GEN Z တွေ ရဲ့ စိတ်ဝင် စားဖို့ ကောင်း တဲ့ အချက် (၅) ချက်

Posted on

Gen Z (ဂျန်ဇီ) လို့ အတိုကောက် ခေါ်နေကြတဲ့ Z မျိုးဆက်ဟာ နောက်ဆုံးပေါ် မျိုးဆက်တစ်ခု ဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၁၅ (တစ်ချို့လည်း ၂၀၁၂ ခုနှစ် သတ်မှတ်ထား) အတွင်း မွေးတဲ့ အခု အသက် ၂၄/၂၅ အောက် လူငယ်တွေကို ဂျန်ဇီတွေ လို့ ခေါ်ကြပါတယ်။ Social Media ခေတ် ၊ WiFi ၊ Google ၊ နည်းပညာခေတ်နဲ့အတူ မွေးဖွားကြီးပြင်းလာတဲ့ လူငယ်တွေ ဖြစ်ပြီး စိတ်ဝင်စားဖို့အကောင်းဆုံး မျိုးဆက်တစ်ခုအဖြစ်လည်း သတ်မှတ် ထားတာ ဖြစ်လို့ သူတို့အကြောင်း ဗဟုသုတရစရာအချက်တချို့ကို မျှဝေလိုက်ပါတယ်။

(၁) သမိုင်းမှာ မတူကွဲပြားမှု အများဆုံး မျိုးဆက်ဖြစ်တယ်

Millennials လို့ ခေါ်တဲ့ အသက် ၃၅ နှစ်အောက် လူလတ်ပိုင် းတွေ ထက်စာရင် အသားအရောင် လူမျိုးရေး ကွဲပြားမှု ပိုပြီး မျှတအားကောင်းလာပါတယ်။ Gen Z အများစု (၇၂%) ဟာ လူမျိုးရေး မျှတမှုကို အရေးကြီးဆုံးကိစ္စတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

(၂) နည်းပညာစွမ်းရည် အမြင့်ဆုံးသူတွေ ဖြစ်ပါတယ်

Gen Z တွေရဲ့ ၉၅% ဟာ အနည်းဆုံး စမတ်ဖုန်း တစ်လုံးစီ ရှိကြ ပါတယ်။ သူတို့ဟာ နည်းပညာနဲ့ လက်နဲ့ မပြတ်တမ်း သုံးနေတဲ့မျိုးဆက်ဖြစ်ပြီး ဒစ်ဂျစ်တယ်ပလက်ဖောင်းမျိုးစုံ ၊ နည်းပညာသစ်မျိုးစုံကို အကျွမ်းတဝင်ရှိကြသူတွေလည်း ဖြစ်ပါတယ်။

(၃) အာရုံစူးစိုက်နိုင်ချိန် တိုတောင်းတယ်

Gen Z တွေရဲ့ အာရုံစူးစိုက်မှု လိုချင်ရင် သူတို့ရဲ့ပျမ်းမျှ အာရုံ စိုက်နိုင်တဲ့ သက်တမ်းကို သိထားဖို့ လိုပါတယ်။ ပျမ်းမျှအားဖြင့် Gen Z တွေရဲ့ Attention Span ဟာ ၈ စက္ကန့်ပါတဲ့။ လူငယ်မျိုးဆက်ကို ဦးတည်ပြီး ကြော်ငြာမယ့်သူတွေအတွက် အရေးကြီးတဲ့ အချက် ဖြစ်ပါလိမ့်မယ်။

(၄) ဆန်းသစ် တီထွင်မှု မြင့်မားတယ်

လွတ်လပ်တဲ့ လေ့လာမှုဟာ ဒီမျိုးဆက်မှာ ထွက်ပေါ်လာတယ်လို့ ဆိုနိုင် ပါတယ်။ Gen Z တွေဟာ သူ့အရင် မျိုးဆက်တွေထက် အွန်လိုင်းပေါ်က ပညာရေးအရင်းအမြစ်တွေကို ရယူနိုင်စွမ်း ပိုမြင့်လာပြီး ပြဿနာတစ်ခုကို ဖြေရှင်းရာမှာလည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြပါတယ်။

(၅) တပြိုင်နက်တည်း အများကြီး ပိုလုပ်နိုင်တယ်

အာရုံစူးစိုက်မှုအနေနဲ့ Gen Z တွေဟာ Millennial တွေလောက် အားမ ကောင်းတာ မှန်ပေမယ့် သူတို့ရဲ့နည်းလမ်းက ထူးခြားပါတယ်။ တနည်းပြောရရင် သူတို့ဟာ Multi-Taskers တွေလည်း ဖြစ်ပါတယ်။ လက်ထဲ ရှိတဲ့ ဖုန်း တက်ဘလက်ပေါ်မှာတင် ကျောင်းစာတွေ နုတ်စ်မှတ်တာ ၊ အကိုးအကားတွေ ရှာတာ ၊ ပညာရေးသင်ခန်းစာတွေ လေ့လာတာကနေ နည်းပညာသစ်တွေ စူးစမ်းတာ အကုန်ကို လုပ်နိုင်ကြပါတယ်။

ဒီမျိုးဆက်ဟာ လက်ရှိကမ္ဘာ့လူဦးရေအချိုးမှာ တခြား Generation တွေထက် စာရင်အင်အားအကြီးဆုံး မျိုးဆက်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၇.၇ ဘီလျံမှာ ၂.၄၇ ဘီလျံ (လူဦးရေရဲ့ ၃၂%) ဟာ Gen Z တွေ ဖြစ်လို့ ကမ္ဘာကြီးရဲ့ အနာဂါတ်ကို သူတို့ပဲ ဦးဆောင်လာတော့မှာပါ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *