JOSHUA WONG ( သို့မ ဟုတ် ) GEN Z တို့ အ တွက် အား ကျ စရာ လူငယ် တစ်ယောက်

Posted on

Joshua Wong ဆိုတာ ၁၉၉၆ ခုနှစ်မှ မွေးတဲ့ ဟောင်ကောင် လူငယ်လေး တစ်ယောက်ပါ။ ကမ္ဘာ့မှာ ဒုတိယ အင်အားအကြီးဆုံး လို့ပြောလို့ရတဲ့ ဘေဂျင်းအစိုးရကို အသက် ၁၄ နှစ်သားကတည်း ဝေဖန်ထောက်ပြ အတိုက်အခံလုပ်ခဲ့တဲ့ ဟောင်ကောင် ဒီမို ကရေစီ အရေးလုပ်ရှားသူ။

သူ့အသက် ၁၄ နှစ် မှာ ဘေဂျင်း အစိုးရ ရဲ့ ဟောင်ကောင် မှာ ပြဋ္ဌာန်း တဲ့ ပညာရေး စနစ်ကို မကြိုက်လို့ Scholarsim ဆိုတဲ့ အဖွဲ့ကို ဖွဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့တယ်။

ဘေဂျင်းမှာ ရှီကျင်းပင် အစိုးရတက် လာတဲ့အခါ တရုတ်အစိုးရရဲ့ လူ့ အခွင့်အရေး ပိတ်စို့မှုတွေနဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေ အပေါ်မှာ များစွာ ချယ်လှယ်လာတာကြောင့် Wong ဦးဆောင်တဲ့ Scholarism မှ ကျောင်းသားလူငယ်များဟာ လမ်းပေါ်တွေ ပေါ်ကို နောက်တစ်ကြိမ်ထွက်လာခဲ့တယ်။

ဟောင်ကောင် လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေဟာ အရင်ခေတ် လို ပုံစံတွေ မဟုတ်တော့ဘဲ လူငယ်တွေဟာ ဆန္ဒပြပွဲ တစ်ခုလုံး၏ စ လယ် ဆုံး ကိစ္စရပ်များကို စနစ်တကျ ပြင်ဆင်ပြီး လမ်းမတွေပေါ်ထွက်လာခဲ့ပါတယ်။ အစားအသောက် ၊ နေရေးထိုင်ရေး နှင့် အမှိုက်သိမ်းတာထိ အားလုံးကို လှစ်ဟင်းမှု မရှိ ဆောင်ရွက် ခဲ့လို့ ကမ္ဘာကပါ ချီးမွမ်းခဲ့ရပါတယ်။

ထိုဆန္ဒပြပွဲနှင့်အတူ ထီးလှုပ်ရှားမှု (Umbrella Movement) ဆိုတာ ပေါ်ထွန်း လာခဲ့ပါတယ်။ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် လာရောက်ပြီး သပိတ်ဖြိုခွင်းတဲ့ ရဲတွေရဲ့ ရန်ကို ကာကွယ်ဖို့ ထီးများကို အသုံးပြုရာကနေ ထီးလှုပ်ရှားမှု အရှိန်အဟုတ်က မြင့်တက် လာခဲ့တာပါ။

Wong ရဲ့ အရှိန်အဝါကလည်း ထို ထီးလှုပ်ရှားမှုနှင့် အတူ တဟုန်ထိုး ကြီးမား လာခဲ့ပါတယ်။ ထိုအချိန်က Wong ရဲ့ အသက်က ၁၇ နှစ် ပဲ ရှိပါသေးတယ်။ သို့သော် Superpower ဆိုတဲ့ ဘေဂျင်းအစိုးရအတွက် အလွန်အကြပ်ရိုက်စေတဲ့ ချာတိတ် တယောက်ဖြစ်နေပါပြီ။

Wong ကို ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်သော်လည်း ရပ်တန့် မသွားခဲ့ပါ။ အစာငတ်ခံ ဆန္ဒပြသည် အထိ လုပ်ဆောင်ခဲ့ပြီး လူထုကို အားမလျော့သွာအောင် လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ Wong ဟာ သူတို့ရဲ့ Scholarism ကို ဖျက်သိမ်းပြီး နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ရန်အတွက် Demosistō ဆိုတဲ့ ပါတီကို တည်ထောင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် အတွက် နိုဘယ်ဆု စာရင်းမှာ တင်သွင်းခြင်း ခံရသည် အထိ Wong တစ်ယောက် ကျော်ကြားလာသည်နှင့် အမျှ တရုတ် အစိုးရကလည်း ဖိနှိပ်မှုတွေ အမျိုးမျိုး လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ တရုတ် အစိုးရက သူ့ပြည်တွင်းမှာ Joshua Wong ဆိုတဲ့ Keyword ကို အင်တာနက်မှာ ရှာလို့ မရအောင်အထိ လုပ်ထားပါတယ်။

Joshua Wong ဟာ လူငယ်လေး တစ်ယောက် ဆိုပေမယ့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ လွတ်လပ်ခွင့် ဆိုတာတွေ အတွက် အင်အားကြီးပါတယ်ဆိုတဲ့ တရုတ်အင်ပါယာကြီးကို စိန်ခေါ်ဝံ့ခဲ့သူပါ။

သူပြောခဲ့တဲ့ စကားတစ်ခွန်းက It’s time to let Emperor Xi (Chinese President Xi Jinping) be aware that now is our battle, …We stand in solidarity, we stand as one. သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အသက် သုံးဆယ်အောက် လူငယ်လေး တွေပဲ ဖြစ်ပါတယ်။

Natham Law, Alex Chow ဆိုသည့် လူငယ်များ ဟာလည်း လက်ရှိဟောင်ကောင် ဒီမိုကရေစီအရေးမှာ တက်ကြွလှုပ်ရှားသူများဖြစ်ပါတယ်။ အာဏာရှင်ဆိုတာ လူကြီးတွေကို မကြောက်ပါဘူး။

လူငယ်တွေကိုပဲ ကြောက်တာပါ။ လူငယ်ဆိုတာ တက်ကြွတယ်။ ဇွဲမလျော့ဘူး။ ဇွတ်လုပ်တယ်။ လွတ်လပ်ခွင့်ကို မြတ်နိုးတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အာဏာရှင်နဲ့ လူငယ်တွေဟာ ဆန်ကျင်ဖက်ဖြစ်ခဲ့ပြီး၊ လူငယ်တွေဟာ အာဏာရှင်တွေကို အမြဲတွန်းလှန်ခဲ့တာပါ။

Rev Nandacara

Leave a Reply

Your email address will not be published. Required fields are marked *