MISS UNIVERSE NATIONAL COSTUME COMPETITION မှာ မြန်မာ့ အလံ ကိုင်ကာ တစ်နိုင်ငံ လုံး ကိုယ်စား အော်ဟစ်ပြီး အားပေးမယ် ဆိုတဲ့ ဥက္ကာမင်းမောင်

Posted on

Miss တစ်ယောက်ဖြစ်ဖို့ဆိုတာတကယ်ကို မလွယ်ပါဘူး။ နိုင်ငံကိုယ်စားပြု Miss ဖြစ်ဖို့တောင် အတော်လေး ကြိုးစားရသလို တစ်ကမ္ဘာလုံးရဲ့ Miss ဖြစ်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ပါဘူး။ လက်ရှိ မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အများကြီး Speak Out လုပ်ပေးသလို ကိုယ်တိုင်လည်း တက်တက်ကြွကြွပါဝင်နေသူ တစ်ယောက်ပါ။ Miss တစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းတွေ အပြည့်အဝ ရှိနေသူမို့ နိုင်ငံတကာ Miss တွေကြားထဲမှာ မျက်နှာပန်းလှသူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။

နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံး ကလည်း ခြိမ့်ခြိမ့်သဲသဲ အားပေး နေကြပါတယ်။ အမဖြစ်သူ မေဟာလည်း ထူးချွန်တဲ့ညီမလေးကို အပြည့်အဝ ပံ့ပိုးပေးပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ဖို့အတွက် အားပေးနေခဲ့ပါတယ်။ မြန်မာအလှမယ် သူဇာဝင့်လွင် ဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာအဆင့် အလှမယ်ပွဲတွေကို အကြိုခန့်မှန်းပေးလေ့ရှိတဲ့ Siera Bearchell ရဲ့ အကြိုခန့်မှန်း Top 21 list မှာ နံပါတ် (၁၉) နေရာက ” She has special story, She is gorgeous ” ဆိုပြီး ဖော်ပြခြင်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာကျင်းပတဲ့ပွဲဖြစ်တာမို့ အမေရိကန်ရောက်မြန်မာတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ ကိုယ့်နိုင်ငံကအလှမယ်လေးကို မြန်မာအလံကိုင်ပြီး အားပေးမယ့်အကြောင်း ” မြန်မာအလံလေးရပြီ.. Miss Universe National Costume Competition ကျရင် အသားကုန်အော်ပြီလေ ကိုယ့်မြန်မာ အင်အားကနည်းတယ်ဆိုတော့ တတိုင်းပြည်လုံး ကိုယ်စား အသံကုန်ဟစ်အားပေးမယ် Chrissy A Hla ရေလိပ်ခေါင်းထွက်အောင်အော်ပါ နော်လို့.. ကိုယ့်မြန်မာမလေး ကို ဟဟဟ ” ဆိုပြီး အရွှန်းဖောက်ကာ ရေးသားခဲ့ပါတယ်။ စိတ်ဖိစီးမှုတွေကြားက အများကြီးကြိုးစားနေတဲ့ Candy ကို ပရိသတ်တွေကလည်း စိတ်ခွန်အားပေးတဲ့ စကားတွေပြောခဲ့ကြပါတယ်။

Photo Credit – Ye Htoo Win’s FB Acc

zawgyi

Miss တစ္ေယာက္ျဖစ္ဖို႔ဆိုတာတကယ္ကို မလြယ္ပါဘူး။ ႏိုင္ငံကိုယ္စားျပဳ Miss ျဖစ္ဖို႔ေတာင္ အေတာ္ေလး ႀကိဳးစားရသလို တစ္ကမာၻလုံးရဲ႕ Miss ျဖစ္ဖို႔ဆိုတာ ပိုလို႔ေတာင္မလြယ္ပါဘူး။ လက္ရွိ ျမန္မာကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ေနတဲ့ အလွမယ္ သူဇာဝင့္လြင္ဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အမ်ားႀကီး Speak Out လုပ္ေပးသလို ကိုယ္တိုင္လည္း တက္တက္ႂကြႂကြပါဝင္ေနသူ တစ္ေယာက္ပါ။ Miss တစ္ေယာက္မွာရွိသင့္တဲ့အရည္အခ်င္းေတြ အျပည့္အဝ ရွိေနသူမို႔ ႏိုင္ငံတကာ Miss ေတြၾကားထဲမွာ မ်က္ႏွာပန္းလွသူတစ္ေယာက္ျဖစ္ေနခဲ့ပါတယ္။

ႏိုင္ငံကိုယ္စားျပဳအလွမယ္တစ္ေယာက္ျဖစ္တာေၾကာင့္ တစ္ႏိုင္ငံလုံး ကလည္း ၿခိမ့္ၿခိမ့္သဲသဲ အားေပး ေနၾကပါတယ္။ အမျဖစ္သူ ေမဟာလည္း ထူးခြၽန္တဲ့ညီမေလးကို အျပည့္အဝ ပံ့ပိုးေပးၿပီး ႏိုင္ငံ့ဂုဏ္ကို ေဆာင္ႏိုင္ဖို႔အတြက္ အားေပးေနခဲ့ပါတယ္။ ျမန္မာအလွမယ္ သူဇာဝင့္လြင္ ဟာ ႏွစ္စဥ္ႏွစ္တိုင္း ကမာၻအဆင့္ အလွမယ္ပြဲေတြကို အႀကိဳခန႔္မွန္းေပးေလ့ရွိတဲ့ Siera Bearchell ရဲ႕ အႀကိဳခန႔္မွန္း Top 21 list မွာ နံပါတ္ (၁၉) ေနရာက ” She has special story, She is gorgeous ” ဆိုၿပီး ေဖာ္ျပျခင္းခံခဲ့ရပါတယ္။

အေမရိကန္ႏိုင္ငံမွာက်င္းပတဲ့ပြဲျဖစ္တာမို႔ အေမရိကန္ေရာက္ျမန္မာတစ္ေယာက္ျဖစ္တဲ့ ဥကၠာမင္းေမာင္ဟာ ကိုယ့္ႏိုင္ငံကအလွမယ္ေလးကို ျမန္မာအလံကိုင္ၿပီး အားေပးမယ့္အေၾကာင္း ” ျမန္မာအလံေလးရၿပီ.. Miss Universe National Costume Competition က်ရင္ အသားကုန္ေအာ္ၿပီေလ ကိုယ့္ျမန္မာ အင္အားကနည္းတယ္ဆိုေတာ့ တတိုင္းျပည္လုံး ကိုယ္စား အသံကုန္ဟစ္အားေပးမယ္ Chrissy A Hla ေရလိပ္ေခါင္းထြက္ေအာင္ေအာ္ပါ ေနာ္လို႔.. ကိုယ့္ျမန္မာမေလး ကို ဟဟဟ ” ဆိုၿပီး အ႐ႊန္းေဖာက္ကာ ေရးသားခဲ့ပါတယ္။ စိတ္ဖိစီးမႈေတြၾကားက အမ်ားႀကီးႀကိဳးစားေနတဲ့ Candy ကို ပရိသတ္ေတြကလည္း စိတ္ခြန္အားေပးတဲ့ စကားေတြေျပာခဲ့ၾကပါတယ္။

Photo Credit – Ye Htoo Win’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *