Myanmar Countdown 2021 ပွဲအတွက် အက တိုက်ပြီးပြီ ဖြစ် လို့ 31 ရက်နေ့ ည MRTV-4 Channel ကနေ စောင့်ကြည့်အားပေးဖို့ ပြောပြလာတဲ့ အိမ့်ချစ်

Posted on

ပရိသတ်အချစ်တော် နိုင်ငံကျော်တေးသံရှင် အိမ့်ချစ် ကတော့ အသံပါဝါ အားကောင်းကောင်းနဲ့ သီချင်းတွေ သီဆို ဖန်တီးပြီး ပရိသတ်တွေရဲ့ ရင်ထဲ ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ ဝါရင့်တေးသံရှင်တစ်ဦး ဖြစ်တဲ့ အဆိုတော်ကြီး ချစ်ကောင်း ရဲ့ သမီး တစ်ဦးဖြစ်ပြီး ဖခင်ရဲ့ လမ်းညွှန်အောက်မှာ ကြီးပြင်းလာပြီး အခုဆို အနုပညာ အလုပ်တွေ ကို လုပ်ကိုင်ရင်း ဘဝခရီးလမ်းကို ဆက်လျှောက်နေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ အသံပါဝါအား ကောင်းမှုကတော့ ပြည်တွင်း တွင်သာ မက ပြည်ပထိ နိုင်ငံ ကိုယ်စားပြု သွားရောက် ယှဥ်ပြိင်ခဲ့ပြီး ဆုတွေကိုရယူပေး ခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမပေါ် ကြင်နာယုယပြီး ဂရုဆိုက်တဲ့ ခင်ပွန်းသယ်နဲ့ အိမ်ထောင် ပြုခဲ့ပြီး သာယာတဲ့ ဘဝလေးကို တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အမိုက်စား ဖက်ရှင်တွေဝတ်ပြီး ချပြကာပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း အကြိမ်ကြိမ်အခါအခါ ပြန်ကြည့်ချင် ရလောက်အောင် အမိုက်စား ဖက်ရှင်ကြီး ဝတ်ကာ နေကာမျက်မှန် တပ်ပြီး အရမ်းကို ဂေါ်နေတဲ့ ပုံလေးတွေကို “Telenor Myanmar Countdown 2021 ပွဲအတွက်အကတိုက်ပြီးပြီ 31ရက်နေ့ည MRTV-4 Channel ကနေစောင့်ကြည့်အားပေးပါနော် ” လို့ခေါင်းစဥ်လေးတပ်ကာ မျှဝေလာတာကို ပရိသတ်ကြီးတို့အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။

Photo Crd – TwoNine Photography

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *