MISS GRAND INTERNATIONAL စင် မြင့် ထက် ကနေ မြန်မာ့ အရေး ကို ကမ္ဘာက သိ အောင် ပြေ ာပြ ပေးခဲ့သူ အလှမယ် ဟန်လေး

Posted on

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ မနေ့က မတ်လ ၂၇ ရက်နေ့မှာ ထိုင်းနိုင်ငံ မှာ ကျင်းပ ပြု လုပ်တဲ့ Miss Grand International ပွဲစဉ် ကြီး မှာ မြန်မာ ကိုယ်စားပြု အလှမယ် ဟန်လေးကတော့ မြန်မာ့ အရေး ကမ္ဘာက သိအောင် ချပြ ခဲ့ပါတယ်။မနေ့က မတ်လ ၂၇ ရက် နေ့ မှာ မြန် မာ ပြည်သူ တစ်ရပ်လုံး ရင်ထဲ တွေကွဲ ကြေ ရတဲ့ နေ့တစ်နေ့လို ဆိုရ ပါမယ်။ တစ်နိုင်ငံလုံး အတိုင်းအ တာ နဲ့ မြန်မာ ပြည်သူ တွေ အာ ဏာ ရှင် စနစ်ကို တော်လှန်ရင်း ၁၀၀ကျော် အသက် တွေ စတေး ခံခဲ့ ရပါတယ်။

အလှမယ် ဟန်လေးဟာ Miss Grand International Final ပွဲစဉ်မှာ Top 20 အထိ တက် ရောက် ခဲ့ပြီး ပြိုင်ပွဲ ဝင် တဲ့ ကာလ တစ် လျှောက် လုံး မြန်မာ့ အရေးကို ကမ္ဘာက သိအောင် ဆက်တိုက် ဆိုသလို ကြိုးစား နေခဲ့တာပါ။မနေ့က ထိုင်းနိုင်ငံ မှာ ကျင်းပ ပြုလုပ် တဲ့ Final ပွဲစဉ် မှာ ဆိုရင်တော့ Special Round တစ်ခုအနေနဲ့ မြန်မာ့ နိုင်ငံ ရေးကိစ္စ များကို ထည့် သွင်း ဖော်ပြ ခဲ့ပြီး ဟန်လေး ကတော့ ထိရောက်စွာSpeak out လုပ်နိုင်ခဲ့ပါတယ်

Miss တစ်ယောက် အနေနဲ့ ပြုံးရယ် နေနိုင်ရမယ် ဆိုပေမဲ့လဲ သူမရင် ထဲ ငိုကြွေးမှု တွေနဲ့ အတူ မျက်ရည် များစွာဖြင့် မြန်မာ့ အရေးကို ထိ ရောက်စွာ ပြောဆို နိုင်ခဲ့ပါတယ်။မြန်မာ နိုင်ငံရေး အ‌ခြေအနေအရ နိုင်ငံတကာ ရဲ့ အကူအညီ လိုအပ် နေကြောင်း၊ မြန်မာ နိုင်ငံသား တွေ တစ်ရက်တည်းမှ ၁၀၀ကျော် သ တ် ဖြတ် ခံ ခဲ့ ရကြောင်းတွေ ကို ထိရောက်စွာ Speak out လုပ်ပေးနိုင်ခဲ့ပါတယ်။ပွဲစဉ် အပြီး သ တ င်း ထောက်ရဲ့ မေးမြန်းချက်တွေမှာ “ဒီမှာဘယ် လောက် ဆက် နေရဦး မလဲ မသိ ဘူးတဲ့၊ လုံခြုံရေး အတွက်ကတော့ စိတ် မပူ ပါဘူး၊ မြန်မာ နိုင်ငံ အတွက် ပဲ ပိုစိတ်ပူ ပါတယ်။

ဒီလောက် အာဏာရှင် အကြောင်း ပြောထား တာ ပြန်ရင် တော့လုံခြုံမှု က မရှိနိုင် ဘူး၊ ဒါပေမယ့် သူဒီလို နိုင်ငံတကာ စင်မြင့်ထက်မှာ မြန် မာ နိုင်ငံ အခြေနေ ကို ချပြခွင့် ရတာပဲ ဂုဏ်ယူနေပါပြီ။မိသားစုနဲ့ အဆက် အသွယ် ရလား ဆိုတော့ မရဘူးတဲ့ WiFi ပဲရှိတယ်တဲ့။ ဒီမှာ နေ ဖို့ ပိုက် ဆံ ရှိလား ဆိုတော့ မရှိဘူးတဲ့။” ဆိုပြီး ဖြေကြား ခဲ့ပါသေးတယ်။ကိုယ့်မြန်မာ နိုင်ငံ အကြောင်းကို မြန်မာ နိုင်ငံမှာ ရှိမနေပေမဲ့လဲ နိုင်ငံ တ ကာက သိအောင် ထိရောက်စွာ speak out လုပ်ပေးနိုင် ခဲ့တယ်။ Miss ဟန်လေး အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ မြန်မာ ပြည်သူ တွေ အတွက် အကောင်း ဆုံး ကြိုးစားပေး ခဲ့တဲ့ဟန်လေး အားတင်း ထားပါနော်။ ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီးလဲ သာယာတဲ့ နေ့ရက်များ ပိုင်ဆိုင် နိုင်စေဖို့ ဆုတောင်းပေးလျက်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *