Sedona မှာညစာသွားစားရင်း Live လွှင့်နေတုန်း သူမရဲ့မိတ်ကပ်ဆရာမနှစ်ယောက် ကို အပီအပြင်ဆေးထိုးပြီး အူတက်အောင်ရယ်နေရ တဲ့ သင်ဇာရဲ့ဗီဒီယို

Posted on

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဇာတ်ကားတွေနဲ့ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတဲ့အပြင် ပွဲအခမ်းအနားတွေကိုလည်း မနားတမ်းတက်ရောက်နေရတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ အချိန်အတော်ကြာအောင် ရပ်တည်အောင်မြင်လာခဲ့ပေမယ့် အခုချိန်အထိ ပရိသတ်တွေရဲ့စိတ်ဝင်တစားအားပေးခြင်းခံနေရဆဲ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က စကားပြောပွင့်လင်းသလို လွတ်လပ်တဲ့ပင်ကိုယ်စတိုင်လ်လေးနဲ့ပဲ နေထိုင်တတ်တာ ဖြစ်ပါတယ် ။

သင်ဇာဝင့်ကျော်က သူမရဲ့ခန္ဓာကိုယ်အလှကို အားကစားလုပ်ရင်း ထိန်းသိမ်းထားတာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လှလာတာပဲ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က ပျော်ပျော်နေတတ်တဲ့အပြင် အစအနောက်သန်သူလေးဖြစ်တာကြောင့်လည်း သူမရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေကို အမြဲတမ်းကျီစယ်လေ့ရှိတာ ဖြစ်ပါတယ် ။ အထူးသဖြင့် သင်ဇာဝင့်ကျော်က သူမရဲ့မိတ်ကပ်ဆရာမနှစ်ယောက်ကိုဆိုရင် အရမ်းချစ်ပြီး အရမ်းလည်းဆေးထိုးတတ်သေးတာ ဖြစ်ပါတယ် ။

မနေ့ညကတော့ သင်ဇာက အဆိုတော်စစ်သွေးတို့နဲ့အတူ မိတ်ဆွေတစ်ယောက်လိုက်ကျွေးတဲ့ Dinner ကို Sedona မှာသွားစားခဲ့ကြတာ ဖြစ်ပါတယ် ။ စားရင်းသောက်ရင်းနဲ့ Live လွှင့်ခဲ့တဲ့ သင်ဇာက သူမရဲ့မိတ်ကပ်ဆရာမတွေကို အခွီတွေပြောပြီး အပီအပြင်ဆေးထိုးနေတာလည်း ဖြစ်ပါတယ် ။ သင်ဇာရဲ့စကားကြောင့် အားလုံးလည်း ရယ်ရယ်မောမောနဲ့ ပျော်ခဲ့ရတာ ဖြစ်ပါတယ် ။ ကဲ မိတ်ကပ်ဆရာမနှစ်ယောက်ကိုဆေးထိုးရင်း အူတက်အောင်ရယ်နေရတဲ့ သင်ဇာဝင့်ကျော်တို့အဖွဲ့ရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thinzar Wint Kyaw’s FB Acc & Xit Thway’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *