KNU နယ်မြေ အ တွင်း ရှိ စစ် ဘေး ရှောင်ပြည် သူများ အတွက် လှူဒါန်း

Posted on

KNU ဗဟိုဌာနချုပ် (ကော်သူးလေး ) အတွင်းရှိ စစ်ဘေး ရှောင် ပြည်သူများ အတွက် စားသောက်ကုန်များ နှင့် အဝတ်အထည်များကို ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း လုပ်သားများရဲ့ စုပေါင်းကူညီထောက်ပံ့မှု နှင့် AAC အဖွဲ့ ရဲ့ကူညီမှုနဲ့အတူ သွားရောက် လှူဒါန်းခဲ့သည်။

ပထမဆုံးအကြိမ်ဖြင့် ထိုင်းနိုင်ငံ ရောက် မြန်မာရွေ့ပြောင်း လုပ်သားများရဲ့ထောက်ပံ့မှုများကို ကုန်တင်ဟိုင်းလပ်ကား လေးစီးဖြင့်ဆန်၊ဆီ၊ငါးသေတ္တာ ၊မားမားခေါက်ဆွဲဖာ၊မုန့်ဗူးများ၊စောင် နှင့် အဝတ်အထည်များ ကို KNU ဗဟိုဌာနချုပ် (ကော်သူလေး) မှ တာဝန်ရှိသူများ ထံသို့ AAC အဖွဲ့က သွားရောက်လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က KNU ၊ မူတြော် ခရိုင် ကို အကြမ်းဖက် စစ်ကောင်စီက လေယာဉ်များအသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ဒေသံခံရွာသားများ သေဆုံးမှုနှင့်အတူ နေရပ်စွန့်ခွါထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

crd-mizzima

zawgyi




crd-mizzima

Leave a Reply

Your email address will not be published. Required fields are marked *