ပရိသတ်ကြီးရေ Model ဇာဇာထက်ကတော့ လက်ရှိမှာဆိုရင် စီးပွားရေးကို ကြိုးစား လုပ်ဆောင်နေတာ ဖြစ်ပါတယ်နော်။ ဇာဇာထက်က online shopလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်တတ်တာကြောင့် အရမ်းအောင်မြင်နေတာဖြစ်ပါတယ်။ဇာဇာထက်က သူရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ပဲ အိမ်အသစ်ကို ဝယ်ထားပြီး လက်ရှိမှာ ပြောင်းရွှေ့ နေထိုင်နေတာ ဖြစ်ပါတယ်နော်။
ဇာဇာထက်က ရိုးရိုးသားသား နေထိုင်ပြီး သမာအာဇီဝကျစွာ လုပ်ကိုင် စားသောက်နေတာဖြစ်ပါတယ်။ ဇာဇာထက်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့စိတ်ဓာတ်ကို လေးစားပြီး အမြဲစိတ်ခွန်အားတွေတက်လာအောင် အားပေးစကားပြောပေးနေကြတာပဲဖြစ်ပါတယ်နော်။ဇာဇာထက်က တစ်ယောက်တည်း ဖြတ်သန်းနေရတဲ့ မိန်းမသား တစ်ယောက်ဖြစ်တာကြောင့် သူမကိုလာပြီးသွေးတိုးစမ်းကြတဲ့သူတွေကို ပြတ်ပြတ်သားသား ပြောလိုက်တာဖြစ်ပါတယ်။
ဇာဇာထက်က”ဟုတ်ကဲ့ ကျွန်မမှာယောကျာ်း ရှိခဲ့ဖူးပါတယ် ဆိုတာကို တစ်နိုင်ငံလုံး သိအောင်Liveလွှင့်ပြောထားပြီးသားပါနော်။ယောကျာ်းနဲ့ လည်းတရားဝင် မကွဲထားရသေးပါဘူး ဒါကြောင့်ချက်ဘောက်မှာ အစ်မလှတယ်၊ရည်းစားတော်ချင်တယ်၊ဖွန်ကြောင်ခြင်းများ၊ အချောင်လာနှိုက်ဖို့ကြိုးစားခြင်းများ၊ နှိုက်မြည်းဖို့ဒိတ်ဖို့ ကြိုးစား မိန်းမရှိရက် နဲ့ရမလားအာလာချောင်သူများလည်း ရပ်တန်းက ရပ်ပေးကြပါနော် ကျွန်မအဲ့ဒါတွေတစ်ခုမှ စိတ်မဝင် စားပါဘူး မောင်လေးတို့အစ်ကိုတို့ရေ ကျွန်မဝင်ငွေလည်းအတော်အသင့်ရှာနိုင်လို့ ဘယ်ယောကျာ်းကိုမှ စိတ်မဝင်စားတော့တဲ့ ကျားကျားလျားလျား မိန်းမသားကြီးပါရှင့်နောက်တစ်ခါလာ ပါးစပ်သရမ်း၊ချက်ဘောက်မှာစကားလာပြောရင် ကျွန်မနာမည်နဲ့တစ်ကွတင်ပေးပါ့မယ်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။
Source&Photo Credit:Zar Htet’s Facebook Account
zawgyi