R2P ထက် ပိုမို ကျယ်ပြန့် တဲ့ နည်းလမ်း ပေါင်းစုံ နဲ့ မြန်မာ့ အရေး ဖိအားပေးဖို့ ကုလသမဂ္ဂ မှာ ကြိုးပမ်း နေ-သံအမတ်ကြီး ဦးကျော်မိုးထွန်း

Posted on

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်နေမှုကြောင့် လက်နက်မဲ့ ပြည်သူတွေ နေ့စဉ် သေဆုံးနေတာကို အမြန်ဆုံး အကာအကွယ်ပေးရေး

ကုလသမဂ္ဂအနေနဲ့ ဘယ်နည်းလမ်းနဲ့ မဆို အသုံးပြုဖို့ သူ့အနေ နဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုစားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ရုံးရှေ့ သူ့ကို လာရောက် အားပေးထောက်ခံသူတွေကို တွေ့ဆုံစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိုအောင်မြတ်သူက ဆက်လက်ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စု နယူးရောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲမတိုင်ခင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆောင်ရွက်နေတာတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ အင်္ဂါနေ့က သံအမတ်ကြီးကို သံဃာတော်တွေအပါအဝင် မြန်မာနဲ့တိုင်းရင်းသားတွေ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်စုံမြန်မာနိုင်ငံ ကို ဖိအားပေးနိုင်ဖို့အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အခုလိုပြောသွားပါတယ်။

“ကနွောတြို့ကတော့ R2P ဆိုပှီးတော့ Terminology ကို အဲလိုမွိုး မသုံးဘူးပေါ့နောြ။ ကနွော့အြနနေဲ့ ဒီ Field မှာလုပနြတယေဆြိုတော့ ကနွောကြ Protection ဆိုပှီးတော့ပဲ သုံးတယပြေါေ့နာြ။ Protection ဆိုတာက ပိုကယွပြှန့တြာပေါ့နောြ ဘာဖှဈလို့လဲဆိုတော့ မွိုးစုံလာလို့ရတာပေါ့နောြ။ ခုနပှောတဲ့ Military နညြးပဲဖှဈဖှဈ ၊ Economically နညြးပဲဖှဈဖှဈ ၊ Diplomatically နညြးပဲဖှဈဖှဈ အဲလိုရှုထောင့တြှေ အကုနလြုံးက ။ ဘာဖှဈလို့လဲဆိုတော့ နိုငငြံတနိုငငြံရဲ့ ရပတြညခြကွတြှကေ မတူကှဘူးပေါ့နောြ သူတို့ Principle တှရှေိတယြ သူတို့ ပေါလြစီတှရှေိတယဆြိုတော့ အဲဒါကိုလညြး ကနွောတြို့က လဈလွူရှုလို့မရဘူး ။ ဒါပမယေ့ြ ကနွောတြို့ ပှညသြူတှေ သနတေေဲ့ဟာက အသတခြံနရတေဲ့ဟာကိုတော့ တားဖို့လိုတဲ့အတှကကြှောင့ြ အသံထှကအြောငတြော့ ကနွောတြို့ ဆကလြုပနြရပေါမယြ။”

သံအမတ်ကြီးကို တွေ့ဆုံအားပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် သံဃသမဂ္ဂ ဥက္ကဌ ဆရာတော် ဦးဣဿရိယက အခုလို မိန့်ကြားပါတယ်။

“သံအမတ်ကြီးက ဘုန်းဘုန်းကို လက်အုပ်ချီပြီးတော့ နှုတ်ဆက် ပါတယ်။ ဘုန်းဘုန်းကလည်း သံအမတ်ကြီး ကို နှုတ်ဆက်ပါတယ်။ ပြီးတော့မှ သံအမတ်ကြီး ကျန်းမာပါစေ ၊ သံအမတ်ကြီး မြန်မာနိုင်ငံအရေးကို ဆောင်ရွက်နိုင်ပါစေလို့ ဘုန်းကြီးက မေတ္တာပို့ပါတယ်။ သူကလည်း..ဆရာတော် ဘယ်ကလဲတဲ့ ၊ Up State ကပါလို့ ၊ New York ဘုန်းကြီးကျောင်းတွေ မရောက်သေးဘူးဗျာ သွားဖို့ အစီအစဉ်ရှိပါတယ်တဲ့။ မြန်မာနိုင်ငံအရေးကို တပည့်တော် အစွမ်းရှိသမျှ ထမ်းဆောင်ပါ့မယ်တဲ့။ အခုလို လာပြီး သူ့ကို တွေ့ကြတဲ့အတွက် ဝမ်းသာပါတယ်တဲ့။ မြန်မာနိုင်ငံအရေးကတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်မယ်ဆိုရင် အောင်မြင်ဖို့ နီးပါပြီလို့ သူက ပြောပါတယ်ပေါ့နော်။”

ဒါအပြင် ဝါရှင်တန်ဒီစီအခြေစိုက် Freedom, Justice, equality အဖွဲ့ က ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံပွဲနဲ့ မြန်မာ့အရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ ဆန္ဒပြပွဲလည်းပြုလုပ်ခဲ့ပါတယ်။

ဒီအတောအတွင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅)နိုင်ငံလုံးပါဝင်တဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener လည်း ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို အစီရင်ခံတင်ပြဖို့ရှိပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတော်တော် များများကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကောင်စီက ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့အတွက် လူအများအပြားသေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ပက်သက်ပြီး အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှနဲ့တရုတ်တို့ရဲ့ ထောက်ခံမှု လိုအပ်တာကြောင့် အစည်းအဝေး အပြီး လုံခြုံရေးကောင်စီအနေနဲ့ကြေညာချက်သစ်အပေါ် သဘောတူနိုင်မကြလားဆိုတာကတော့ မသဲကွဲပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း အမျိူးသမီးနဲ့ ကလေးငယ်တွေပါဝင်ကြတဲ့ ငြိမ်းချမ်း တဲ့ ဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြေရှင်းတာကို ပြင်းပြင်းထန်ထန် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီက ပထမအကြိမ်ကြေညာချက်ကို ထုတ်ပြန်ထားတာပါ။

ဒီ ကြေညာချက်ကိုလည်း ဗြိတိန်နိုင်ငံက ဦးဆောင် တင်သွင်းခဲ့တာဖြစ်ပြီး ကြေညာချက် ထဲမှာ အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးနဲ့နိုင်ငံတကာ ပိတ်ဆို့မှုဆိုတဲ့ စကားလုံးတွေ လုံခြုံရေးကောင်စီအနေနဲ့သဘောတူညီမှု မရရှိခဲ့ပါဘူး။ အဓိကအားဖြင့် ရုရှနဲ့တရုတ်တို့အပါအဝင် အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတွေက ဆန့်ကျင်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ အမျိူးသမီးနဲ့ကလေးငယ်တွေအပါအဝင် ပြီးခဲ့တဲ့ စနေနေ့တရက်ထဲ လူ ၁၀၇ ဦး အနည်းဆုံး အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

crd VOA Burmese News

Leave a Reply

Your email address will not be published. Required fields are marked *