CDM လုပ်လို့ ဖိအား ပေး ရုံးတက် ခိုင်း လာ တဲ့ အပေါ် KBZ ဘဏ်ဝန်ထမ်း တစ် ဦး တုန့်ပြန်ရေးတဲ့ စာ

Posted on

ကျွန်မကို ကျွန်မ မန်နေဂျာက အလုပ်တတ်ဖို့ကိစ္စ ဖုန်းဆက်မေးတယ်။ ကျွန်မ ပြန်ပြောခဲ့ တဲ့စကား တစ်ခွန်းတည်း “မတတ်ပါဘူး”လို့ တခြားဘယ်သူတတ်မှာလဲ..မတတ်ဘူးလဲဆိုတာ မေးလဲမမေးဘူး အဖော်ညှိစရာလဲမလိုဘူးလေ။

“အာမခံချက်”ရှိလို့ လုပ်တာမဟုတ်ဘူး”ယုံကြည်ချက်” ကြောင့် လုပ်ကြတယ် ဆိုတာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းမို့ အာမခံချက်မရှိဘူး ဆိုတဲ့လူတွေကိုသိစေချင်တယ်။တော်လှန်ရေး profile တွေချိန်းပြီး CDM CDM ဝန်းရံပေးဆိုပြီး

အာဗြဲအောင်အော်ပြီးမှ ဖင်ရှုးသွား တဲ့ လူတွေကိုသိစေချင်တယ်။သူများ CDM ဆို လိုက် CDM အိမ်မှာ အိပ်လိုက်စားလိုက် သူများအလုပ်ပြန်တတ်မယ်ဆို ကိုယ်လဲပြန်တတ် ကိုယ်ပိုင်ခံယူချက် ပျောက်နေတဲ့သူတွေကိုသိစေချင်တယ်။

အရေးတော်ပုံအောင်မြင်ဖို့ဆိုရင် ကျွန်မ အတွက် အာမခံချက် မလိုပါဘူး။ ေ သခဲ့ရတဲ့သူတွေ ေ သရကျိုးနပ်အောင် လူတွေထပ်မ ေ သရအောင် ရင်းရဲပါတယ်။ကျွန်မရဲ့အလုပ်ကပြန်ရှာလို့ရပေမဲ့ အသက်တွေသာ ေ သ ခဲ့ရင် ပြန်မဝယ်

ပေးနိုင်ဘူးရှင်။အဆုံးထိ CDM ပါဆိုတဲ့စကားကို လူထင် ကြီးအောင် တင်ခဲ့တာ မဟုတ်သလို အဆုံးထိဆိုတဲ့ စကားရဲ့အဓိပ္ပာယ် အတိုင်း တာဝန်ယူပြီး ပြည်သူနဲ့အတူရပ်တည်သွားမှာပါ။KBZ တစ်ခေတ်တုန်းက ကျွန်မအမေက

ကျွန်မကို KBZ ဝန်ထမ်းဖြစ်စေချင်ခဲ့တာ။ အလုပ်လျှောက်ရင် တောင် တစ်ခြားဘဏ်မှာမလျှောက်ခိုင်းခဲ့ဘူး အမေ့ဆန္ဒကြောင့်ပဲ တစ်ခြားအလုပ်တွေကနေပြောင်းခဲ့ပြီး အလုပ်ရတုန်းက အမေက ငါ့သမီး uniform လေးနဲ့ ferry လေးနဲ့

တည်တည်ငြိမ်ငြိမ်လေးဖြစ်သွားပြီဆိုကျေနပ်ခဲ့ဖူးတာ။ကိုယ်တိုင်လည်း ကိုယ့်အလုပ်ကိုချစ်လွန်းလို့ ခုထိပေးဆပ်ရတာနဲ့ပြန်ရတာမတန် ဘာအခွင့်အရေးမှ မရ/မယူ ခဲ့တာတောင် မစွန့်လွတ်နိုင်ပဲလုပ်ခဲ့တာ ခုတော့ နှုတ်ဆက်ချိန်တန်ပါပြီ။

စွန့် လွတ်ရကျိုးနပ်ပါတယ်။စွန့်လွတ်ရတာ တန်ပါတယ်။ ကိုယ့်ယုံကြည်ချက် အတိုင်းရှေ့ဆက်လှမ်းမယ်အရေး တော်ပုံ အောင်ရမည်။ CDM ဆက်လုပ်နေတဲ့ ပုပ္ပလိက ဘဏ်ဝန်ထမ်းတွေ အားလုံးကို လေးစားပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *