CDM မှာ ပါဝင် ပူးပေါင်း ပေးဖို့ ဝန်ထမ်းတွေ ကို တောင်းဆိုလိုက်တဲ့ ပုံစံကြောင့် ဝန်းရံသူ အချင်းချင်း ပင်အံံ့သြသွား ရစေတဲ့ ကျော်ထက်အောင်

Posted on

အစီအစဉ်တင်ဆက်တဲ့နေရာမှာ နားဆင်နေတဲ့သူတွေ ကို အသံပါဝါ အားကောင်းကောင်းနဲ့ ပြောဆိုတတ်သူကတော့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်….ကျော်ထက်အောင်က Myanamar Idol အဆိုပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူ အဖြစ်ဆက်တိုက်ပါဝင်လာ

သူဖြစ်ပြီးနောက်ပိုင်းမှာတော့ ကျော်ထက်အောင် ကရုပ်ရှင် ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်လာသူဖြစ်ပါတယ်…ချူဆီ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ထက်အောင်ရဲ့သရုပ်ဆောင်မှုတွေကြောင့် ကျော်ထက်အောင်ကို ပရိသတ်အများအပြားက

လည်း ဆက်လက်ရိုက်ကူးပေးဖို့ တောင်းဆိုထားကြတာလည်း ဖြစ် ပါတယ်…ခုနောက်ပိုင်း မှာတော့ ကျော်ထက်အောင်လည်း ကြော်ငြာများကိုလည်း ဆက်တိုက် လက်ခံရိုက်ကူးလာပြီး အဆိုတော် ဖြူဖြူကျော်သိန်းနဲ့လည်း အတွဲ MTV များကိုလည်း ဆက်တိုက်

ရိုက်ကူးနေပြီး စုံတွဲပုံလေးတွေကိုလည်း နှစ်ယောက်သားက ဆင်တူ တင်ပေးတတ်လေ့ ရှိတာကြောင့် ကျော်ထက်အောင်နဲ့ ဖြူဖြူကျော်သိန်းကို ချစ်ကြတဲ့ ပရိသတ်များကတော့ နှစ်ယောက်သားကအရမ်းလိုက်ဖက်တာကြောင့် မြန်မြန်လက်တွဲလိုက်ဖို့လည်း တိုက်တွန်း

ထားကြပါသေးတယ်….ဒါ့အပြင် မကြာသေးခင်ကာလမှာလည်း ကျော်ထက်အောင်က ဖြူဖြူကျော်သိန်း ကို လက်စွပ်လေး လက်ဆောင်ပေးလိုက်တာကြောင့် လည်းပရိသတ်များအတွက် အလွန်ကို ရိုတတ်တဲ့အတွဲဆိုပြီးလည်း မှတ်ချက်ပေးခဲ့ကြပါသေးတယ်

…ကျော်ထက်အောင်ကတော့ အနုပညာမှာတင် လူချစ်လူခင်များသူမ ကဘဲ ဒီနေ့လေးမှာလည်း ပြည်သူများ အတွက် သူ့ဘက်က တတ်နိုင်သလောက်ကို ပေးဆပ်ပြခဲ့ပြန်ပါတယ်…ပြည်သူများက တင်မြောက်ထားတဲ့ အစိုးရကို စစ်တပ်ကမတရားဖမ်းဆီးပြီး အာဏာသိမ်းထား

တာကြောင့် ပြည်သူများဘက်က အစွမ်းကုန် အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ဝန်ထမ်းများ ကလည်း ရုံးမတက်ဘဲ ဆန္ဒဖော်ထုတ်နေကြများ ရှိကြပါတယ်….တစ်ချို့ ဝန်ထမ်းများကတော့ ပြည်သူ့ဘက်ကို ငဲ့မကြည့်ဘဲ ကိုယ်ကျိုးနဲ့စစ်အာဏာရဲ့ အမိန့်

ကိုကြောက်ကြတာကြောင့် ရုံးဆက်လက် တက်နေကြသူများလည်း ရှိတာကြောင့် အဆိုပါ ရုံးတတ်သူများကို ကျော်ထက်အောင်က CDM မှာပါဝင်ပေးဖို့ ဒူးထောက်တောင်းပန်လိုက်တာ ဖြစ်ပါတယ်…အကောက်ခွန် ရုံးရှေ့ ဝန်ထမ်းများရှေ့မှာ အတူဝန်းရံနေကြတဲ့

အခြားပြည်သူများလည်း အံ့သြသွား ရလောက်အောင် ဖြစ် ခဲ့ကြရပါတယ်…အခြားပြည်သူများကလည်း ကျော်ထက်အောင်ရဲ့ အစွမ်းကုန်ပါဝင်အားဖြည့်မှုတွေအတွက် ကျေးဇူးတင်စကားတွေနဲ့ ဂုဏ်ပြုပေးခဲ့ကြပါတယ်…Cele World ပရိသတ်ကြီးလည်း ကျော်ထက်အောင်အတွက် အားပေးစကားလေး ပြောပေးသွားကြပါအုံးနော်…

Source : Kyaw Htet Aung

Leave a Reply

Your email address will not be published. Required fields are marked *