“CDM ကို လုပ် ဖို့ ဆုံးဖြတ် ချက် ချ လိုက်ပြီ” ပါမောက္ခ ဒေါက်တာဇော်ဝေစိုး

Posted on

ကျွန်တော် ပါမောက္ခချုပ်တစ်ဦးဖြစ်ပါတယ်။ ကျွန်တော် အရိုးရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အရိုးရောဂါ ကုသမှု နည်းပညာ အသစ်များ ခွဲစိတ်မှု အသစ်များ များစွာကို ပြုလုပ်သင်ကြားပို့ချပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုအပ်နေတဲ့ အရေးပေါ်ဆေးပညာနှင့် အ‌‌ရေးပေါ်ဆေးပညာ ဌာနကို စတင်တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်နေတဲ့ ကျောရိုးခွဲစိတ်မှုပညာနဲ့ ကျောရိုးခွဲစိတ်မှု ပညာဌာနကို စတင်တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်လျက်ရှိတဲ့ အရေးပေါ်လူနာတင်စနစ်ကိုလည်း စတင် တည်‌ထောင်ဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ ဆေးပညာရှင်များ သူနာပြုများ ဆေးပညာ ဆေးလောကသားများအတွက် Skill, Simulation and Research center လို့ခေါ်တဲ့ သင်ကြားပို့ချရေး အဆင့်မြင့်ပညာဌာနကြီးကိုလည်း စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

Covid-19 pandemic ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး Covid-19 ကာကွယ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ခဲ့သူ၊ Covid-19 ရောဂါ ကုသရေး ကာကွယ်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Covid-19 အနေအထားအရ Community ထဲမှာ အထိုက်အလျောက် Immunity ရရှိနေပြီလို့ ယူဆရပါတယ်။ ပျံ့နှံ့ကူးဆက်မှု ကျဆင်းနေပြီး

3rd wave မဖြစ်အောင် Mask တပ်ဖို့၊ လက်ဆေးဖို့ ခပ်ခွာခွာနေဖို့ လိုပါသေးတယ်။ တစ်ဦးကို တစ်ဦးသတိပေးဖို့လဲ လိုနေပါသေးတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ဆန္ဒတွေ ဖော်ထုတ်ကြရပါမယ်။ ကျွန်တော်ဘာမှ မလိုချင်တော့ပါဘူး။

ကျွန်တော့်အသက် ၆၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် သေမယ်ဆို သေလို့ရပါပြီ။

ကျွန်တော့် အတွက်ဆိုရင် ဘုရား၊ တရားနဲ့ နေဖို့ပဲ ရှိပါတော့တယ်။

ကျွန်တော်အလုပ် လုပ်နေခြင်းဟာ မြန်မာနိုင်ငံအတွက် အလုပ် လုပ်နေခြင်းဖြစ်ပါတယ်။

နိုင်ငံ အောက်တန်းကျ နေသောကြောင့်၊ နိုင်ငံ ဆင်းရဲနေသောကြောင့် နိုင်ငံ ဒုက္ခရောက်နေသောကြောင့် အလုပ်လုပ်နေခြင်း ဖြစ်ပါတယ်။

ကျွန်တော့်မှာ ဆန္ဒတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ တည်ငြိမ်အေးချမ်းတဲ့၊ လွတ်လပ်ပြီး တရားမျှတဲ့ မျိုးဆက်သစ်တွေအတွက် အာမခံချက်ရှိတဲ့ မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံ့အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံ့အကြီးအကဲနှင့် နိုင်ငံသားတစ်ယောက်ကို အကျိုးအကြောင်းမရှိ အချိန်မရွေး မျှတတဲ့ အများလက်ခံတဲ့ ဥပဒေနဲ့ မဟုတ်ဘဲ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းပြီး စီရင်နိုင်တဲ့၊ တရားစွဲအမှုလုပ်နိုင်တဲ့ နိုင်ငံ မဖြစ်ချင်ပါဘူး။

လက်နက်အားကိုး၊ လက်နက်ရှိတဲ့သူက အင်အားကြီးတဲ့သူက အနိုင်ရနေတဲ့ နိုင်ငံ မဖြစ်ချင်ပါဘူး။

အဲဒီလိုစနစ်၊ အဲဒီလို နိုင်ငံမျိုးမှာ ကိုယ်ကိုယ်တိုင်လည်း လူမဖြစ်ချင်လို ကိုယ့်သားသမီး၊ ကိုယ့်တပြည့်၊ ကိုယ့်ရဲ့မျိုးဆက်သစ်တွေကိုလည်း မထားခဲ့ချင်ပါဘူး။

မထားခဲ့နိုင်ပါဘူး။ ဆရာတို့‌ဆေးပညာနဲ့ ဆေးကုသမှု ဆေးလောကအတွက်ကတော့ လူနာသာ ပထမ၊ လူနာသာ အဓိကပါ။

မိမိအတွက်၊ ကိုယ့်အတွက်၊ ကိုယ်ကျိုးအတွက်ဆိုတာ နောက်မှ စဉ်းစားရတာ ဖြစ်ပါတယ်။

တို့တိုင်းပြည်၊ တို့လူမျိုး၊ တို့ပြည်သူတွေ တို့လူနာတွေ ကောင်းမွန်တဲ့ ဆေးကုသမှု မရခဲ့တာ၊ ကျန်းမာရေး‌စောင့်ရှောက်မှုတွေ မရခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။

တို့လူနာတွေ တို့ပြည်သူတွေ ခံစားခဲ့ရ သေခဲ့ရ နာခဲ့ရ နာကျင်စွာ ခံစားခဲ့ရတာတွေ ကြာပါပြီ။

တို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစားတို့ ဘယ်လောက်ပဲ အနစ်နာခံ အနစ်နာခံ တို့ဘယ်လောက်ပဲ စွန့်လွှတ် စွန့်လွှတ် မတိုးတက်ပါဘူး။

တို့ လူနာတွေ မသက်သာပါဘူး။ တို့လူနာတွေ အသက်မရှင်ပါဘူး။ အဲဒါ ဘာကြောင့်လဲ။ စနစ်ကြောင့် ဖြစ်ပါတယ်။

အဲဒီစနစ်ကို ပြောင်းလဲပစ်မှ ရမယ်။ တည်ငြိမ်တဲ့ စနစ်တစ်ခုကို တို့ တည်ဆောက်ကြရမယ်။ အာမခံချက်ရှိတဲ့ တည်မြဲတဲ့ တည်ငြိမ်တဲ့ လုံခြုံတဲ့ စနစ်တစ်ခုကို ရရှိမှ ဖြစ်ပါတယ်။

အခုလို ထစ်ခနဲရှိ အာဏာသိမ်း၊ ထစ်ခနဲရှိ ဖမ်းဆီး၊ ထစ်ခနဲရှိ ဖျက်လိုက် ပြောင်းလိုက် လုပ်နေရင်တော့ တို့တတွေ တည်ငြိမ်တဲ့ တည်မြဲတဲ့ လုံခြုံတဲ့ဘဝ ဘယ်တော့မှ ရမှာ မဟုတ်တော့ပါဘူး။

အနာဂတ် နောင်ကမ္ဘာတည်သရွေ့ တို့လူနာတွေ ကောင်းစေဖို့၊ အနာဂတ်နောင်ကမ္ဘာတည်သရွေ့ တို့လူနာတွေ နာကျင်မှု ကင်းမဲ့စေဖို့၊ နောင်အနာဂတ် ကမ္ဘာတည်သရွေ့ တို့ လူနာတွေ အသက်ရှည်စေဖို့

တို့ ကြိုးစားကြစို့။

တို့ စွန့်လွှတ်ကြစို့။

တို့ အနစ်နာခံကြစို့။

တို့ အပြစ်တင်လည်း ခံကြစို့။

တို့ ကျိန်ဆဲလည်း ခံကြစို့။

ဒီအချိန်မှာ အနာဂတ်မြန်မာပြည်ကောင်းစားဖို့ အနာဂတ်ပြည်သူတွေ ကောင်းစားဖို့ အနာဂတ်လူနာပေါင်းများစွာအတွက် တို့တတွေ အဓိဋ္ဌာန်ပြုကြစို့။

-ကျွန်ုပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ ကျန်းမာရေး စိတ်၏ ချမ်းသာရေးကို ကျွန်ုပ်၏ အရေးကဲ့သို့ ယူဆပါအံ့

-ကျွန်ုပ်အားဆေးပညာသင်ကြားပေးခဲ့သော ဆရာသမားများအား မိဘသဖွယ် ရိုသေ လေးစားပါအံ့

-ကျွန်ုပ်သည် လုပ်ဖော်ကိုဖက် ဆေးပညာရှင်များကို ညီရင်းအကို မောင်ရင်းနှမကဲ့သို့ လေးစားစွာ ဆက်ဆံပါအံ့

-ကျွန်ုပ်သည် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခာ အစဉ်အလာကို ထိန်းသိမ်းပါအံ့

-ကျွန်ုပ်သည် စည်းပူး တတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာန ပုဂ္ဂိုလ်များ၏ ကျန်းမာ‌ရေးကို စေတနာ မေတ္တာရှေ့ထား၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက်ကုသပါအံ့။

-ကျွန်ုပ်သည် ဂီလာန ပုဂ္ဂိုလ်များ ကုသစဉ် တွေ့မြင်ကြားသိရသည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စများကို ဖွင့်ဆိုအပ်သည်တို့မှ လွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြဉ်ပါအံ့။

-ကျွန်ုပ်သည် လူသားတို့အား ဘေးဥပါဒ် ဖြစ်စေမည့်ဆေး။ သေစေတတ်သည့် ဆေးများကို ကိုယ်တိုင် ပေးခြင်းမှသော်လည်းကောင်း၊ သူတပါးအား ပေးစေခြင်းမှသော်လည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။

-ကျွန်ုပ်သည် တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။

-ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့် အသက်ကို တန်ဖိုးထားလေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့။

ဤကတိသစ္စာပြုသိအတိုင်း ဆောင်ရွက်ပါသော် အကျွန်ုပ်သည် ကောင်းကျိုအင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေသား။

တို့ ဘယ်သူ့ကို မှ မမုန်းဘူး။

ဒါပေမဲ့

တို့ ပြည်သူတွေကို စေတနာထားတဲ့သူ၊

တို့ပြည်သူတွေကို လုံခြုံစေတဲ့သူ၊

တို့ပြည်သူတွေကို စိတ်ချမ်းသာစေတဲ့သူ၊

တို့ပြည်သူတွေကို ကျန်းမာအောင် အသက်ရှည်အောင် ထားနိုင်တဲ့သူ၊

တို့ပြည်သူတွေကို ထမင်းဝအောင် ကျွေးနိုင်တဲ့သူ၊

တို့ပြည်သူတွေကို စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိစေနိုင်တဲ့သူကို

သဘောကျတယ်။ ထောက်ခံတယ်။ ဦးဆောင်စေချင်တယ်။ ချစ်တယ်။

တို့ပညာရေး၊ တို့ကလေးတွေရဲ့ ပညာရေး တို့ မျိုးဆက်သစ်တွေရဲ့ ပညာရေးအတွက် ပညာရေးကို ဦးဆောင်နေသူတစ်ယောက်အနေနဲ့ တက္ကသိုလ်တွေအားလုံးရဲ့ ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လုံးဝ (လုံးဝ) စိတ်မကောင်းဘူး။

ထက်မြက်တဲ့ တော်တဲ့ ထူးချွန်တဲ့ ဦးနှောက်ကောင်းတဲ့ သူတွေ ရှိနေလျက်နဲ့ တို့ပညာရေးက ရှိသမျှ ကမ္ဘာပေါ်က နိုင်ငံတွေထဲမှာ အောက်ဆုံး ရောက်နေခဲ့တာ မကျေနပ်ဘူး။

ဒါဟာ တစ်ရက် တစ်မနက် တစ်လ တစ်နှစ် ရနိုင်တဲ့ ကိစ္စမဟုတ်ဘူး။

နှစ်ပေါင်းများစွာ ကြိုးစားကြမှ တည်ဆောက်ကြမှ အားထုတ်ကြမှ တည်ငြိမ်မှ အေးချမ်းမှ သာယာဝပြောမှ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့ အဆင့်မြင့်တဲ့ ပညာရေးကို ထားခဲ့နိုင်မှာ ဖြစ်တယ်။

အခုလို စနစ်မျိုး အခုလို ဘဝမျိုး အခုလို နိုင်ငံမျိုးမှာ ဘယ်လိုမှ ပညာရေး မတိုးတက်နိုင်ဘူး။

ပညာရေးက မတည်ငြိမ်နိုင်ဘူး။

လွတ်လပ်စွာ ပညာမသင်ကြားနိုင်ဘူး။

ကောင်းမွန်တဲ့ အဆင့်မြင့်တဲ့ ပညာကို သင်ကြားနိုင်မှာ မဟုတ်ဘူး။

ကျွန်ပညာရေး၊ တပည့်ခံ ပညာရေးပဲ ရနေမှာ ဖြစ်တယ်။

ထိုးထွင်းဉာဏ်မရ၊ ထိုးဖောက်တွေးခေါ်ခွင့်မရ အဖိနှိပ်ခံ ပညာရေးပဲ ရမှာဖြစ်တယ်။

အခုကိစ္စအခုအချိန်မှာ အစိုးရိမ်ဆုံး၊ စိတ်အထိခိုက်ဆုံး မျှော်လင့်ချက်တွေ အကင်းမဲ့စေဆုံးကတော့ ငါတို့ရဲ့ ပညာ‌ရေး

အနာဂတ်ရဲ့ ပညာရေး မျိုးဆက်သစ်ရဲ့ ပညာရေးပဲဖြစ်တယ်။

မျိုးဆက်သစ်တို့ သားသမီး မြေးမြစ်တို့ အဖေ တောင်းပန်ပါတယ်။

အဘိုးတောင်းပန်ပါတယ်။

အဖေတို့ တာဝန်မကျေခဲ့ဘူး။

အဘိုးတို့ တာဝန်မကျေခဲ့ဘူး။

အဖေတို့ ကိုယ့်အတွက်ပဲ ကြည့်ခဲ့ကြတယ်။ အဖေတို့ အဖိုးတို့ တာဝန်ကျေအောင် ဆောင်ရွက်ကြပါတော့မယ်။

အဖေလို အဘိုးလို အခေါ်ခံထိုက်တဲ့ သူတွေဖြစ်အောင် ကြိုးစားကြမယ်။

စွန့်လွှတ်ကြမယ်။

တိုက်ပွဲဝင်ကြပါတော့မယ်။

Civil Disobedience movement အောင်မြင်အောင် စနစ်တကျ ဆောင်ရွက်ကြရမယ်။

ကြိုတင်ပြင်ဆင်ကြဖို့ လိုအပ်တယ်။

အကောင်အထည်ဖော်ကြဖို့ ဝိုင်းဝန်းကြဖို့ လိုအပ်တယ်။

ဆရာဝန်ဆိုတော့ လူနာအတွက် စဉ်းစားရမှာပဲ။ အရေးပေါ်အခြေအနေအတွက် စဉ်းစားရမှာပဲ။ ကိုယ်ချင်းစာ စိတ်နဲ့၊ ငါသာ လူနာဆိုရင် ဆိုတဲ့ စိတ်နဲ့ စဉ်းစားကြရမယ်။

လူနာနေရာမှာ ငါတို့ဆိုရင် ဘာဖြစ်ချင်လဲ ဆိုတာ စဉ်းစားရမယ်။

ဝေဒနာ ခံစားမှုကို သက်သာပျောက်ကင်းအောင် တို့.. ဆောင်ရွက်ကြရမယ်။

ပရဟိတ အရေးပေါ်ဌာနတွေ ပရဟိတ ဆေးခန်းတွေ ပရဟိတ ဆေးရုံတွေ နေရာအတိအကျနဲ့ ဖော်ပြပြီး ဖွင့်ရမယ်။

အခမဲ့ ကုသနိုင်အောင် စီစဉ်ကြရမယ်။

စွန့်လွှတ်ဖို့၊ စွန့်စားဖို့၊ အခြေအနေမကောင်းရင် အနှိပ်စက်ခံ အသက်ပေးဖို့အထိ စဉ်းစားထားကြရမယ်။

ဒါဟာ တစ်နေ့ တစ်ရက် ပြီးသွားမဲ့ကိစ္စမဟုတ်ဘူး။ တစ်နေ့ တစ်ရက်နဲ့ မအောင်မြင်နိုင်ဘူး။ နေ့ပေါင်းများစွာ၊ လိုအပ်ရင် လပေါင်းများစွာ ငါတို့ ဆောင်ရွက်ရမယ့်၊ ငါတို့ စွန့်လွှတ်ရမယ့် ၊ ငါတို့ အနစ်နာခံရမယ့် ငါတို့ ပေးဆပ်ရမဲ့ တိုက်ပွဲတစ်ခုဖြစ်တယ်။

သူတို့ဟာ Infra structure ရှိပြီးသား နှစ်ပေါင်းများစွာ စနစ်တကျ တည်ဆောက်ထားတဲ့ အဆောက်အဦကြီး၊ အဖွဲအစည်းကြီးတဲ့ စနစ်ရှိပြီးသားဖြစ်တဲ့ သူတွေဖြစ်တယ်။ ဒါပေမဲ့ တို့မှာ တိုက်စရာ ဒီလက်နက်ပဲ ရှိတယ်။

တို့တော်လှန်ကြောင်း၊ တို့ ညီညွတ်ကြောင်း၊ တို့ စွန့်လွှတ်နိုင်ကြောင်း၊ တို့ခိုင်မာကြောင်း တို့ ပြကြရမယ်။

ဒီနည်းလမ်းပဲရှိတယ်။

ဒါ့‌ကြောင့်တို့ ဆုံးဖြတ်ချက် ချပြီးပြီ။

တို့ဆန္ဒကို ဖော်ထုတ်ကြမယ်။

တို့ CDM ကို လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ။ အသေးစိတ် အစီအစဉ်တွေ ရေးဆွဲ ဖွဲ့စည်း တည်ဆောက်ရမယ်။ တည်ဆောက်နေတယ်။ တို့မရှိတော့ရင် ဘယ်သူ ဆက်မလဲ ဘယ်သူ ဦးဆောင်မလဲ။

ကွန်ရက်ဖွဲ့စည်းရမယ်။

ရည်ရွယ်ချက်၊ ဦးတည်ချက်၊ မဆုတ်မနစ်တဲ့ ဇွဲရှိတဲ့သူ အနစ်နာခံနိုင်တဲ့သူ။

အဖမ်းဆီးခံနိုင်တဲ့သူ၊ အနှိပ်စက်ခံနိုင်တဲ့သူ အသက်ပေးနိုင်တဲ့သူတွေ ပါဝင် ဦးဆောင်ကြရမယ်။

အဆုံးစွန်အထိ တိုက်ခိုက်ကြရမယ်။

အဆုံးစွန်အထိ တော်လှန်ကြရမယ်။

အဆုံးစွန်အထိ ဆင်နွှဲကြရမယ်။

ငါ ဘာမှ မဖြစ်ချင်ဘူး။ ငါ ဘာမှ မလိုချင်ဘူး။ ငါဘာမှ မတောင်းဆိုဘူး။

အနာဂတ်အတွက် မျှော်လင့်ချက်တွေရှိတဲ့…

အနာဂတ်အတွက် အလင်းရောင်တွေ ဖြာဝေနေတဲ့….

အနာဂတ်အတွက် ထာဝရအာမခံချက်ရှိတဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် နေ့သစ်တစ်ခု ခေတ်သစ်တစ်ခု စနစ်သစ်တစ်ခု ရရင် ငါ သေလို့ရပြီ။

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး

zawgyi

ကြၽန္ေတာ္ ပါေမာကၡခ်ဳပ္တစ္ဦးျဖစ္ပါတယ္။ ကြၽန္ေတာ္ အ႐ိုးေရာဂါအထူးကု ဆရာဝန္ႀကီးတစ္ဦးလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြက္ လိုအပ္ေနတဲ့ အ႐ိုးေရာဂါ ကုသမႈ နည္းပညာ အသစ္မ်ား ခြဲစိတ္မႈ အသစ္မ်ား မ်ားစြာကို ျပဳလုပ္သင္ၾကားပို႔ခ်ေပးခဲ့ၿပီးလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္လိုအပ္ေနတဲ့ အေရးေပၚေဆးပညာႏွင့္ အ‌‌ေရးေပၚေဆးပညာ ဌာနကို စတင္တည္ေထာင္ေပးခဲ့သူလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက်န္းမာေရးေစာင့္ေရွာက္မႈအတြက္ လိုအပ္ေနတဲ့ ေက်ာ႐ိုးခြဲစိတ္မႈပညာနဲ႔ ေက်ာ႐ိုးခြဲစိတ္မႈ ပညာဌာနကို စတင္တည္ေထာင္ေပးခဲ့သူလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက်န္းမာေရးေစာင့္ေရွာက္မႈအတြက္ လိုအပ္လ်က္ရွိတဲ့ အေရးေပၚလူနာတင္စနစ္ကိုလည္း စတင္ တည္‌ေထာင္ဖို႔ ႀကိဳးစားခဲ့သူလည္း ျဖစ္ပါတယ္။

ေဆးတကၠသိုလ္ (၁) ရန္ကုန္မွာ ေဆးပညာရွင္မ်ား သူနာျပဳမ်ား ေဆးပညာ ေဆးေလာကသားမ်ားအတြက္ Skill, Simulation and Research center လို႔ေခၚတဲ့ သင္ၾကားပို႔ခ်ေရး အဆင့္ျမင့္ပညာဌာနႀကီးကိုလည္း စတင္တည္ေထာင္ခဲ့သူျဖစ္ပါတယ္။

Covid-19 pandemic ကာလအတြင္းမွာ ရန္ကုန္တိုင္းေဒသႀကီး Covid-19 ကာကြယ္ကုသေရး ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဒုတိယဥကၠ႒အေနနဲ႔ ေဆာင္႐ြက္ခဲ့သူ၊ Covid-19 ေရာဂါ ကုသေရး ကာကြယ္ေရးတို႔အတြက္ အစြမ္းကုန္ႀကိဳးစားခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

Covid-19 အေနအထားအရ Community ထဲမွာ အထိုက္အေလ်ာက္ Immunity ရရွိေနၿပီလို႔ ယူဆရပါတယ္။ ပ်ံ႕ႏွံ႔ကူးဆက္မႈ က်ဆင္းေနၿပီး

3rd wave မျဖစ္ေအာင္ Mask တပ္ဖို႔၊ လက္ေဆးဖို႔ ခပ္ခြာခြာေနဖို႔ လိုပါေသးတယ္။ တစ္ဦးကို တစ္ဦးသတိေပးဖို႔လဲ လိုေနပါေသးတယ္။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဆႏၵေတြ ေဖာ္ထုတ္ၾကရပါမယ္။ ကြၽန္ေတာ္ဘာမွ မလိုခ်င္ေတာ့ပါဘူး။

ကြၽန္ေတာ့္အသက္ ၆၀ ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ ေသမယ္ဆို ေသလို႔ရပါၿပီ။

ကြၽန္ေတာ့္ အတြက္ဆိုရင္ ဘုရား၊ တရားနဲ႔ ေနဖို႔ပဲ ရွိပါေတာ့တယ္။

ကြၽန္ေတာ္အလုပ္ လုပ္ေနျခင္းဟာ ျမန္မာႏိုင္ငံအတြက္ အလုပ္ လုပ္ေနျခင္းျဖစ္ပါတယ္။

ႏိုင္ငံ ေအာက္တန္းက် ေနေသာေၾကာင့္၊ ႏိုင္ငံ ဆင္းရဲေနေသာေၾကာင့္ ႏိုင္ငံ ဒုကၡေရာက္ေနေသာေၾကာင့္ အလုပ္လုပ္ေနျခင္း ျဖစ္ပါတယ္။

ကြၽန္ေတာ့္မွာ ဆႏၵတစ္ခုပဲ ရွိပါတယ္။ အဲဒါကေတာ့ တည္ၿငိမ္ေအးခ်မ္းတဲ့၊ လြတ္လပ္ၿပီး တရားမွ်တဲ့ မ်ိဳးဆက္သစ္ေတြအတြက္ အာမခံခ်က္ရွိတဲ့ ျမန္မာႏိုင္ငံ ျဖစ္ေစခ်င္တဲ့ ဆႏၵတစ္ခုပဲ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံ့အႀကီးအကဲ ေဒၚေအာင္ဆန္းစုၾကည္တို႔လို ႏိုင္ငံ့အႀကီးအကဲႏွင့္ ႏိုင္ငံသားတစ္ေယာက္ကို အက်ိဳးအေၾကာင္းမရွိ အခ်ိန္မေ႐ြး မွ်တတဲ့ အမ်ားလက္ခံတဲ့ ဥပေဒနဲ႔ မဟုတ္ဘဲ ၾကက္ကေလး ငွက္ကေလး ဖမ္းသလို ဖမ္းၿပီး စီရင္ႏိုင္တဲ့၊ တရားစြဲအမႈလုပ္ႏိုင္တဲ့ ႏိုင္ငံ မျဖစ္ခ်င္ပါဘူး။

လက္နက္အားကိုး၊ လက္နက္ရွိတဲ့သူက အင္အားႀကီးတဲ့သူက အႏိုင္ရေနတဲ့ ႏိုင္ငံ မျဖစ္ခ်င္ပါဘူး။

အဲဒီလိုစနစ္၊ အဲဒီလို ႏိုင္ငံမ်ိဳးမွာ ကိုယ္ကိုယ္တိုင္လည္း လူမျဖစ္ခ်င္လို ကိုယ့္သားသမီး၊ ကိုယ့္တျပည့္၊ ကိုယ့္ရဲ႕မ်ိဳးဆက္သစ္ေတြကိုလည္း မထားခဲ့ခ်င္ပါဘူး။

မထားခဲ့ႏိုင္ပါဘူး။ ဆရာတို႔‌ေဆးပညာနဲ႔ ေဆးကုသမႈ ေဆးေလာကအတြက္ကေတာ့ လူနာသာ ပထမ၊ လူနာသာ အဓိကပါ။

မိမိအတြက္၊ ကိုယ့္အတြက္၊ ကိုယ္က်ိဳးအတြက္ဆိုတာ ေနာက္မွ စဥ္းစားရတာ ျဖစ္ပါတယ္။

တို႔တိုင္းျပည္၊ တို႔လူမ်ိဳး၊ တို႔ျပည္သူေတြ တို႔လူနာေတြ ေကာင္းမြန္တဲ့ ေဆးကုသမႈ မရခဲ့တာ၊ က်န္းမာေရး‌ေစာင့္ေရွာက္မႈေတြ မရခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနပါၿပီ။

တို႔လူနာေတြ တို႔ျပည္သူေတြ ခံစားခဲ့ရ ေသခဲ့ရ နာခဲ့ရ နာက်င္စြာ ခံစားခဲ့ရတာေတြ ၾကာပါၿပီ။

တို႔ ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစားတို႔ ဘယ္ေလာက္ပဲ အနစ္နာခံ အနစ္နာခံ တို႔ဘယ္ေလာက္ပဲ စြန႔္လႊတ္ စြန႔္လႊတ္ မတိုးတက္ပါဘူး။

တို႔ လူနာေတြ မသက္သာပါဘူး။ တို႔လူနာေတြ အသက္မရွင္ပါဘူး။ အဲဒါ ဘာေၾကာင့္လဲ။ စနစ္ေၾကာင့္ ျဖစ္ပါတယ္။

အဲဒီစနစ္ကို ေျပာင္းလဲပစ္မွ ရမယ္။ တည္ၿငိမ္တဲ့ စနစ္တစ္ခုကို တို႔ တည္ေဆာက္ၾကရမယ္။ အာမခံခ်က္ရွိတဲ့ တည္ၿမဲတဲ့ တည္ၿငိမ္တဲ့ လုံၿခဳံတဲ့ စနစ္တစ္ခုကို ရရွိမွ ျဖစ္ပါတယ္။

အခုလို ထစ္ခနဲရွိ အာဏာသိမ္း၊ ထစ္ခနဲရွိ ဖမ္းဆီး၊ ထစ္ခနဲရွိ ဖ်က္လိုက္ ေျပာင္းလိုက္ လုပ္ေနရင္ေတာ့ တို႔တေတြ တည္ၿငိမ္တဲ့ တည္ၿမဲတဲ့ လုံၿခဳံတဲ့ဘဝ ဘယ္ေတာ့မွ ရမွာ မဟုတ္ေတာ့ပါဘူး။

အနာဂတ္ ေနာင္ကမာၻတည္သေ႐ြ႕ တို႔လူနာေတြ ေကာင္းေစဖို႔၊ အနာဂတ္ေနာင္ကမာၻတည္သေ႐ြ႕ တို႔လူနာေတြ နာက်င္မႈ ကင္းမဲ့ေစဖို႔၊ ေနာင္အနာဂတ္ ကမာၻတည္သေ႐ြ႕ တို႔ လူနာေတြ အသက္ရွည္ေစဖို႔

တို႔ ႀကိဳးစားၾကစို႔။

တို႔ စြန႔္လႊတ္ၾကစို႔။

တို႔ အနစ္နာခံၾကစို႔။

တို႔ အျပစ္တင္လည္း ခံၾကစို႔။

တို႔ က်ိန္ဆဲလည္း ခံၾကစို႔။

ဒီအခ်ိန္မွာ အနာဂတ္ျမန္မာျပည္ေကာင္းစားဖို႔ အနာဂတ္ျပည္သူေတြ ေကာင္းစားဖို႔ အနာဂတ္လူနာေပါင္းမ်ားစြာအတြက္ တို႔တေတြ အဓိ႒ာန္ျပဳၾကစို႔။

-ကြၽႏ္ုပ္သည္ လူသားအားလုံးတို႔၏ ကိုယ္၏ က်န္းမာေရး စိတ္၏ ခ်မ္းသာေရးကို ကြၽႏ္ုပ္၏ အေရးကဲ့သို႔ ယူဆပါအံ့

-ကြၽႏ္ုပ္အားေဆးပညာသင္ၾကားေပးခဲ့ေသာ ဆရာသမားမ်ားအား မိဘသဖြယ္ ႐ိုေသ ေလးစားပါအံ့

-ကြၽႏ္ုပ္သည္ လုပ္ေဖာ္ကိုဖက္ ေဆးပညာရွင္မ်ားကို ညီရင္းအကို ေမာင္ရင္းႏွမကဲ့သို႔ ေလးစားစြာ ဆက္ဆံပါအံ့

-ကြၽႏ္ုပ္သည္ သမားေကာင္းတစ္ဦး၏ ကိုယ္က်င့္တရားႏွင့္ မြန္ျမတ္သည့္ ဂုဏ္သိကၡာ အစဥ္အလာကို ထိန္းသိမ္းပါအံ့

-ကြၽႏ္ုပ္သည္ စည္းပူး တတ္ေျမာက္ထားေသာ ေဆးပညာျဖင့္ ဂီလာန ပုဂၢိဳလ္မ်ား၏ က်န္းမာ‌ေရးကို ေစတနာ ေမတၱာေရွ႕ထား၍ လူမ်ိဳးဘာသာ ဆင္းရဲခ်မ္းသာမေ႐ြး စြမ္းစြမ္းတမံ ေစာင့္ေရွာက္ကုသပါအံ့။

-ကြၽႏ္ုပ္သည္ ဂီလာန ပုဂၢိဳလ္မ်ား ကုသစဥ္ ေတြ႕ျမင္ၾကားသိရသည့္ လွ်ိဳ႕ဝွက္အပ္ေသာ အတြင္းေရးကိစၥမ်ားကို ဖြင့္ဆိုအပ္သည္တို႔မွ လြဲ၍ မည္သည့္အခါတြင္မဆို ဖြင့္ဟျခင္းမွ ေရွာင္ၾကဥ္ပါအံ့။

-ကြၽႏ္ုပ္သည္ လူသားတို႔အား ေဘးဥပါဒ္ ျဖစ္ေစမည့္ေဆး။ ေသေစတတ္သည့္ ေဆးမ်ားကို ကိုယ္တိုင္ ေပးျခင္းမွေသာ္လည္းေကာင္း၊ သူတပါးအား ေပးေစျခင္းမွေသာ္လည္းေကာင္း အခါခပ္သိမ္း ေရွာင္ၾကဥ္ပါအံ့။

-ကြၽႏ္ုပ္သည္ တရားမဝင္ေသာ ကုသျခင္းတို႔မွ အၿမဲတေစ ေရွာင္ၾကဥ္ပါအံ့။

-ကြၽႏ္ုပ္သည္ ဆည္းပူးတတ္ေျမာက္ထားေသာ ေဆးပညာျဖင့္ လူသားတို႔၏ ဘဝႏွင့္ အသက္ကို တန္ဖိုးထားေလးစားစြာ ကာကြယ္ေစာင့္ေရွာက္ပါအံ့။

ဤကတိသစၥာျပဳသိအတိုင္း ေဆာင္႐ြက္ပါေသာ္ အကြၽႏ္ုပ္သည္ ေကာင္းက်ိဳအဂၤလာ အျဖာျဖာႏွင့္ ျပည့္စုံပါေစသား။

တို႔ ဘယ္သူ႔ကို မွ မမုန္းဘူး။

ဒါေပမဲ့

တို႔ ျပည္သူေတြကို ေစတနာထားတဲ့သူ၊

တို႔ျပည္သူေတြကို လုံၿခဳံေစတဲ့သူ၊

တို႔ျပည္သူေတြကို စိတ္ခ်မ္းသာေစတဲ့သူ၊

တို႔ျပည္သူေတြကို က်န္းမာေအာင္ အသက္ရွည္ေအာင္ ထားႏိုင္တဲ့သူ၊

တို႔ျပည္သူေတြကို ထမင္းဝေအာင္ ေကြၽးႏိုင္တဲ့သူ၊

တို႔ျပည္သူေတြကို စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာ ရွိေစႏိုင္တဲ့သူကို

သေဘာက်တယ္။ ေထာက္ခံတယ္။ ဦးေဆာင္ေစခ်င္တယ္။ ခ်စ္တယ္။

တို႔ပညာေရး၊ တို႔ကေလးေတြရဲ႕ ပညာေရး တို႔ မ်ိဳးဆက္သစ္ေတြရဲ႕ ပညာေရးအတြက္ ပညာေရးကို ဦးေဆာင္ေနသူတစ္ေယာက္အေနနဲ႔ တကၠသိုလ္ေတြအားလုံးရဲ႕ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီ ဥကၠ႒ တစ္ေယာက္အေနနဲ႔ လုံးဝ (လုံးဝ) စိတ္မေကာင္းဘူး။

ထက္ျမက္တဲ့ ေတာ္တဲ့ ထူးခြၽန္တဲ့ ဦးေႏွာက္ေကာင္းတဲ့ သူေတြ ရွိေနလ်က္နဲ႔ တို႔ပညာေရးက ရွိသမွ် ကမာၻေပၚက ႏိုင္ငံေတြထဲမွာ ေအာက္ဆုံး ေရာက္ေနခဲ့တာ မေက်နပ္ဘူး။

ဒါဟာ တစ္ရက္ တစ္မနက္ တစ္လ တစ္ႏွစ္ ရႏိုင္တဲ့ ကိစၥမဟုတ္ဘူး။

ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားၾကမွ တည္ေဆာက္ၾကမွ အားထုတ္ၾကမွ တည္ၿငိမ္မွ ေအးခ်မ္းမွ သာယာဝေျပာမွ အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္ ေကာင္းမြန္တဲ့ အဆင့္ျမင့္တဲ့ ပညာေရးကို ထားခဲ့ႏိုင္မွာ ျဖစ္တယ္။

အခုလို စနစ္မ်ိဳး အခုလို ဘဝမ်ိဳး အခုလို ႏိုင္ငံမ်ိဳးမွာ ဘယ္လိုမွ ပညာေရး မတိုးတက္ႏိုင္ဘူး။

ပညာေရးက မတည္ၿငိမ္ႏိုင္ဘူး။

လြတ္လပ္စြာ ပညာမသင္ၾကားႏိုင္ဘူး။

ေကာင္းမြန္တဲ့ အဆင့္ျမင့္တဲ့ ပညာကို သင္ၾကားႏိုင္မွာ မဟုတ္ဘူး။

ကြၽန္ပညာေရး၊ တပည့္ခံ ပညာေရးပဲ ရေနမွာ ျဖစ္တယ္။

ထိုးထြင္းဉာဏ္မရ၊ ထိုးေဖာက္ေတြးေခၚခြင့္မရ အဖိႏွိပ္ခံ ပညာေရးပဲ ရမွာျဖစ္တယ္။

အခုကိစၥအခုအခ်ိန္မွာ အစိုးရိမ္ဆုံး၊ စိတ္အထိခိုက္ဆုံး ေမွ်ာ္လင့္ခ်က္ေတြ အကင္းမဲ့ေစဆုံးကေတာ့ ငါတို႔ရဲ႕ ပညာ‌ေရး

အနာဂတ္ရဲ႕ ပညာေရး မ်ိဳးဆက္သစ္ရဲ႕ ပညာေရးပဲျဖစ္တယ္။

မ်ိဳးဆက္သစ္တို႔ သားသမီး ေျမးျမစ္တို႔ အေဖ ေတာင္းပန္ပါတယ္။

အဘိုးေတာင္းပန္ပါတယ္။

အေဖတို႔ တာဝန္မေက်ခဲ့ဘူး။

အဘိုးတို႔ တာဝန္မေက်ခဲ့ဘူး။

အေဖတို႔ ကိုယ့္အတြက္ပဲ ၾကည့္ခဲ့ၾကတယ္။ အေဖတို႔ အဖိုးတို႔ တာဝန္ေက်ေအာင္ ေဆာင္႐ြက္ၾကပါေတာ့မယ္။

အေဖလို အဘိုးလို အေခၚခံထိုက္တဲ့ သူေတြျဖစ္ေအာင္ ႀကိဳးစားၾကမယ္။

စြန႔္လႊတ္ၾကမယ္။

တိုက္ပြဲဝင္ၾကပါေတာ့မယ္။

Civil Disobedience movement ေအာင္ျမင္ေအာင္ စနစ္တက် ေဆာင္႐ြက္ၾကရမယ္။

ႀကိဳတင္ျပင္ဆင္ၾကဖို႔ လိုအပ္တယ္။

အေကာင္အထည္ေဖာ္ၾကဖို႔ ဝိုင္းဝန္းၾကဖို႔ လိုအပ္တယ္။

ဆရာဝန္ဆိုေတာ့ လူနာအတြက္ စဥ္းစားရမွာပဲ။ အေရးေပၚအေျခအေနအတြက္ စဥ္းစားရမွာပဲ။ ကိုယ္ခ်င္းစာ စိတ္နဲ႔၊ ငါသာ လူနာဆိုရင္ ဆိုတဲ့ စိတ္နဲ႔ စဥ္းစားၾကရမယ္။

လူနာေနရာမွာ ငါတို႔ဆိုရင္ ဘာျဖစ္ခ်င္လဲ ဆိုတာ စဥ္းစားရမယ္။

ေဝဒနာ ခံစားမႈကို သက္သာေပ်ာက္ကင္းေအာင္ တို႔.. ေဆာင္႐ြက္ၾကရမယ္။

ပရဟိတ အေရးေပၚဌာနေတြ ပရဟိတ ေဆးခန္းေတြ ပရဟိတ ေဆး႐ုံေတြ ေနရာအတိအက်နဲ႔ ေဖာ္ျပၿပီး ဖြင့္ရမယ္။

အခမဲ့ ကုသႏိုင္ေအာင္ စီစဥ္ၾကရမယ္။

စြန႔္လႊတ္ဖို႔၊ စြန႔္စားဖို႔၊ အေျခအေနမေကာင္းရင္ အႏွိပ္စက္ခံ အသက္ေပးဖို႔အထိ စဥ္းစားထားၾကရမယ္။

ဒါဟာ တစ္ေန႔ တစ္ရက္ ၿပီးသြားမဲ့ကိစၥမဟုတ္ဘူး။ တစ္ေန႔ တစ္ရက္နဲ႔ မေအာင္ျမင္ႏိုင္ဘူး။ ေန႔ေပါင္းမ်ားစြာ၊ လိုအပ္ရင္ လေပါင္းမ်ားစြာ ငါတို႔ ေဆာင္႐ြက္ရမယ့္၊ ငါတို႔ စြန႔္လႊတ္ရမယ့္ ၊ ငါတို႔ အနစ္နာခံရမယ့္ ငါတို႔ ေပးဆပ္ရမဲ့ တိုက္ပြဲတစ္ခုျဖစ္တယ္။

သူတို႔ဟာ Infra structure ရွိၿပီးသား ႏွစ္ေပါင္းမ်ားစြာ စနစ္တက် တည္ေဆာက္ထားတဲ့ အေဆာက္အဦႀကီး၊ အဖြဲအစည္းႀကီးတဲ့ စနစ္ရွိၿပီးသားျဖစ္တဲ့ သူေတြျဖစ္တယ္။ ဒါေပမဲ့ တို႔မွာ တိုက္စရာ ဒီလက္နက္ပဲ ရွိတယ္။

တို႔ေတာ္လွန္ေၾကာင္း၊ တို႔ ညီၫြတ္ေၾကာင္း၊ တို႔ စြန႔္လႊတ္ႏိုင္ေၾကာင္း၊ တို႔ခိုင္မာေၾကာင္း တို႔ ျပၾကရမယ္။

ဒီနည္းလမ္းပဲရွိတယ္။

ဒါ့‌ေၾကာင့္တို႔ ဆုံးျဖတ္ခ်က္ ခ်ၿပီးၿပီ။

တို႔ဆႏၵကို ေဖာ္ထုတ္ၾကမယ္။

တို႔ CDM ကို လုပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီ။ အေသးစိတ္ အစီအစဥ္ေတြ ေရးဆြဲ ဖြဲ႕စည္း တည္ေဆာက္ရမယ္။ တည္ေဆာက္ေနတယ္။ တို႔မရွိေတာ့ရင္ ဘယ္သူ ဆက္မလဲ ဘယ္သူ ဦးေဆာင္မလဲ။

ကြန္ရက္ဖြဲ႕စည္းရမယ္။

ရည္႐ြယ္ခ်က္၊ ဦးတည္ခ်က္၊ မဆုတ္မနစ္တဲ့ ဇြဲရွိတဲ့သူ အနစ္နာခံႏိုင္တဲ့သူ။

အဖမ္းဆီးခံႏိုင္တဲ့သူ၊ အႏွိပ္စက္ခံႏိုင္တဲ့သူ အသက္ေပးႏိုင္တဲ့သူေတြ ပါဝင္ ဦးေဆာင္ၾကရမယ္။

အဆုံးစြန္အထိ တိုက္ခိုက္ၾကရမယ္။

အဆုံးစြန္အထိ ေတာ္လွန္ၾကရမယ္။

အဆုံးစြန္အထိ ဆင္ႏႊဲၾကရမယ္။

ငါ ဘာမွ မျဖစ္ခ်င္ဘူး။ ငါ ဘာမွ မလိုခ်င္ဘူး။ ငါဘာမွ မေတာင္းဆိုဘူး။

အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ေတြရွိတဲ့…

အနာဂတ္အတြက္ အလင္းေရာင္ေတြ ျဖာေဝေနတဲ့….

အနာဂတ္အတြက္ ထာဝရအာမခံခ်က္ရွိတဲ့ အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္ ေန႔သစ္တစ္ခု ေခတ္သစ္တစ္ခု စနစ္သစ္တစ္ခု ရရင္ ငါ ေသလို႔ရၿပီ။

ပါေမာကၡ ေဒါက္တာေဇာ္ေဝစိုး

Leave a Reply

Your email address will not be published. Required fields are marked *