R2P ဝင်ရောက် ရန် အကျုံးဝင် သည့် ရာဇဝတ်မှု (၄) မျိုးစလုံး အကြမ်း ဖက် စစ်အုပ်စုက ကျူးလွန်နေ

Posted on

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေဟာ R2P ဝင်ရောက် ဖို့ သတ်မှတ် ထားတဲ့ အချက် ၄ ချက်စလုံးနဲ့ အကျုံးဝင်နေတာကြောင့် R2P ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေအမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ လူသားမဆန်တဲ့ အနေအထား ဖြစ်နေသလို နိုင်ငံတကာရဲ့ အကာအကွယ်ပေးရန် တာဝန်ရှိမှု R2P အရ ဝင်ရောက်အရေးယူနိုင်တဲ့ သတ်မှတ်ချက် ၄ ခုစလုံးကို ကျူးလွန်နေတာကြောင့် R2Pနဲ့ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီး ဘယ်အချိန်ဝင်မလဲ ဆိုတာကိုတော့ ပြောလို့မရနိုင်သေးဘူးလို့ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို အစိုးရ တရပ်အနေနဲ့ လက်ရှိအချိန်အထိ အသိအမှတ်ပြုတာမရှိသလို သံတမန်ရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်းနဲ့ ဖိအားပေးတာရှိနေပြီး ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအပေါ် ထိန်းသိမ်းတာတွေ ကြောင့် အများကြီး တိုးတက်မှုရှိတယ်လို့ ပြောပါတယ်။ဒီမိုကရေစီပြန်လည်ရရှိဖို့ကတော့ နိုင်ငံတကာ ရဲ့လုပ်ဆောင်မှု နဲ့ ဖိအားထက် ပြည်တွင်းက ပြည်သူတွေရဲ့လုပ်ဆောင်မှုအားက ပိုအရေးကြီးတယ်လို့ ဦးဘမျိုးသိန်းက သုံးသပ်ပါတယ်။R2P ဝင်ရောက်ဖို့ ကုလသမဂ္ဂမှာ ဗီတိုအာဏာရထားတဲ့ တရုတ်နဲ့ရုရှားက ကန့်ကွက်နိုင်ပေမယ့် ဒီအချက်တွေကိုကျော်လွန်ပြီး လုပ်နိုင်မယ့်နည်းလမ်းတွေ ရှိတယ်လို့လည်း ပြောပါတယ် ။

R2Pလိုကြီးမားတဲ့နိုင်ငံတကာဖိအားရှိမှ ဒီမိုကရေစီပြန်လည်ရရှိဖို့ အမြန်ဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် သံအမတ်ကြီးဦးကျော်မိုးထွန်း တို့လုပ်ဆောင်နေတဲ့ နိုင်ငံတကာတရားရုံးကို ရောက်ရှိရေးကိစ္စက လည်း အရေးကြီးတဲ့ အချက်တခုလို့ ဦးဘမျိုးသိန်းက ပြောပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု ၄ မျိုး ကျူးလွန်နေတာကနေ မကာကွယ်ပေးနိုင်ရင် R2P နဲ့ အကျုံးဝင်တယ်လို့ သတ်မှတ်ထားတာပါ။ ရာဇဝတ်မှု ၄ မျိုးကတော့ လူမျိုးတုံး သတ်ဖြတ်မှု (Genocides)၊ စစ်ရာဇဝတ်မှု (War Crimes)၊ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင် ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) ကျူးလွန်တာတို့ဖြစ်ပါတယ်။

Dvb

zawgyi

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕အၾကမ္းဖက္လုပ္ရပ္ေတြဟာ R2P ဝင္ေရာက္ ဖို႔ သတ္မွတ္ ထားတဲ့ အခ်က္ ၄ ခ်က္စလုံးနဲ႔ အက်ဳံးဝင္ေနတာေၾကာင့္ R2P ဝင္ေရာက္ႏိုင္တယ္လို႔ ရန္ကုန္တိုင္း မဲဆႏၵနယ္ေျမအမွတ္ ၁၁ ရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘမ်ိဳးသိန္းက ေျပာပါတယ္။ အာဏာသိမ္းစစ္ေကာင္စီရဲ႕ အၾကမ္းဖက္ လုပ္ရပ္ေတြဟာ လူသားမဆန္တဲ့ အေနအထား ျဖစ္ေနသလို ႏိုင္ငံတကာရဲ႕ အကာအကြယ္ေပးရန္ တာဝန္ရွိမႈ R2P အရ ဝင္ေရာက္အေရးယူႏိုင္တဲ့ သတ္မွတ္ခ်က္ ၄ ခုစလုံးကို က်ဴးလြန္ေနတာေၾကာင့္ R2Pနဲ႔ဝင္ေရာက္ႏိုင္တဲ့အေနအထားရွိၿပီး ဘယ္အခ်ိန္ဝင္မလဲ ဆိုတာကိုေတာ့ ေျပာလို႔မရႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ အာဏာသိမ္း စစ္ေကာင္စီကို အစိုးရ တရပ္အေနနဲ႔ လက္ရွိအခ်ိန္အထိ အသိအမွတ္ျပဳတာမရွိသလို သံတမန္ေရးနည္းလမ္း၊ စီးပြားေရးနည္းလမ္းနဲ႔ ဖိအားေပးတာရွိေနၿပီး ပုဂၢိဳလ္ေရးပိုင္ဆိုင္မႈအေပၚ ထိန္းသိမ္းတာေတြ ေၾကာင့္ အမ်ားႀကီး တိုးတက္မႈရွိတယ္လို႔ ေျပာပါတယ္။ဒီမိုကေရစီျပန္လည္ရရွိဖို႔ကေတာ့ ႏိုင္ငံတကာ ရဲ႕လုပ္ေဆာင္မႈ နဲ႔ ဖိအားထက္ ျပည္တြင္းက ျပည္သူေတြရဲ႕လုပ္ေဆာင္မႈအားက ပိုအေရးႀကီးတယ္လို႔ ဦးဘမ်ိဳးသိန္းက သုံးသပ္ပါတယ္။R2P ဝင္ေရာက္ဖို႔ ကုလသမဂၢမွာ ဗီတိုအာဏာရထားတဲ့ တ႐ုတ္နဲ႔႐ုရွားက ကန႔္ကြက္ႏိုင္ေပမယ့္ ဒီအခ်က္ေတြကိုေက်ာ္လြန္ၿပီး လုပ္ႏိုင္မယ့္နည္းလမ္းေတြ ရွိတယ္လို႔လည္း ေျပာပါတယ္ ။

R2Pလိုႀကီးမားတဲ့ႏိုင္ငံတကာဖိအားရွိမွ ဒီမိုကေရစီျပန္လည္ရရွိဖို႔ အျမန္ဆုံး လုပ္ေဆာင္ႏိုင္မွာ ျဖစ္ၿပီး အာဏာသိမ္းစစ္ေကာင္စီ ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြအေပၚ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း တို႔လုပ္ေဆာင္ေနတဲ့ ႏိုင္ငံတကာတရား႐ုံးကို ေရာက္ရွိေရးကိစၥက လည္း အေရးႀကီးတဲ့ အခ်က္တခုလို႔ ဦးဘမ်ိဳးသိန္းက ေျပာပါတယ္။ ႏိုင္ငံတႏိုင္ငံမွာရွိတဲ့ ျပည္သူေတြကို ေအာက္ပါ ရာဇဝတ္မႈ ၄ မ်ိဳး က်ဴးလြန္ေနတာကေန မကာကြယ္ေပးႏိုင္ရင္ R2P နဲ႔ အက်ဳံးဝင္တယ္လို႔ သတ္မွတ္ထားတာပါ။ ရာဇဝတ္မႈ ၄ မ်ိဳးကေတာ့ လူမ်ိဳးတုံး သတ္ျဖတ္မႈ (Genocides)၊ စစ္ရာဇဝတ္မႈ (War Crimes)၊ လူသားမ်ိဳးႏြယ္ေတြ အေပၚ က်ဴးလြန္တဲ့ရာဇဝတ္မႈနဲ႔ လူမ်ိဳးစုတစု လူမ်ိဳးစုေပ်ာက္ကြယ္ေအာင္ သုတ္သင္ ရွင္းလင္းတဲ့ ရာဇဝတ္မႈ (Ethnic Cleansing) က်ဴးလြန္တာတို႔ျဖစ္ပါတယ္။

Dvb

Leave a Reply

Your email address will not be published.