COVID ကြောင့် ဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတွေအတွက် အရေးကြီး လုပ်ဆောင်ရမှာတွေကို အသေးစိတ် ပြောပြပေးမယ့် စိန်ဖြိုးလှိုင်

Posted on

လတ်တလောမှာ Covid တတိယလှိုင်း ဖြစ်ပွား နေပြီး ကူးစက် ခံရသူနဲ့ သေဆုံးသူဦးရေဟာလည်း တစ်နေ့တခြား ပိုများလာခဲ့ပါတယ်။ ပြည်သူတွေဟာလည်း တိုင်းပြည်မအေးချမ်းတာအပြင် စားဝတ်နေရေးအခက်အခဲကိုလည်းစိုးရိမ်နေရပြီး အခုလိုရောဂါကပ်ဘေး အတွက်ပါ ပူပန်နေရတာမို့ အဖက်ဖက်က စိတ်ညစ်စရာတွေ အပြည့်ဖြစ်နေခဲ့ပါတယ်။ လူနာဦးရေ နဲ့ ဆရာဝန်ဦးလေးဟာ အဆမတန်ကွာဟနေပြီး ဆေးရုံဆေးခန်းတွေကိုလည်း လွယ်လွယ်ကူကူ သွားလို့ မရနိုင်တာကြောင့် ကူးစက်ခံရသူတွေအနေနဲ့ အတော်လေးကို အခက်တွေ့နေပြီး အသက် ဆုံးရှုံးရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုမငြိမ်သက်ဖြစ်နေတဲ့အချိန်မှာ နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင်ဟာ ကိုယ်တတ် ထားတဲ့ ဆေးပညာကို အသုံးချပြီး ပြည်သူတွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးမယ့် အကြောင်း ပြောပြလာခဲ့ပါတယ်။ ဆေးရုံမသွားဘဲ အိမ်မှာပဲကုသရင်း အရေးပေါ်အခြေအနေဖြစ်နေတဲ့ လူနာတွေအတွက် ဆောင်ရန်ရှောင်ရန် တွေကို အသေးစိတ် ပြောပြပေးသွားမယ်လို့ဆိုပါတယ်။ အရမ်းအရေးကြီးတဲ့အခြေအနေတွေမှာဆိုရင် ဖုန်းဆက်မေးမြန်းနိုင်တယ် လို့လည်း ပြောခဲ့ပါသေးတယ်။ ဒုတိယလှိုင်းဖြစ်စဉ်ကလည်း ကိုယ်တိုင်ဝင်ပြီး ကြိုးကြိုးစားစားကုသပေးခဲ့တဲ့ ဆရာဝန်ပီသတဲ့ ဆရာဝန် တစ်ယောက်လည်းဖြစ်ပါတယ်။

အားလုံးကိုကူညီပေးမယ့်အကြောင်းကို ” ဒီရက်ပိုင်းမှာ Covid လူနာတွေ လူကြီးရော လူငယ်တွေရော အများကြီး တွေ့လာရပါတယ် စင်တာတွေ ဆေးရုံ တွေ လွယ်လွယ် သွားမရတာကြောင့် ပိုပြီး ဒုက္ခတွေ့နေရပါတယ် အဲ့တာကြောင့် Covid နဲ့ ပက်သက်ပြီး အိမ်မှာ အရေးပေါ်လူနာ ရှိနေရင် Chat box ကနေ အချိန်မရွေး လာမေးပါ အရေးကြီးနေလျှင် ဖုန်းဆက်ပေးပါမယ် လုပ်ဆောင်ရမယ့်အချက်တွေ အတတ်နိုင်ဆုံး ညွှန်ကြားပေးပါမယ်။ တကယ်အရေးကြီးတဲ့ လူနာတွေကို အချိန်ပေး ချင်တာကြောင့် ကာကွယ်ချင်ရုံမေးချင်တဲ့ သူများတော့ သည်းခံဖို့ မေတ္တာရပ်ခံပါတယ် ” ဆိုပြီးပြောပြခဲ့ပြီး နောက်မှာ ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Photo Credit – Sein Phyo Hlaing’s FB Acc

zawgyi

လတ္တေလာမွာ Covid တတိယလႈိင္း ျဖစ္ပြား ေနၿပီး ကူးစက္ ခံရသူနဲ႔ ေသဆုံးသူဦးေရဟာလည္း တစ္ေန႔တျခား ပိုမ်ားလာခဲ့ပါတယ္။ ျပည္သူေတြဟာလည္း တိုင္းျပည္မေအးခ်မ္းတာအျပင္ စားဝတ္ေနေရးအခက္အခဲကိုလည္းစိုးရိမ္ေနရၿပီး အခုလိုေရာဂါကပ္ေဘး အတြက္ပါ ပူပန္ေနရတာမို႔ အဖက္ဖက္က စိတ္ညစ္စရာေတြ အျပည့္ျဖစ္ေနခဲ့ပါတယ္။ လူနာဦးေရ နဲ႔ ဆရာဝန္ဦးေလးဟာ အဆမတန္ကြာဟေနၿပီး ေဆး႐ုံေဆးခန္းေတြကိုလည္း လြယ္လြယ္ကူကူ သြားလို႔ မရႏိုင္တာေၾကာင့္ ကူးစက္ခံရသူေတြအေနနဲ႔ အေတာ္ေလးကို အခက္ေတြ႕ေနၿပီး အသက္ ဆုံးရႈံးရတာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။

ဒီလိုမၿငိမ္သက္ျဖစ္ေနတဲ့အခ်ိန္မွာ နႏၵာလႈိင္ရဲ႕ေမာင္ျဖစ္သူ စိန္ၿဖိဳးလႈိင္ဟာ ကိုယ္တတ္ ထားတဲ့ ေဆးပညာကို အသုံးခ်ၿပီး ျပည္သူေတြကို တတ္ႏိုင္တဲ့ဖက္က ကူညီေပးမယ့္ အေၾကာင္း ေျပာျပလာခဲ့ပါတယ္။ ေဆး႐ုံမသြားဘဲ အိမ္မွာပဲကုသရင္း အေရးေပၚအေျခအေနျဖစ္ေနတဲ့ လူနာေတြအတြက္ ေဆာင္ရန္ေရွာင္ရန္ ေတြကို အေသးစိတ္ ေျပာျပေပးသြားမယ္လို႔ဆိုပါတယ္။ အရမ္းအေရးႀကီးတဲ့အေျခအေနေတြမွာဆိုရင္ ဖုန္းဆက္ေမးျမန္းႏိုင္တယ္ လို႔လည္း ေျပာခဲ့ပါေသးတယ္။ ဒုတိယလႈိင္းျဖစ္စဥ္ကလည္း ကိုယ္တိုင္ဝင္ၿပီး ႀကိဳးႀကိဳးစားစားကုသေပးခဲ့တဲ့ ဆရာဝန္ပီသတဲ့ ဆရာဝန္ တစ္ေယာက္လည္းျဖစ္ပါတယ္။

အားလုံးကိုကူညီေပးမယ့္အေၾကာင္းကို ” ဒီရက္ပိုင္းမွာ Covid လူနာေတြ လူႀကီးေရာ လူငယ္ေတြေရာ အမ်ားႀကီး ေတြ႕လာရပါတယ္ စင္တာေတြ ေဆး႐ုံ ေတြ လြယ္လြယ္ သြားမရတာေၾကာင့္ ပိုၿပီး ဒုကၡေတြ႕ေနရပါတယ္ အဲ့တာေၾကာင့္ Covid နဲ႔ ပက္သက္ၿပီး အိမ္မွာ အေရးေပၚလူနာ ရွိေနရင္ Chat box ကေန အခ်ိန္မေ႐ြး လာေမးပါ အေရးႀကီးေနလွ်င္ ဖုန္းဆက္ေပးပါမယ္ လုပ္ေဆာင္ရမယ့္အခ်က္ေတြ အတတ္ႏိုင္ဆုံး ၫႊန္ၾကားေပးပါမယ္။ တကယ္အေရးႀကီးတဲ့ လူနာေတြကို အခ်ိန္ေပး ခ်င္တာေၾကာင့္ ကာကြယ္ခ်င္႐ုံေမးခ်င္တဲ့ သူမ်ားေတာ့ သည္းခံဖို႔ ေမတၱာရပ္ခံပါတယ္ ” ဆိုၿပီးေျပာျပခဲ့ၿပီး ေနာက္မွာ ေက်းဇူးတင္ေၾကာင္း မွတ္ခ်က္ေတြ အမ်ားအျပားေပးခဲ့ၾကပါတယ္။

Photo Credit – Sein Phyo Hlaing’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *