CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြတဲ့ CDM Heroes များကို ပြည်သူများက ပြန်လည် ဂုဏ်ပြုတဲ့အနေနဲ့ နေ့စဉ် ည ၇ နာရီ ၄၅ မိနစ် အချိန်မှာ အိမ်ရှေ့ထွက်ကာ ၅ မိနစ်ခန့် လက်ခုပ်တီးခြင်းဖြင့် ဂုဏ်ပြုပေးဖို့ အဆိုတော် Mary က တိုက်တွန်း နှိုးဆော် ထားပါတယ်။ “Mary တို့ တိုင်းပြည်အတွက် သူရဲကောင်းတွေ ဖြစ်တဲ့ CDM ကို အဆုံးထိလုပ်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ကအစ ဘဏ် လုပ်သား၊ ရှေ့နေများအလယ် မီးရထားနဲ့ စည်ပင်ဝန်ထမ်းများ အဆုံးထိ ရွပ်ရွပ်ချွံချွံ ပါဝင် တိုက်ပွဲဝင်ကြသော
CDM Heroes များကို Mary တို့ ပြည်သူတွေကလည်း ပြန်လည် ဂုဏ်ပြုတဲ့ အနေနဲ့ ဒီနေ့မှစပြီး နေ့စဉ် ည ၇ နာရီ ၄၅ တွင် အိမ်ရှေ့ထွက်၍ ၅ မိနစ်ခန့် လက် ခုပ်တီးခြင်းဖြင့် CDM ဝန်ထမ်းများအား ဂုဏ်ပြုခြင်းပေးဖို့ တိုက်တွန်းနှိုးဆော် တောင်းဆိုလိုက်ပါတယ်ရှင်”လို့ အဆိုတော် Mary က ပြောပါတယ်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင် တွန်းလှန်ကြတဲ့ နယ်ပယ်ပေါင်းစုံမှ ပြည်သူ့ဝန်ထမ်းများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ဘဏ်လုပ် သား များ၊ ရှေ့နေများနဲ့ မီးရထား ဝန်ထမ်း၊ စည်ပင် ဝန်ထမ်းများ အထိ ဂုဏ်ပြုပေးဖို့အတွက် Mary က တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် CDM Heroes များကို လက်ခုပ်တီး ဂုဏ်ပြုပြီးတဲ့အခါမှာလည်း သံပုံး တီးဖို့အတွက် Mary က ပြောထားပါသေးတယ်။ “CDM ဝန်ထမ်းတွေကို ဂုဏ်ပြုပြီးတာနဲ့ တပြိုင်နက်တည်း ည ၈ နာရီအချိန်မှာ သံပုံးတီးခြင်းအားဖြင့် မိစ္ဆာမောင်းပွဲ ဆက်လက် လုပ်ဆောင် ကြမယ်နော်”လို့ Mary က ပြောပါတယ်။ အဆိုတော် Mary ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ ပါဝင်နေသူဖြစ်ပြီး၊ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) အတွက်လည်း လူမှုကွန်ရက် မီဒီယာမှာ ပို့စ်များ အဆက်မပြတ်
တင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
crd
zawgyi
CDM – Civil Disobedience Movement (အာဏာဖီဆန္ေရး လႈပ္ရွားမႈ) မွာ ပါဝင္ၾကတဲ့ CDM Heroes မ်ားကို ျပည္သူမ်ားက ျပန္လည္ ဂုဏ္ျပဳတဲ့အေနနဲ႔ ေန႔စဥ္ ည ၇ နာရီ ၄၅ မိနစ္ အခ်ိန္မွာ အိမ္ေရွ႕ထြက္ကာ ၅ မိနစ္ခန႔္ လက္ခုပ္တီးျခင္းျဖင့္ ဂုဏ္ျပဳေပးဖို႔ အဆိုေတာ္ Mary က တိုက္တြန္း ႏႈိးေဆာ္ ထားပါတယ္။ “Mary တို႔ တိုင္းျပည္အတြက္ သူရဲေကာင္းေတြ ျဖစ္တဲ့ CDM ကို အဆုံးထိလုပ္ၾကတဲ့ ျပည္သူ႔ဝန္ထမ္းေတြ၊ ဆရာဝန္ေတြ၊ အင္ဂ်င္နီယာေတြ ကအစ ဘဏ္ လုပ္သား၊ ေရွ႕ေနမ်ားအလယ္ မီးရထားနဲ႔ စည္ပင္ဝန္ထမ္းမ်ား အဆုံးထိ ႐ြပ္႐ြပ္ခြၽံခြၽံ ပါဝင္ တိုက္ပြဲဝင္ၾကေသာ
CDM Heroes မ်ားကို Mary တို႔ ျပည္သူေတြကလည္း ျပန္လည္ ဂုဏ္ျပဳတဲ့ အေနနဲ႔ ဒီေန႔မွစၿပီး ေန႔စဥ္ ည ၇ နာရီ ၄၅ တြင္ အိမ္ေရွ႕ထြက္၍ ၅ မိနစ္ခန႔္ လက္ ခုပ္တီးျခင္းျဖင့္ CDM ဝန္ထမ္းမ်ားအား ဂုဏ္ျပဳျခင္းေပးဖို႔ တိုက္တြန္းႏႈိးေဆာ္ ေတာင္းဆိုလိုက္ပါတယ္ရွင္”လို႔ အဆိုေတာ္ Mary က ေျပာပါတယ္။ စစ္အာဏာရွင္စနစ္အား ဆန႔္က်င္ တြန္းလွန္ၾကတဲ့ နယ္ပယ္ေပါင္းစုံမွ ျပည္သူ႔ဝန္ထမ္းမ်ား၊ ဆရာဝန္မ်ား၊ အင္ဂ်င္နီယာမ်ား၊ ဘဏ္လုပ္ သား မ်ား၊ ေရွ႕ေနမ်ားနဲ႔ မီးရထား ဝန္ထမ္း၊ စည္ပင္ ဝန္ထမ္းမ်ား အထိ ဂုဏ္ျပဳေပးဖို႔အတြက္ Mary က ေတာင္းဆိုထားတာ ျဖစ္ပါတယ္။
ဒါ့အျပင္ CDM Heroes မ်ားကို လက္ခုပ္တီး ဂုဏ္ျပဳၿပီးတဲ့အခါမွာလည္း သံပုံး တီးဖို႔အတြက္ Mary က ေျပာထားပါေသးတယ္။ “CDM ဝန္ထမ္းေတြကို ဂုဏ္ျပဳၿပီးတာနဲ႔ တၿပိဳင္နက္တည္း ည ၈ နာရီအခ်ိန္မွာ သံပုံးတီးျခင္းအားျဖင့္ မိစာၦေမာင္းပြဲ ဆက္လက္ လုပ္ေဆာင္ ၾကမယ္ေနာ္”လို႔ Mary က ေျပာပါတယ္။ အဆိုေတာ္ Mary ကေတာ့ စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ တတ္အားသေ႐ြ႕ ပါဝင္ေနသူျဖစ္ၿပီး၊ CDM (အာဏာဖီဆန္ေရး လႈပ္ရွားမႈ) အတြက္လည္း လူမႈကြန္ရက္ မီဒီယာမွာ ပို႔စ္မ်ား အဆက္မျပတ္
တင္ေပးေနတဲ့ အႏုပညာရွင္တဦး ျဖစ္ပါတယ္။
crd