ပရိသတ်ကြီးရေ…….မင်းသမီးချောလေး နန်းခင်ဇေယျာ ကတော့ Miss Internationalတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိပြီး အောင်မြင်လာခဲ့သူလေးဖြစ်ပါတယ်။ သွယ်လျလှပတဲ့ ကိုယ်လုံးသေးသေးလေးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကြောင့် ပုရိသတွေ ရဲ့ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်တဲ့သူလေး တစ်ယောက်ပါနော်။ နန်းခင် ဟာ ရုပ်ရှင်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးနေရတဲ့သူလေးဖြစ်ပြီး အောင်မြင်မှုရရှိထားတဲ့မင်းသမီးတစ်ယောက် ဆိုလည်း မှားမယ်မထင်ပါဘူးနော်။
နန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေအပြင် အချက်အပြုတ် ပိုင်းမှာလည်း ထူးချွန်တာကြောင့် “Nang-Just A Taste” ဆိုတဲ့ နာမည်နဲ့ ပင်လယ်စာဗန်း၊ အထောင်းဗန်း၊ အသုပ်စုံ၊ မာလာရှမ်းကော၊ အချဉ်ပေါင်းတို့ကို ရောင်းချပေးနေတာလည် းဖြစ်ပါတယ်။ အနုပညာအလုပ်တွေမှာ အောင်မြင်ရုံသာမကစီးပွားရေးဘက်မှာပါ အောင်မြင်နေတဲ့သူလေး ဖြစ်တဲ့အပြင် Missတစ်ယောက်လည်းဖြစ်တာကြောင့် သူမရဲ့ ဘော်ဒီအမိုက်စားလေးအတွက်လည်း workoutတွေအမြဲလုပ်လေ့ရှိသူပါ။
နန်းခင်ဟာ Tik Tokလေးတွေ ခဏခဏရိုက်တင်ပေးတတ် တဲ့သူလေး ဖြစ်တာကြောင့် အခုဆိုရင်လည်း သူမရဲ့ Tik Tok accလေးမှာ ဝိုင်းစုခိုင်သိန်းသီချင်းလေးနဲ့ moodအပြည့်ထည့်ကာ အဆွေးပုံစံလေးနဲ့ရိုက်ထားတဲ့ ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်ကြီ းအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo credit-Nang Khin Zayar’s Facebook page