INTERNATIONAL WOMAN’S DAY မှာ ထဘီ ကို အလံ ပြုလုပ်ပြီး အရေး တော်ပုံ မှာ ပါဝင် ခဲ့တဲ့ သန္တာလှိုင်

Posted on

မော်ဒယ်လ် သန္တာလှိုင် ကတော့ အမှန်တရားကို ချစ်မြတ်နိုးသူ ဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ယနေ့ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့မှာလည်း သိကျွမ်းတဲ့ အမျိုးသမီ းမိတ်ဆွေများနဲ့ ပူးပေါင်းပြီး လူထု လှုပ်ရှားမှုမှာ ပါဝင်အားဖြည့်ပေးခဲ့ပါသေးတယ်။ အရင်​ နေ့တွေက လူထုလှုပ်ရှားမှုတွေထက် ထူးခြားစွာ ယနေ့မှာတော့ ထဘီကို အလံပြုလုပ်ပြီး ရန်ကုန်မြို့ရဲ့ လမ်းမထက်မှာ တရားမျှတမှုရရှိဖို့အတွက် အပင်ပန်းခံကာ သွားရောက် တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ထဘီကို အလံပြုလုပ်ပြီး လူထု လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပုံတွေအပြင် ” စစ် အာဏာရူး ဖြုတ်ချဖို့ ငါတို့ထဘီ ငါတို့အလံ ငါတို့အောင်ပွဲနဲ့ တိုက်ကြစို့ အမျိုးသမီးတွေရဲ့ ထဘီဟာ လူတစ်ယောက်ရဲ့ ဘုန်းကံကို မြှင့်တင်မပေးနိုင်သလို့ နိမ့်ကျအောင်လဲ လုပ်နိုင်စွမ်းမရှိပါဘူး။ မိမိတို့ဘုန်းကံဆိုတာ မိမိတို့ရဲ့လုပ်ရပ်၊ စိတ်ဓါတ်တွေနဲ့ပဲ ဆိုင်ပါတယ်။ မဟုတ်တာလုပ်တဲ့သူတွေကတော့ ထဘီကိုလဲကြောက်ရ မိန်းမအင်္ကျီလဲကြောက်ရ ငရဲအိုးနဲ့ ဝဠ်လည်မှာလဲ ကြောက်နေရမှာပါ။ ဒီနေ့တွေ့လိုက်တဲ့ ပုံတစ်ပုံမှာ ဘုန်းဘုန်းတစ်ပါးဟာ မိမိသိက္ခာတရားနဲ့ ဘုန်းကံကို ယုံကြည်စွာနဲ့ ထဘီကို လမ်းမတစ်လျောက် လှန်းထားတဲ့ ထဘီအောက်မှာ အေးဆေးတည်ငြိမ်စွာ လျောက်လှမ်းဆွမ်းခံကြွနေတဲ့ ပုံလေးကိုတွေ့မိတော့ သူ့ရဲ့ သိက္ခာယုံကြည်ချက်နဲ့ မြင့်မားတဲ့ စိတ်ဓါတ်ကို လေးစားကြည်ညိုမိပါတယ်။

ထဘီဟာ ဒီနေ့ International Woman’s Day မှာ ဘာဖြစ်လို့ အလံ ဖြစ်လာသလဲဆိုတာ့ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်အကြမ်းဖက်နေတဲ့ မိစ္ဆာစစ်သူပုန်တွေဟာ ထဘီကို အင်မတန်ကြောက်တဲ့ အတွက် အကြမ်းဖက်စစ်သူပြန်တွေဆီကနေ ကာကွယ်တဲ့ လက်နက်အဖြစ် အသုံးပြု ရလောက်အောင် အသုံးဝင်လာလို့ပါပဲ။ ဒီစစ်သူပုန်တွေကြောင့် မိန်းမထဘီတွေရဲ့ အစွမ်းဟာ ရပ်ရွာကို အေးချမ်းဖို့ ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတတ္တိရှိတယ်ဆိုတာကို ကျွန်မတို့တွေ အခုသိရပြီ။ အရေးတော်ပုံ အောင်ရမည် ” ဆိုတဲ့ စာသားကိုလည်း ရေးသားထားတာပါ။ အရေးတော်ပုံမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားခဲ့တဲ့ မော်ဒယ်လ် သန္တာလှိုင်ရဲ့ ပုံနဲ့ စာသားတွေကိ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit – Thandar Hlaing’s FB account

zawgyi

ေမာ္ဒယ္လ္ သႏၲာလႈိင္ ကေတာ့ အမွန္တရားကို ခ်စ္ျမတ္ႏိုးသူ ျဖစ္တာေၾကာင့္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကတည္းက ျပည္သူေတြနဲ႔အတူ ပူးေပါင္းခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ ယေန႔က်ေရာက္တဲ့ ကမာၻ႔အမ်ိဳးသမီးမ်ားေန႔မွာလည္း သိကြၽမ္းတဲ့ အမ်ိဳးသမီ းမိတ္ေဆြမ်ားနဲ႔ ပူးေပါင္းၿပီး လူထု လႈပ္ရွားမႈမွာ ပါဝင္အားျဖည့္ေပးခဲ့ပါေသးတယ္။ အရင္​ ေန႔ေတြက လူထုလႈပ္ရွားမႈေတြထက္ ထူးျခားစြာ ယေန႔မွာေတာ့ ထဘီကို အလံျပဳလုပ္ၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းမထက္မွာ တရားမွ်တမႈရရွိဖို႔အတြက္ အပင္ပန္းခံကာ သြားေရာက္ ေတာင္းဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ထဘီကို အလံျပဳလုပ္ၿပီး လူထု လႈပ္ရွားမႈမွာ ပါဝင္ေနတဲ့ ပုံေတြအျပင္ ” စစ္ အာဏာ႐ူး ျဖဳတ္ခ်ဖို႔ ငါတို႔ထဘီ ငါတို႔အလံ ငါတို႔ေအာင္ပြဲနဲ႔ တိုက္ၾကစို႔ အမ်ိဳးသမီးေတြရဲ႕ ထဘီဟာ လူတစ္ေယာက္ရဲ႕ ဘုန္းကံကို ျမႇင့္တင္မေပးႏိုင္သလို႔ နိမ့္က်ေအာင္လဲ လုပ္ႏိုင္စြမ္းမရွိပါဘူး။ မိမိတို႔ဘုန္းကံဆိုတာ မိမိတို႔ရဲ႕လုပ္ရပ္၊ စိတ္ဓါတ္ေတြနဲ႔ပဲ ဆိုင္ပါတယ္။ မဟုတ္တာလုပ္တဲ့သူေတြကေတာ့ ထဘီကိုလဲေၾကာက္ရ မိန္းမအက်ႌလဲေၾကာက္ရ ငရဲအိုးနဲ႔ ဝဠ္လည္မွာလဲ ေၾကာက္ေနရမွာပါ။ ဒီေန႔ေတြ႕လိုက္တဲ့ ပုံတစ္ပုံမွာ ဘုန္းဘုန္းတစ္ပါးဟာ မိမိသိကၡာတရားနဲ႔ ဘုန္းကံကို ယုံၾကည္စြာနဲ႔ ထဘီကို လမ္းမတစ္ေလ်ာက္ လွန္းထားတဲ့ ထဘီေအာက္မွာ ေအးေဆးတည္ၿငိမ္စြာ ေလ်ာက္လွမ္းဆြမ္းခံႂကြေနတဲ့ ပုံေလးကိုေတြ႕မိေတာ့ သူ႔ရဲ႕ သိကၡာယုံၾကည္ခ်က္နဲ႔ ျမင့္မားတဲ့ စိတ္ဓါတ္ကို ေလးစားၾကည္ညိဳမိပါတယ္။

ထဘီဟာ ဒီေန႔ International Woman’s Day မွာ ဘာျဖစ္လို႔ အလံ ျဖစ္လာသလဲဆိုတာ့ ျပည္သူေတြကို ရက္စက္စြာ သတ္ျဖတ္အၾကမ္းဖက္ေနတဲ့ မိစာၦစစ္သူပုန္ေတြဟာ ထဘီကို အင္မတန္ေၾကာက္တဲ့ အတြက္ အၾကမ္းဖက္စစ္သူျပန္ေတြဆီကေန ကာကြယ္တဲ့ လက္နက္အျဖစ္ အသုံးျပဳ ရေလာက္ေအာင္ အသုံးဝင္လာလို႔ပါပဲ။ ဒီစစ္သူပုန္ေတြေၾကာင့္ မိန္းမထဘီေတြရဲ႕ အစြမ္းဟာ ရပ္႐ြာကို ေအးခ်မ္းဖို႔ ကာကြယ္ေပးႏိုင္တဲ့ အစြမ္းသတတၱိရွိတယ္ဆိုတာကို ကြၽန္မတို႔ေတြ အခုသိရၿပီ။ အေရးေတာ္ပုံ ေအာင္ရမည္ ” ဆိုတဲ့ စာသားကိုလည္း ေရးသားထားတာပါ။ အေရးေတာ္ပုံမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္လႈပ္ရွားခဲ့တဲ့ ေမာ္ဒယ္လ္ သႏၲာလႈိင္ရဲ႕ ပုံနဲ႔ စာသားေတြကိ ပရိသတ္ေတြထံ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Photo credit – Thandar Hlaing’s FB account

Leave a Reply

Your email address will not be published. Required fields are marked *