R2P ဝင် ရောက် ရန် အချက် လေးချက်လုံး ပြည့် စုံ နေပြီ

Posted on

R2P ဝင်ရောက်ရန်အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်း ဖက်စစ် အုပ်စုက ကျူးလွန်နေ

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ R2P ဝင်ရောက် ဖို့ သတ်မှတ်ထားတဲ့ အချက် ၄ ချက်စလုံးနဲ့ အကျုံးဝင်နေတာကြောင့်

R2P ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေအမှတ် ၁၁ ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူသားမဆန်တဲ့အနေအထား ဖြစ်နေသလို နိုင်ငံတကာရဲ့ အကာအကွယ်ပေးရန်တာဝန်ရှိမှု R2P အရ

ဝင်ရောက်အရေးယူနိုင်တဲ့ သတ်မှတ်ချက် ၄ ခုစလုံးကို ကျူးလွန်နေတာကြောင့် R2Pနဲ့ ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီး ဘယ်အချိန်ဝင်မလဲဆိုတာကိုတော့ ပြောလို့မရနိုင်သေးဘူးလို့ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အစိုးရ တရပ်အနေနဲ့ လက်ရှိအချိန်အထိ အသိအမှတ်ပြုတာမရှိသလို

သံတမန်ရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်းနဲ့ ဖိအားပေးတာရှိ​နေပြီး ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအပေါ် ထိန်းသိမ်းတာတွေကြောင့် အများကြီး တိုးတက်မှုရှိတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီပြန်လည်ရရှိဖို့ကတော့ နိုင်ငံတကာရဲ့လုပ်ဆောင်မှုနဲ့ ဖိအားထက် ပြည်တွင်းက ပြည်သူတွေ ရဲ့လုပ်ဆောင်မှုအားက ပိုအရေးကြီးတယ်လို့ ဦးဘမျိုးသိန်းက သုံးသပ်ပါတယ်။

R2P ဝင်ရောက်ဖို့ ကုလသမဂ္ဂမှာ ဗီတိုအာဏာရထားတဲ့ တရုတ်နဲ့ရုရှားက ကန့်ကွက်နိုင်ပေမယ့် ဒီအချက်တွေကို ကျော်လွန်ပြီး လုပ်နိုင်မယ့်နည်းလမ်းတွေရှိတယ်လို့လည်း ပြောပါတယ် ။

R2Pလိုကြီးမားတဲ့နိုင်ငံတကာဖိအားရှိမှ ဒီမိုကရေစီပြန်လည်ရရှိဖို့ အမြန်ဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေအပေါ်

သံအမတ်ကြီးဦးကျော်မိုးထွန်း တို့လုပ်ဆောင်နေတဲ့ နိုင်ငံတကာတရားရုံးကို ရောက်ရှိရေးကိစ္စက လည်း အရေးကြီးတဲ့အချက်တခုလို့ ဦးဘမျိုးသိန်းက ပြောပါတယ်။

နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု ၄ မျိုး ကျူးလွန်နေတာကနေ မကာကွယ်ပေးနိုင်ရင်

R2P နဲ့ အကျုံးဝင်တယ် လို့သတ်မှတ်ထားတာပါ။

ရာဇဝတ်မှု ၄ မျိုးကတော့

လူမျိုးတုံး သတ်ဖြတ်မှု (Genocides)၊

စစ်ရာဇဝတ်မှု (War Crimes)၊

လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့

လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင် ရှင်းလင်း တဲ့ ရာဇဝတ်မှု (Ethnic Cleansing) ကျူးလွန်တာတို့ဖြစ်ပါတယ်။

DVB

Leave a Reply

Your email address will not be published. Required fields are marked *