PPE ဝတ်စုံကို သင်္ကန်းအပေါ် မှာ ဝတ်ကာ ပြည်သူတွေ ကို ကူညီ ပေးရင်း ပျံလွန် တော်မူ ခဲ့ရတဲ့ ဦးဇင်းသုဇန

Posted on

မင်္ဂလာပါ ခင်ဗျာ ဒီတစ်ခေါက်မှာတော့ ဝမ်းနည်းစရာ သတင်းလေးပါ။ လူ သား တွေ ဒု က္ခ နွံနစ်နေတာကို ဒီအတိုင်း မကြည့်ရက်လို့ ကိုယ်တိုင် P P E ဝတ်စုံဝတ်ဆင်ကာ ကူညီ ပေးနေတဲ့ ဦးဇင်း သုဇန ကွယ်လွန် တော် မူသွားခဲ့တဲ့ အကြောင်းလေးပါ။ ယခင်ရက်တွေတုန်းကရော လတ်တလော အခြေနေမှာရောအားလုံးက ကူး စက် ခံရနှုန်း က တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာခဲ့ပါတယ်။ တချို့ကတော့ negative ပြကာ သက်သာ ပျောက်ကင်းသွားကြပေမယ့်အမ်ားစုကေတာ့ positive ပြပြီး ကျန်ရှိနေတုန်းပါပဲ။

အများစုရဲ့ အဓိက ပြဿနာက အောက်. စီ. ဂျင်. ထိုးကျပြီး အောက်. စီ. ဂျင်. မရှုရ လို့ သေဆုံးသွားကြတာကပိုများပြားပါတယ်။ လူငယ်တွေရော ပရဟိတ အသင်းတွေရောက တတ်နိုင်သလောက် ကူညီပေးနေကြပေမယ့် လူအင်အားက လိုအပ်နေကြပါသေးတယ်။

တစ်နေ့ထက် တစ်နေ့ လူနာတွေ လည်း များပြားလာကာ ပရဟိတ အသင်းတွေကလည်း မနိုင်တော့တာကြောင့် ဘုရားသားတော် တစ်ပါးဖြစ်တဲ့ ဦးဇင်း သုဇန ကဒီအတိုင်း မကြည့်ရက်လို့တော့ ကိုယ်တိုင် P P E ဝတ်စုံကို ဝတ်ဆင်ကာ အစကနေအဆုံးထိ လိုက္လံ ကူညီပြီး ပရဟိတေတြ လုပ်ပေးခဲ့ပါတယ်။

ဘုန်းဘုန်းက လူသားတွေအပေါ်မှာ သနား ဂရုဏာထားကာ စေတနာအပြည့်နဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ ဦးဇင်းရဲ့ ပုံရိပ်လေးတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာကာဦးဇင်းရဲ့ စိတ်ဓာတ်ကို လူအများက လေးစားကြပြီး ကြည်ညိုခဲ့ကြပါတယ်။ နောက်ပြီး ဦးဇင်း ကျန်းမာရေးလည်း မထိခိုက်ဖို့ ပြည်သူတွေက အျမဲ ဆုတောင်း

မေတ္တာပို့ပေးခဲ့ကြပါတယ်။ နေ့တိုင်း ဆိုသလို ဒီကူး စက် လူနာတွေကို ထိတွေ့နေရတာကြောင့် ဦးဇင်းလည်း င ဗစ် ကူးစက်ခြင်းကို ခံခဲ့ရကာ ပ်ံ လွန် တော် မူ သွားခဲ့ပါတယ်။ဒီသတင်းလေးဟာ ပြည်သူတွေကို အရမ်းကိုမှ ဝမ်းနည်းစေခဲ့ပါတယ်။ အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပြီး ဘုရားသားတော် ဖြစ်ပြီး နောက်ဆုံးအချိန်မှာလည်း

အားလုံးကို ကူညီ ဆောင်ရွက်ပေးခဲ့တာမို့ ကောင်းရာ ဘုံဘဝ ရောက်ရှိဖို့ကို ဆုမတောင်းပေးရင်တောင် ပြည့်မယ်ဆိုတာ သိကြပေမယ့်လည်း ရင်ထဲအရမ်းမကောင်းကြလို့ဦးဇင်းကို ကောင်းမွန်ရာ ဘုံဘဝ ရောက်ရှိဖို့ ဆုတောင်းပေးနေကြပါတယ်။ သာသနာအကျိုးကိုလည်း သယ်ပိုးပြီး လူသားတွေရဲ့ အကျိုးကိုပါ သယ်ပိုး ပေးခဲ့တဲ့

ဦးဇင်း သုဇန ကောင်းရာ ဘုံဘဝရောက်ရှိ ပါစေဗျာ။ အမြဲတမ်း ကြည်ညို လေးစားသွားမှာပါ။ ဦးဇင်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးထံ မွ်ဝေ ပေးလိုက်ပါတယ်ခင်ဗျာ။စာဖတ်သူ တစ်ဦး တစ်ယောက် ချင်းစီကို ကျေးဇူး အထူး တင်ရှိပါတယ်ခင်ဗျာ။ မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *