G-Z အကြောင်း ခင်ဗျား တို့ ထက်ပိုသိတယ်
ရိုက်ချင်ရိုက်ပစေ စိတ်မပါလို့စာမကျက် ဘူး
Game ဆော့နေလို့ အိမ်စာမလုပ်ဘူး ဆိုတဲ့ ကောင်တွေ
သူတို့မှန်တယ်ထင်ရင် မိဘတွေ ဆရာတွေတား တာတောင် ဇွတ်လုပ်တဲ့မျိုးဆက်
မမှန်ဘူးထင်ရင် သိကြားမင်းဆင်းပြီးလုပ်ခိုင်းရင်တောင်
အာခံပြီးဆန့်ကျင်တဲ့မျိုးဆက်….
ဘာသာရေးသွေးကွဲဖို့မပြောနဲ့
သူတို့အစ်နေ့ဆို ငါတို့သွားစားပြီး
ငါတို့အလှူဆို သူတို့ပါလာစားတဲ့ကောင်တွေ
X’mas ဆို သွားအော်ပြီး
ကထိန်ဆိုသူတို့ပါ ဝင်ပြီး ထမ်းကြတဲ့ကောင်တွေ
သူတို့မီးနင်းပွဲဆို ငါတို့ သွားကြည့်ပြီး
ငါတို့မီးထွန်းပွဲဆို
သူတို့ပါလိုက်ထွန်းကြတဲ့ကောင်တွေ
အရင်လို စာအုပ်တစ်အုပ်ကြောင့်
ရန်ပွဲဖြစ်ရမယ့်ခေတ်မဟုတ်တော့ဘူး…
သတင်းအမှောင်ချဖို့မကြိုးစားနဲ့
ကမ္ဘာ့အမြင်တွေ ခင်ဗျားတို့ထက်ပိုမြင်တယ်
လူကြီးတွေက ရပ်ကွက်ထဲကကောလဟာလတွေ
ယုံနေတဲ့ အချိန်
ဒီကောင်တွေက
Google ကနေ ကမ္ဘာတစ် ပတ်ပတ်ပြီးနေပြီ
MRTV ကနေ ခင်သန်းနုခေတ်က ဖျော်ဖြေရေးတွေနဲ့
ချွေူးလာမသိပ်နဲ့
Black Pink တောင် ၂ခါ နားထောင်ပြီးရင်
Out of date လို့ သတ်မှတ်ထားကြတာ…
ဟိုးအရင်ကလို
ဘွဲ့မရမှာကြောက်နေတဲ့ကောင်တွေ မဟုတ်ဘူး
အရင်ကတည်းက
တစ်တန်းကို၂နှစ်လောက်တက်ပြီး
စာမေးပွဲတောင်ဖြေချင်မှဖြေတာ
ဒီကဘွဲ့မရလည်း
ထိုင်လွမ်းနေမယ့်ကောင်တွေ မဟုတ်ဘူး
(အမှတ်၅၀၀ကျော်ရခဲ့တဲ့
ဆေးကျောင်းသားတွေ
အင်ဂျင်နီယာကျောင်းသားတွေတောင်
ဘာမှမကြောက်ဘဲ လမ်းပေါ် ထွက်လာတာ…)
ဘာပုဒ်မနဲ့မှ ဖမ်းလို့မရတဲ့ဆန့်ကျင်မှုတွေ
သူတို့အကုန်လုပ်တတ်တယ်
ဖမ်းရင်ထွက်ပြေးတယ်
ပစ်ရင်ထွက်ပြေးတယ်မပြောနဲ့
G-Z က သီဟတင်စိုးမဟုတ်ဘူး
ခင်ဗျားတို့တောင်တိုက်ပွဲသွားရင်
သေမှာကြောက်လို့ လက်နက်သယ်သွားတာပဲ
သတ္တိရှိရင် လက်နက်မပါဘဲဒဲ့စိန်ခေါ်လိုက်
ဒါမှမဟုတ် သူတို့ကိုလက်နက်ပေးလိုက်…
အားလုံးကလျှော့တွက်ထားတဲ့ G-Z
အခုတိုက်ပွဲမှာ ထွက် လာကြတာပဲ
မှတ်ထား
သေနတ်ကိုင်ပြီး အမိန့်အောက်မှာနေရတဲ့
ခင်ဗျား တို့လို လခစားကျွန်တွေ နဲ့
ဦးနှောက်နဲ့လွတ်လပ်ခြင်းတွေရယူမယ့်
အနာဂတ်ရဲ့ သခင်တွေ
ဒီတိုက်ပွဲမှာ ထိပ်တိုက်တွေ့တာပဲ….
celeupdatenews