FLORIDAမှာရှိတဲ့ ချင်းလူမျိုးတွေ က ဂုဏ်ပြုပွဲလေး လုပ်ပေးကာ အားပေးစကားတွေ ပြောကြတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ခဲ့ရတဲ့ သူဇာ၀င့်လွင်

Posted on

လတ်တလောမတည်ငြိမ်နေတဲ့ အခက်အခဲ အခြေအနေတွေကြားထဲကနေ မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universeတစ်ယေ ာ က်အနေနဲ့ Miamiမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာ၀င့်လွင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။ သူဇ ာ၀င့်လွ င် ဟာ Miss Universeပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ၀တ်စုံလေး၀တ်ဆင်ကာ National Costume အနေနဲ့၀င်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တာ လည်းဖြစ်ပါတယ်။

ဒါ့ပြင်သူဇာ၀င့်လွင်ဟာ မြန်မာနိုင်ငံရဲ့ First placementအနေနဲ့ Top 21အထိ ၀င်ခဲ့တာဖြစ်ပြီး အားပေးသူ ပရိသ တ်တွေ လည်း အများအ ပြားရရှိခဲ့တာပါ။ သူဇာ၀င့်လွင်က လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး Speak out လုပ်ခဲ့သူတ စ်ဦးလည်းဖြစ်ပြီး “Queen of Democracy” လို့တောင် တင်စား ခေါ်ဝေါ်ရတဲ့ အလှမယ်တစ်ဦးဖြစ်ပါတယ်။

ပြိုင်ပွဲကြီးပြီးဆုံးသွားပြီးနောက် သူဇာ၀င့်လွင်ဟာ သူမရဲ့ Facebook စာမျက်နှာမှာ “Florida မှာရှိတဲ့ချစ်ရတဲ့ ချင်းလူမျိုးတွေကသူဇာ့ကိုဂုဏ်ပြုပွဲလေးပြုလုပ်ပေးပီး အားပေးစကားတွေရော လိုအပ်ရင်သုံးဖို့တွေရောပေးတဲ့အတွက်အရမ်းဝမ်းသာပီးကျေးဇူးလဲအ ရမ်းတင် ပါတယ်.. ပွဲ မှာလိုအပ်တဲ့အရာတွေအခက်အခဲတွေရော ပီးတော့NC winner ရတာလဲ ချင်းလူမျိုးတွေရဲ့ကျေးဇူးတွေကြောင့်ပါပဲ ကျေးဇူးအများကြီးတ င်ပါတယ်ရှင် 🙏🏼❤️…..” ဆိုပြီး ရေးသားမျှဝေလာခဲ့ပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Thuzar Wint Lwin’s Facebook page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *