အမြဲ ပျော်ပျော်နေတတ်ပြီး ပရိသတ် အချစ်တွေကို ရရှိပိုင်ဆိုင်ထားကြသူတွေထဲမှာမှ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်ကြတဲ့ မျိုးမျိုးခိုင်နဲ့ ယွန်းရွှေရည်တို့ နှစ်ယောက်ကလည်း အပါအဝင်ပါ။ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ကိုင်လာရင်း နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းနေခဲ့တဲ့ ယွန်းရွှေရည်နဲ့ မျိုးမျိုးခိုင်ဟာဆိုရင် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခွင့်ရကြသူတွေပါ။
Covid ကပ်ရောဂါတွေကျရောက်လာချိန် မှာတော့ အနုပညာအလုပ်တွေ နည်းပါးနေခဲ့တဲ့ မျိုးမျိုးခိုင်နဲ့ ယွန်းရွှေရည်က Online ပေါ်မှာ Live saleတွေ ရောင်းချရင်း ဖြတ်သန်းနေရတာကို တွေ့ရပါတယ်။ ဒါ့အပြင် နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာပါ။ ယခုမှာလည်း ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ကတော့ မျိုးမျိုးခိုင်နဲ့အတူ live saleမစခင်လေးမှာ Tiktok ကနေခဲ့ပါတယ်။
ထိုင်းသီချင်းလေးနဲ့ အပီအပြင် ဒွန့်နေကြတဲ့ သူတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်ညီတာပါ။ ရယ်မောနေရတဲ့ မျိုးမျိုးခိုင်နဲ့ ယွန်းရွှေရည်ရဲ့ Tiktok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် Myanmarload မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ…ပရိသတ်တွေကလည်း အဆိုပါ ဗီဒီယိုလေးကို ကြည့်ပြီး Comments မှာ တစ်ခုခုရေးသားပေးခဲ့ပါအုန်းနော်…..။
crd-myanmarload
zawgyi
crd-myanmarload