COVID ဖြစ်နေ တဲ့ အချိန်မှာ ရေချိုးတာ နဲ့ ပတ်သက်ပြီး ပြည်သူတွေ တော်တော်များများ သိချင်နေတဲ့ မေးခွန်းတွေကို ဖြေပေး လိုက်တဲ့ စိန်ဖြိုးလှိုင်

Posted on

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားလာတဲ့ အချိန်မှာတော့ အသက်ဆုံးရှုံးနေရတဲ့ ပြည်သူ ဦးရေက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ သုသာန်တွေမှာပါ ရုပ်အလောင်းတွေတန်းစီနေတာကြောင့် မီးသင်္ဂြိုဟ်ဖို့ မနိုင်တော့တဲ့ အခြေအနေကိုပါ ရောက်ရှိနေတာပဲ ဖြစ်ပါတယ် ။ ကိုဗစ် ကူးစက်ခံရသူ အများစုက အောက်ဆီဂျင်ကျချိန်မှာ အချိန်မီလုံလုံလောက်လောက်မရတာကြောင့် အသက် ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ် ။

သရုပ်ဆောင်မောင် (ခေါ်) ဒေါက်တာစိန်ဖြိုးလှိုင် ကလည်း အခုလိုကာလမှာ ပြည်သူတွေ အတွက် ကျန်းမာရေးဗဟုသုတတွေကို ပုံမှန်မျှဝေပေးနေသူတစ်ဦး ဖြစ်ပါတယ် ။ အခုလည်း ဒေါက်တာစိန်ဖြိုးလှိုင်က ကိုဗစ်ကြောင့် ရေချိုးလို့မရဘူးလို့ ပြောတာမဟုတ်ကြောင်း ပြည်သူတွေကို ရှင်းပြထားတာ တွေ့ရပါတယ်။ စိန်ဖြိုးလှိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အားလုံးသိချင်နေတဲ့ မေးခွန်းတွေကို ဖြေကြားပေးထားတာပဲ ဖြစ်ပါတယ် ။

ကိုဗစ်ဖြစ်နေချိန်မှာ အောက်ဆီဂျင်ကျနေတဲ့ သူက လှုပ်လှုပ်ရှားရှားလုပ်ရင် အောက်ဆီဂျင်ပိုကျတာတွေဖြစ်နိုင်တဲ့အတွက် ရေချိုးခြင်းက လူနာကိုပိုမောစေကြောင်း သူကပြောပြထားတာ ဖြစ်ပါတယ် ။ အဖျားမရှိတော့တဲ့သူတွေအနေနဲ့ ရေချိုး၊ခေါင်းလျှော်တာမျိုး ပြုလုပ်နိုင်သလို အဖျားရှိတဲ့သူတွေ ဆိုရင်တော့ ရေပတ်တိုက်တာမျိုး ပြုလုပ်နိုင်တယ်လို့လည်း သူက ရေးသားထားပါသေးတယ်။ ဒါ့အပြင် ရေချိုးလို့ ပြန်ဖျားတယ်ဆိုပြီးပြောတဲ့သူတွေကို စိန်ဖြိုးက ဆင်ခြင်သင့်တဲ့အချက်တွေကို သေချာရှင်းပြထားတာလည်း တွေ့ရပါတယ်။ ဒေါက်တာစိန်ဖြိုးလှိုင်မျှဝေထားတဲ့စာလေးကို ဗဟုသုတရစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-“Sein Phyo & Yi” FB Page

zawgyi

ကိုဗစ္တတိယလႈိင္း စတင္ျဖစ္ပြားလာတဲ့ အခ်ိန္မွာေတာ့ အသက္ဆုံးရႈံးေနရတဲ့ ျပည္သူ ဦးေရက တစ္ေန႔ထက္တစ္ေန႔ ပိုမိုမ်ားျပားလာတာ ေတြ႕ရပါတယ္။ သုသာန္ေတြမွာပါ ႐ုပ္အေလာင္းေတြတန္းစီေနတာေၾကာင့္ မီးသၿဂႋဳဟ္ဖို႔ မႏိုင္ေတာ့တဲ့ အေျခအေနကိုပါ ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္ ။ ကိုဗစ္ ကူးစက္ခံရသူ အမ်ားစုက ေအာက္ဆီဂ်င္က်ခ်ိန္မွာ အခ်ိန္မီလုံလုံေလာက္ေလာက္မရတာေၾကာင့္ အသက္ ဆုံးရႈံးေနရတာလည္း ျဖစ္ပါတယ္ ။

သ႐ုပ္ေဆာင္ေမာင္ (ေခၚ) ေဒါက္တာစိန္ၿဖိဳးလႈိင္ ကလည္း အခုလိုကာလမွာ ျပည္သူေတြ အတြက္ က်န္းမာေရးဗဟုသုတေတြကို ပုံမွန္မွ်ေဝေပးေနသူတစ္ဦး ျဖစ္ပါတယ္ ။ အခုလည္း ေဒါက္တာစိန္ၿဖိဳးလႈိင္က ကိုဗစ္ေၾကာင့္ ေရခ်ိဳးလို႔မရဘူးလို႔ ေျပာတာမဟုတ္ေၾကာင္း ျပည္သူေတြကို ရွင္းျပထားတာ ေတြ႕ရပါတယ္။ စိန္ၿဖိဳးလႈိင္က သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ အားလုံးသိခ်င္ေနတဲ့ ေမးခြန္းေတြကို ေျဖၾကားေပးထားတာပဲ ျဖစ္ပါတယ္ ။

ကိုဗစ္ျဖစ္ေနခ်ိန္မွာ ေအာက္ဆီဂ်င္က်ေနတဲ့ သူက လႈပ္လႈပ္ရွားရွားလုပ္ရင္ ေအာက္ဆီဂ်င္ပိုက်တာေတြျဖစ္ႏိုင္တဲ့အတြက္ ေရခ်ိဳးျခင္းက လူနာကိုပိုေမာေစေၾကာင္း သူကေျပာျပထားတာ ျဖစ္ပါတယ္ ။ အဖ်ားမရွိေတာ့တဲ့သူေတြအေနနဲ႔ ေရခ်ိဳး၊ေခါင္းေလွ်ာ္တာမ်ိဳး ျပဳလုပ္ႏိုင္သလို အဖ်ားရွိတဲ့သူေတြ ဆိုရင္ေတာ့ ေရပတ္တိုက္တာမ်ိဳး ျပဳလုပ္ႏိုင္တယ္လို႔လည္း သူက ေရးသားထားပါေသးတယ္။ ဒါ့အျပင္ ေရခ်ိဳးလို႔ ျပန္ဖ်ားတယ္ဆိုၿပီးေျပာတဲ့သူေတြကို စိန္ၿဖိဳးက ဆင္ျခင္သင့္တဲ့အခ်က္ေတြကို ေသခ်ာရွင္းျပထားတာလည္း ေတြ႕ရပါတယ္။ ေဒါက္တာစိန္ၿဖိဳးလႈိင္မွ်ေဝထားတဲ့စာေလးကို ဗဟုသုတရေစဖို႔အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit-“Sein Phyo & Yi” FB Page

Leave a Reply

Your email address will not be published. Required fields are marked *