ပရိသတ်အချစ်တော် အိချောပိုကတော့ အနုပညာပျိုးခင်းရဲ့စင်တင် မင်းသမီး တစ်လက်ဖြစ်ခဲ့ပြီး အခုဆိုရင် အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိနေပြီ ဖြစ်ပါတယ် ။ အိချောပိုက ချောမောလှပတဲ့ရုပ်ရည်လေးနဲ့အတူ အချိုးအစား ပြေပြစ်လွန်းတဲ့ Body လှလှလေးကိုပါ ပိုင်ဆိုင်ထား တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း အိချောပိုကို ယောက်ျားလေးပရိသတ်တွေ တော်တော်များများက အပြတ်အသတ်ဝန်းရံပြီး အားပေးနေကြတာပဲဖြစ်ပါတယ် ။
အိချောပိုက ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူး ခဲ့သလို ကြော်ငြာနဲ့ Photo Shooting တွေလည်း မနားတမ်း လက်ခံရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ အိချောပိုက ခေတ်ဆန်ဆန်ဖက်ရှင်လေးတွေနဲ့ လူငယ်လေးတစ်ယောက် လို အမြဲတမ်းလန်းနေတာဖြစ်ပြီး တစ်နေ့ထက် တစ်နေ့ အလှတွေပိုတိုးလာတာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ အိချောပိုက သူမရဲ့ချစ်ညီမလေးတွေနဲ့အတူ မကြာခဏအပြင်ထွက်လေ့ ရှိပြီး ပုံလေးတွေကိုလည်း မျှဝေပေးနေတာ ဖြစ်ပါတယ် ။
အခုလည်း အိချောပိုက ညီမချောချောလေးနှစ်ယောက်နဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးကိုတင်ပေးရင်း သူမရဲ့အမိုက်စားပုံရိပ်တွေကိုပါ ချပြလိုက်တာ ဖြစ်ပါတယ် ။ အလန်းစားဖက်ရှင်လေးကို ဝတ်ဆင်ထားတဲ့ အိချောပိုကတော့ အထာကျကျမိမိုက်နေတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့အလှတရားတွေ ပေါ်လွင်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ရင်ခုန်စရာကောင်းလောက်အောင် လှနိုင်လွန်းတဲ့ မင်းသမီးချောအိချောပိုရဲ့အလန်းစားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Ei Chaw Po’s FB Acc