲ ရှိရှိ သူ့ရဲ့ ခံယူချက်နဲ့ ယုံကြည်မှု တွေ ပြတ်ပြတ် သားသားနဲ့ ရဲရဲဝင့်ဝင့်ချပြကာ ပြည်သူတွေနဲ့ ရပ်တည်နေတဲ့ ချစ်သူစိန်ဖြိုးလှိုင်အတွက် ဂုဏ်ယူလေးစားရင်း စိတ်မကောင်း ဖြစ်နေတဲ့အကြောင်းတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။

“စိန်ဖြိုးက သူရဲ့ မဟာဘွဲ့ယူဖို့ အိမ်မက်ကို စွန့်လွှတ်လိုက်တယ်..

​တော်​တော် ​ကြေကွဲရပါတယ်..😔😔😔

EMPA ဝင်ခွင့်က ဘယ်​လောက်ပါဖို့ ခဲရင်းလဲ ​ဖြေဖူးသူတွေသိပါတယ်.. ခု ကျမ်း​တောင် ​ရေးရခါနီး​နေမှကိုးး 😑😑

​ဒါ​ပေမယ့်လည်း လုပ်သင့်လုပ်ထိုက်တာ ကို​တော့ လုပ်ရမှာပါပဲ…

တချို့ကလည်း ဒီလိုလူကို Social Punishment ဆိုပြီးလုပ်တာလည်း ခံခဲ့ ရသလို Boycott ဆိုပြီးလည်း လုပ်ကြပါ​သေးတယ်…🙂

စိန်ဖြိုးက​တော့​ပြောပါတယ် သူတို့​ကြောင့် ကိုယ့်ခံယူချက်က​ပြောင်းသွားစရာ အ​ကြောင်း မရှိပါဘူးတဲ့…😕” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာပါ..။

ချစ်သူရဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ကို လေးစားသလို စိတ်မကောင်းလည်း ဖြစ်နေတဲ့ ရီရီပွင့်ဖြူနဲ့ အတူ ပရိသတ်တွေအားလုံးကလည်း စိန်ဖြိုးလှိုင်ကို အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Yi Yi Pwint Phyu’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *