CDM လုပ်နေ ကြသူများ အတွက် သတင်း စကား ပါလာတဲ့ မင်းမော်ကွန်း

Posted on

CDM လုပ်နေကြသူများ

တကယ်တော့ ဝန်ထမ်းတွေ CDM လုပ်ရတာ

အခက်အခဲတွေ အများကြီးစွန့်လွှတ် အနစ်နာခံပြီး

စတေးရတာတွေ အများကြီးလေ

အလုပ်ကလည်း ပြုတ်နိုင်တဲ့ အပြင်

အခန့်မသင့်ရင်အဖမ်းပါခံ ရနိုင်တာကိုး

အပြောက်ရှင်းခံရတဲ့သူတွေလည်း ရှိနိုင်ပါတယ်

ဒါပေမယ့်ကျွန်တော်တို့လည်းတူတူပါပဲ

ဒီတော်လှန်ရေးကဘယ်နေ့ဘယ် ပုံစံနဲ့

စွန့်ခွာသွားရမလဲမသိ မနက်ဖြန် ထားလို့

စက္ကန့်ပိုင်းအတွင်းမှာအချိန်မရွေးသေသွားနိုင်တဲ့

သူတွေပါ CDM လုပ်တဲ့ သူရဲကောင်းဝန်ထမ်းများ

Pressure မပိစေဖို့လမ်းပေါ်တက်ရုန်းကန်

နေကြတာပါ

ဝန်ထမ်းတွေကိုCDM လုပ်ခိုင်းဖို့စည်းရုံးရတာ

သိပ်အားနာရပေမယ့်နိုင်ငံကိုကယ်တင်နိုင်မယ့်

ကယ်တင်ရှင်တွေဖြစ်တဲ့ အတွက် ကျွန်တော် တို့

အသက်တွေမိသားစုတွေ ဘဝ အနာဂါတ်တွေ

နဲ့ရင်းပြီးကြိုးစားခဲ့ကြတယ်

အောင်မြင်မှုအထိုက်အလျောက်

ရတယ် ဝန်ထမ်းအများစုနားလည်ကြတယ်

တကယ်လည်း သတ္တိရှိရှိ CDM မှာအနစ်နာခံပြီး

တိုင်းပြည်အနာဂါတ်အကျိုးသယ်ပိုးကြသူများပါ

သိပ်လေးစားပါတယ်အရမ်းအားတက်ပါတယ်

ကျေးဇူးလဲတင်ဂုဏ်လဲယူတယ်ဗျာ

CDMကိုဝင်မပါကြသူ ဝန်ထမ်းများကိုရော

Sorry ပါပဲCDMစာရင်းပိတ်လိုက်ပါပြီ

နေကြပါတော့ သူ့စိတ်နဲ့သူလေ

ပုံမှန်ဘဝမှပဲနေချင်ကြတယ်

ပြောင်းလဲချင်တဲ့စိတ်မရှိ

တိုင်းပြည်အရေးထက်ကိုယ့်အရေး

ကိုယ့်မိသားစုအရေးပဲကိုယ်ပိုဂရုစိုက်တယ်

တနည်းအားဖြင့်တိုင်းပြည်ကို ကယ်တင်ခွင့် ရှိရဲ့နဲ့

လူငယ်လေးတွေ ပြည်သူတွေ

ဒီလောက်သေနေကြတာတောင်မှ

မသိချင်ယောင်မကြားချင်ယောင်

မမြင်ချင်ယောင်ဆောင်နေကြသူများ

နောက်တစ်နည်းအားဖြင့် မတရားမှုကို အားပေးသူများ ပြည်သူ့လစာစား ပြီးပြည်သူကို

မကယ်တင်ရဲသူခပ်ညံ့ညံ့

သွေးကြောင်တဲ့လူတွေကိုး

စစ်တပ်နဲ့ရဲလိုပဲ

ပြည်သူတွေ လမ်းပေါ်သေနေတာကိုမငဲ့ညှာတဲ့

အာဏာရှင်ရဲ့ကျွန်တွေ တိုင်းပြည်သစ္စာဖေါက်တွေပေါ့လေ

ခင်များတို့အိမ်ကိုတံခါးလာမဖျက်ခင်အချိန်ထိတော့

ခင်များတို့ရထားတဲ့ကျွန်ဘဝသက်ဆိုးရှည်နေဦးမှာပေါ့

ကျွန်တော်တို့နိုင်မယ့်ပွဲနော်

ကျွန်တော်တို့နိုင်မယ့်ပွဲ ပါခင်မျ

ထပ်ပြောမယ်

CDMစာရင်းပိတ်ပါပြီ

ကျွန်တော်တို့ပြည်သူသန်းခြောက်ဆယ်ဆန့်တဲ့

ထောင် ကမ္ဘာပေါ်မှာမရှိသေးဘူး

ပြည်သူ့အားနဲ့ ဆက်တိုက်ပါမယ်

အောင်တဲ့အထိ သေတဲ့အထိဆက်တိုက်ပါမယ်

ကျွန်တော်တို့ရဲ့မျိုးဆက်သစ်

သားသမီးတွေနဲ့ တိုင်းပြည်အနာဂါတ်အတွက်

ကျွန်တော့်အသက်ကိုပေးလှုပါတယ်

ကျွန်တော်တို့မရှိရင်လည်းကျန်ခဲ့သူတွေ

ဆက်ချီတက်နေဦးမယ်ဆိုတာယုံကြည်ပါတယ်

အရေးတော်ပုံ အောင်ရမည်။

celeupdatenews

Leave a Reply

Your email address will not be published. Required fields are marked *