R 2 P အ တွ က် ပြင် ဆင် ခြင်း

Posted on

GlobalR2P ရဲ့ အခန်း ကဏ္ဍ

မတ်လ ၁၅ ရက်နေ့မှာ globalr2p.org (GCR2P) က မြန်မာနိုင်ငံကို R2P Risk Red Zone ထဲထည့် လိုက် ပါတယ်။

ဘာတွေ ထူးခြားသွားမှာလဲ ….

GCR2P ဟာ iNGO အဖွဲ့အစည်း တစ်ခုပါ။

အဲ့ဒီအဖွဲ့ဟာ R2P အတွက်တွန်းအား ပေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

🇺🇳 ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ဖို့၊ မြန်မာနိုင်ငံကို R2P ဝင်နိုင်ဖို့ သူတို့လိုအဖွဲ့အစည်းရဲ့ တွန်းအားပေးမှုကအလွန်လိုအပ်ပါတယ်။

GCR2P က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မဖြစ်မနေလုပ်ရန် အောက်ပါအချက်တွေကိုတိုက်တွန်းထားပါတယ်။

▪️စစ်ကောင်စီကို တရားဝင်အစိုးရမဖြစ်သွားရန်အတွက် သံတမန်ရေးအရအသိအမှတ်လုံးဝမပြုဖို့။

(အခုအထိဘယ်နိုင်ငံကမှအသိအမှတ်မပြုဘူး။ တရုတ်နဲ့ရုရှားကတောင်အသိအမှတ်ပြုမထားဘူး)

▪️မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့်ပိတ်ပင်ဖို့၊

ထိပ်တန်းစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့၊

အာဆီယံလိုဒေသတွင်း အဖွဲ့အစည်းများကလည်း အရေးယူမှု တွေလုပ်ဖို့၊

နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာ့ စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ဖို့၊

▪️တာဝန်ရှိတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင် နဲ့ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှုကျူးလွန်မှု၊

စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတို့နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာတရားရင်ဆိုင်ရဖို့ တို့ကိုတောင်းဆိုတိုက်တွန်းထားပါတယ်။

GCR2P အနေနဲ့စစ်ရေးအရအရေးယူမှုတွေထက် အထက်ပါအချက်တွေကိုအရင်တောင်းဆိုရပါတယ်။

R2P ရဲ့လုပ်ငန်းစဉ်မှာကတည်းက စစ်ရေးကနောက်ဆုံးဖြစ်နေလို့ပါ။

အဓိကက စစ်ရေးပါလာရင်ပြည်သူလူထုနဲ့ငြိမ်းချမ်းရေးတပ်တွေ သေကြေဒဏ်ရာရမှာစိုးလို့ပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကအဓိကဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ R2P ဝင်ဖို့ အစည်းအဝေးထိုင်တိုင်းမှာ repudiation ငြင်းပယ်ခြင်းအမြဲလုပ်တတ်တဲ့ ကန့်လန့်နှစ်ကောင်က ရုရှားနဲ့တရုတ်ကိုယ်စားလှယ်ဖြစ်ပါတယ်။

ဒါကျနော်စွပ်စွဲတာမဟုတ်ဘူး။ wiki မှာသွားဖတ်ရင် အဲ့အတိုင်းတွေ့မှာဖြစ်ပါတယ်။

သူတို့က အမေရိကန်ဟာ အစိုးရအပြောင်းအလဲလုပ်ချ င်လို့ R2P ကို abuse လုပ်အသုံးချတယ်လို့ ဆီးရီးယားကိစ္စမှာအမြဲစွပ်စွဲပါတယ်။

ဒီနေရာမှာ Humanitarian intervention နဲ့ R2P နဲ့မတူတာကိုသိထားရမယ်။

R2P က စစ်ရေးကိုနောက်ဆုံးမှထားပြီးအခြားနည်းလမ်း မျိုးစုံနဲ့ ဝင်ရောက်ဖို့ကြိုးစားတာ။

Humanitarian intervention လူသားချင်း စာနာထောက်ထားမှုအရ စစ်ရေးဖြင့်ဝင်ရောက်စွက်ခြင်းကို လုပ်တတ်ကြတယ်။

ဥပမာ – NATO မဟာမိတ်တပ်တွေက ယူဂိုစလားဗီးယားမှာဝင်ဗုံးကြဲတာမျိုး။

NATO က no-fly zone သတ်မှတ်ပြီး စစ်တပ်လေယာဉ်တွေကို ပေးမပျံတာမျိုးလုပ်တတ်ပါတယ်။

အမေရိကန်က ဟေတီမှာအာဏာသိမ်းစစ်ကောင်စီကိုဖြုတ်ချဖို့ Operation Uphold Democracy 1994 နဲ့ စစ်ရေးအရဝင်ရောက်ခဲ့တာရှိတယ်။

2000 ခုနှစ် Sierra Leone ပြည်တွင်းစစ်မှာ ဗြိတိသျှ တပ်တွေကစစ်ရေးအရ ဝင်ရောက်ခဲ့တာတွေရှိတယ်။

အတိအကျစစ်ရေးအရဘယ်အချိန်ဝင် ရောက်စွက်ဖက်မလဲကပြောရခက်တယ်။

စစ်ရေးဝင်ရောက်စွက်ဖက်ရင်တော့ လုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက်ကိုတော့ ယူလေ့ရှိတယ်။

Rome Statue of ICC နဲ့ဘာကွာသလဲဆိုရင် Rome Statue 1998 မှာက – လူမျိုးတုန်းသတ်ဖြတ်မှု၊

လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှုကျူးလွန်မှု၊ စစ်ရာဇဝတ်မှု အပြင် crimes of aggression ပါတယ်။

Crime of aggression ဆိုတာ လူတစ်ဦးတစ်ယောက်က စစ်တပ်ကိုသုံးပြီး ရန်လိုမှုရန်စမှုကိုဆိုလိုတာ။ (လက်ရှိမြန်မာနိုင်ငံနဲ့ကွက်တိပဲ)

အခုနေ CRPH က Rome Statute ကိုဘာလို့လက်မှတ်မထိုးသေးတာလဲလို့ လာမေးကြလို့ဖြေရရင် သူကနိုင်ငံတကာမှာတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရတုန်းမို့လို့လို့မြင်တယ်။

👉 ဒါကြောင့် CRPH ရဲ့ ဦးဆောင်မှုနောက်ကိုတညီတညွတ်တည်းလိုက်ကြပါ။

CRPH ကိုဝိုင်းပံ့ပိုးကြပါ၊ အလှူငွေထည့်ကြပါလို့ ပြောနေတာပါ။

အရေးကြီးတာကိုပြောချင်တာက ကိုယ့်ဘက်က လူသားခြင်း မဆန်လောက်အောင် ရာဇဝတ်မှုကျူးလွန်တာတွေကိုရှောင်ရှားရမယ်။

နှစ်ဖက်စလုံးက ရာဇဝတ်မှုကျူးလွန်နေပါတယ်ဆိုရင် ပြည်ပကစစ်ရေးအရဝင်ရောက်စွက်ဖက်မှုကို ထောက်ပြစရာဖြစ်လာလိမ့်မယ်။

နောက်တစ်ခုက ပြည်တွင်းစစ်ဖြစ်ရင် ပြည်ပကဝင်လို့မရဘူးဆိုတဲ့ဂျင်း။

ဘယ်သူစလိုက်တဲ့ဂျင်းမှန်းမသိပါ။

ကျနော်မြင်ဖူးသမျှက ပြည်တွင်းစစ်ဖြစ်နေချိန်မှာ တစ်ဖက်ဖက်ကလူမဆန်အောင်စစ်ရာဇဝတ်မှုတွေကျူးလွန်လို့ ပြည်ပကဝင်ပါရတာချည်းပဲ။

မြန်မာပြည်ကို နဂိုကတည်းကပြည်တွင်းစစ်မီးမငြိမ်းသေးတဲ့နိုင်ငံအဖြစ်သတ်မှတ်ထားကြတယ်။

အခုမှတိုင်းရင်းသားဒေသကစစ်ပွဲမှာပြစ်မှုကျူးလွန်တဲ့ပုံစံတွေကို စစ်တပ်ကပြည်တွင်းကို ယူချလာလို့ ကျနော်တို့က ဒီစစ်ရာဇဝတ်မှုတွေကို မြင်ဖူးတာ။

R2P အကြောင်းပြန်ဆက်ရရင် R2P က ကိုဖီအာနန်က ၁၉၉၄ ခုနှစ် ရဝမ်ဒါလူသတ်ပွဲနဲ့ ၁၉၉၅ ယူဂိုဆလားဗီးယားက လူသတ်ပွဲတွေအတွင်း

နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အရေးယူရန်နှောင့်နှေးမှုကို ထောက်ပြပြီး R2P ဇာတ်လမ်းကိုစခဲ့တာပါ။

R2P မတိုင်ခင် ၁၉၈၈ အရေးအခင်းတုန်းက ကျနော်တို့က Humanitarian Intervention ကိုမျှော်လင့်ခဲ့ကြတာပါ။

Humanitarian Intervention ကို Sovereignty (အချုပ်အခြာအာဏာ) ကိုထိပါးမှုနဲ့ ထောက်ပြပြီးလက်မခံဘူးတွေလုပ်လာတော့ R2P ကို အဆိုပြုလာကြတာပါ။

နောက်ဆုံးပြောချင်တာကတော့ ပြီးခဲ့ တဲ့ တနင်္ဂနွေနေ့က လူတွေအသေအပျောက်များပြီးကတည်းက ကမ္ဘာမှာမြန်မာနိုင်ငံကိစ္စကထပ်ပြီးရေချိန်မြင့်လာတယ်။

စစ်အာဏာသိမ်းကောင်စီက ကုလသမဂ္ဂကဘာပြောပြော ရာဇဝတ်မှုတွေကိုဆက်လက်ကျူးလွန်နေအုန်းမှာပဲဆိုတဲ့ သရုပ်သကန်ကို ကမ္ဘာ့နိုင်ငံတွေကမြင်လာကြတယ်။

GCR2P က မတ်လ ၁၅ ရက်နေ့မှာ Red Zone ထဲကိုထည့်လိုက်ပြီးတော့ ကျနော်အထက်မှာပြောထားတဲ့ အချက်တွေကိုအရင်တောင်းဆိုထားပါတယ်။

ဒါဟာလက်ရှိမှာ GCR2P အနေနဲ့ R2P အတွက် သူတို့အကောင်းဆုံးလုပ်နိုင်တာလုပ်နေတာကိုတွေ့ရပါတယ်။

ယန်ဟီလီးရဲ့ SAC-M ကလည်း နိုင်ငံတကာကချက်ချင်းဝင်ရောက်စွက်ဖက်ဖို့ မတ်လ ၁၄ ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။

ကျနော်တို့ဘက်က ကိုယ့်ဟာကိုယ်ခုခံနိုင်ခွင့်နဲ့ အကြမ်းဖက်ခြင်းကိုမရောထွေးကြဖို့ သတိထားကြပါ။

ဥပမာ – ရဲစခန်းကိုကျောက်ခဲနဲ့ သွားပစ်တာမျိုး၊ ရဲစခန်းကိုမီးရှို့မယ်လုပ်တာမျိုးက မလုပ်သင့်တဲ့ကိစ္စပါ။ ဒါဟာ ခုခံကာကွယ်မှုမဟုတ်ပါဘူး။

ဒါပေမယ့်ကိုယ့်ရပ်ကွက်ထဲကို ရဲကကျူးကျော်ရန် စပြီး မြင်မြင်ရာလိုက်ပစ်နေရင် အားလုံးရရာလက်နက်စွဲကိုင်ပြီးဝိုင်းခုခံခြင်းဟာတရားဝင်ပါတယ်။

ဒါမျိုးကမဖြစ်မနေလုပ်ရမယ့်ကိစ္စပါ။

ကမ္ဘာ့နိုင်ငံတွေအကြားမှာ မြန်မာပြည်မှာလူသေဆုံးမှုတွေများပြားလာခြင်းဟာ alarming state ကိုရောက်ရှိလာနေပါပြီ။

ဘယ်အချိန်ဘယ်လိုအရေးယူမှုတွေလုပ်မလဲက အတိအကျပြောလို့မရပါ။

အခုအချိန်မှာကျနော်တို့အတွက် သူတို့စစ်ရေးအရအရေးယူခဲ့သော်ဆိုတာကိုတွေးပြီးကြိုတင်ပြင်ဆင်သင့်ပါပြီ။

ရပ်ကွက်တိုင်းက ကိုယ့်ရပ်ကွက်အစော်ကားမခံရအောင် အသေအချာညှိနှိုင်းတိုင်ပင်ခြင်း၊ လုံခြုံရေးအရေးပေါ်အခြေအနေများအတွက်လေ့ကျင့်ခြင်းများ၊

ကာကွယ်ရေးအစီအမံများတိုးမြှင့်ချထားခြင်းများပြုလုပ်သင့်နေပါပြီ။

အရေးပေါ်အခြေအနေမှာ သူ့အိမ်ထိရင်ငါမီးမှိတ်ပြီး အသံတိတ်နေမယ် ဆိုတာမျိုး လုံးဝမလုပ်သင့်တော့ပါ။ ❌

Urban Warfare မွာ ခုခံသူဘက္ကသာစၿမဲပါ။

အရေးကြီးတာက လူတိုင်းက R2P ကိုမိမိတို့တာဝန်လို့ခံယူပြီး ကိုယ့်ရပ်ကွက်ကိုကိုယ်ညီညီညာညာမဖြစ်မနေကာကွယ်ဖို့လိုပါတယ်။

ရပ်ကွက်ကညံ့လို့ခံလိုက်ရတယ်ဆိုတာမျိုးမဖြစ်သင့်တော့ပါ။

Responsibility to Protect (ကိုယ့်ကိုယ်ကိုကာကွယ်ဖို့တာဝန်ရှိခြင်း) R2P ကို ကိုယ်ကစမှရပါတော့မယ်။

ကိုယ့်ရပ်ကွက်ကိုမှကိုယ် R2P မလုပ်ပဲ သူများကို R2P မဝင်လို့အပြစ်တင်နေလို့မရပါ။

လူငယ်တွေကိုမှာချင်တာက မရဘူးချမယ်ဆိုတာမျိုးကို ရရာလက်နက်နဲ့တွေ့ရာနေရာမှာချမယ်ဆိုတာမျိုးမလုပ်ပါနဲ့။

ကိုယ့်ရပ်ကွက်ကိုထိလာလို့ချရတာမျိုးမှတန်တာပါ။

ရပ်ကွက်တိုင်းမှာကင်းထောက်အစီအမံတွေဖွဲ့ပါ။

တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက်ချိတ်ဆက်ပါ။

ရက်ကွက်တိုင်းညီလာရင် မြို့ကြီးတစ်ခုလုံးညီလာမယ်။

မြို့တိုင်းမြို့တိုင်းညီလာရင် တနိုင်ငံလုံးညီလာမယ်။

အဲ့ဒါမှ Responsibility to Protect R2P က တကယ်အသက်ဝင်လာပါမယ်။

ကိုယ်တွေညီရင်ပြည်ပကလည်း ဝင်ကူလို့လွယ်ပါပြီ။

ဒါ့ကြောင့် ကိုယ့်ရပ်ကွက်ကိုယ်ကာကွယ်ရေး R2P အစီအမံများကိုအမြန်ဆုံးစနစ်တကျစတင်ဆောင်ရွက်ကြပါစို့။

CRD_Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *