CDM ဝန်ထမ်းတွေ ကို ကျန်းမာရေး စောင့်ရှောက်မှု သွားပေးကြတဲ့ CDM ဆရာဝန်တွေ အဖွဲ့နဲ့ လိုက်လုပ် အားပေးနေတဲ့ ပိုင်ဖြိုးသု

Posted on

CDM ဝန်ထမ်းတွေကို ကျန်းမာရေးစောင့်ရှောက်မှု သွားပေး ကြတဲ့ CDM ဆရာဝန်တွေ အဖွဲ့နဲ့လိုက်လုပ် အားပေးဖြစ်ပါတယ်… ဆရာဝန်အဖြစ်ဆေးမကုတာ ကြာပြီဖြစ်တာကတစ်ကြောင်း(ကျောင်းတုန်းကတည်းကလည်းကိုယ်ကပါချီပါချဲ့ဆရာဝန် စာတော်တာ မဟုတ်) ဆမလည်းမရှိတာမို့ ဆေးကုသမှုအပိုင်းကိုတာဝန်မယူပဲ CDM သူနာပြု ဆရာမလေးတွေနဲ့အတူ အထူးကု ဆရာဝန်တွေမကြည့်ခင်မှာ Vital signsတွေယူပေးရတဲ့ တာဝန်ကို ပဲယူခဲ့ပါတယ်…

CDM ဝန်ထမ်းတွေအတွက် တစ်ခုခုပြန်လည်လုပ်ပေးခွင့်ရခဲ့လို့ ပေး join တဲ့ အကိုအမတွေသူငယ်ချင်းတွေကိုအထူးကျေးဇူးပါ… နားကြပ်မကိုင်တာ(၆)နှစ်အကြာပြန်ကိုင်တော့အရင်လိုဗမာအင်္ကျီ ဝမ်းဆက်နဲ့မဟုတ် ဝရမ်းပြေးဖက်ရှင်နဲ့ဖြစ်နေရတာတော့အမှတ်တရပါပဲ… ဦးဏကြီးရောလို့မေးရင်…ဟုတ်ကဲ့ပါပါတယ်ရှင်(သူကCDMဝန်ထမ်းတွေအတွက်အလှူငွေကောက်ခံရရှိထားတာတွေကို ဦးဆောင်သူအမတွေလက်ထဲလိုက်လွှဲပေးတာပါ)

ဟိုဘက်ရပ်ကွက်ကဘာစာထုတ်ထား ထုတ်ထားကျွန်မတို့ဒီဘက်ရပ်ကွက်ကအဖက်မလုပ်ပါဘူးရှင်… ကိုယ့်လူတွေအတွက်ကိုယ်လုပ်နိုင်သမျှတော့ရှာကြံလုပ်နေကြမှာပါ… အရေးတော်ပုံအောင်ရမည်

CivilDisobedienceMovement

zawgyi

CDM ဝန္ထမ္းေတြကို က်န္းမာေရးေစာင့္ေရွာက္မႈ သြားေပး ၾကတဲ့ CDM ဆရာဝန္ေတြ အဖြဲ႕နဲ႔လိုက္လုပ္ အားေပးျဖစ္ပါတယ္… ဆရာဝန္အျဖစ္ေဆးမကုတာ ၾကာၿပီျဖစ္တာကတစ္ေၾကာင္း(ေက်ာင္းတုန္းကတည္းကလည္းကိုယ္ကပါခ်ီပါခ်ဲ႕ဆရာဝန္ စာေတာ္တာ မဟုတ္) ဆမလည္းမရွိတာမို႔ ေဆးကုသမႈအပိုင္းကိုတာဝန္မယူပဲ CDM သူနာျပဳ ဆရာမေလးေတြနဲ႔အတူ အထူးကု ဆရာဝန္ေတြမၾကည့္ခင္မွာ Vital signsေတြယူေပးရတဲ့ တာဝန္ကို ပဲယူခဲ့ပါတယ္…

CDM ဝန္ထမ္းေတြအတြက္ တစ္ခုခုျပန္လည္လုပ္ေပးခြင့္ရခဲ့လို႔ ေပး join တဲ့ အကိုအမေတြသူငယ္ခ်င္းေတြကိုအထူးေက်းဇူးပါ… နားၾကပ္မကိုင္တာ(၆)ႏွစ္အၾကာျပန္ကိုင္ေတာ့အရင္လိုဗမာအက်ႌ ဝမ္းဆက္နဲ႔မဟုတ္ ဝရမ္းေျပးဖက္ရွင္နဲ႔ျဖစ္ေနရတာေတာ့အမွတ္တရပါပဲ… ဦးဏႀကီးေရာလို႔ေမးရင္…ဟုတ္ကဲ့ပါပါတယ္ရွင္(သူကCDMဝန္ထမ္းေတြအတြက္အလႉေငြေကာက္ခံရရွိထားတာေတြကို ဦးေဆာင္သူအမေတြလက္ထဲလိုက္လႊဲေပးတာပါ)

ဟိုဘက္ရပ္ကြက္ကဘာစာထုတ္ထား ထုတ္ထားကြၽန္မတို႔ဒီဘက္ရပ္ကြက္ကအဖက္မလုပ္ပါဘူးရွင္… ကိုယ့္လူေတြအတြက္ကိုယ္လုပ္ႏိုင္သမွ်ေတာ့ရွာႀကံလုပ္ေနၾကမွာပါ… အေရးေတာ္ပုံေအာင္ရမည္

CivilDisobedienceMovement

Leave a Reply

Your email address will not be published. Required fields are marked *