BEAUTY BLOGGER ဝင်း မင်းသန်း အား တောင်ကြီး မြို့ မှာ ရုံး ထုတ် ခဲ့

Posted on

အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရ တဲ့ Beauty Blogger ဝင်းမင်းသန်း ကို ဒီကနေ့၊ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းက တောင် ကြီးမြို့မှာ ရုံးထုတ်ခဲ့တယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရပါတယ်။

“မဝင်းမင်းသန်းကို တောင်ကြီး တရားရုံးမှာ ရုံးထုတ် ပြီးပါပြီ။ ရန်ကုန် ပို့မှာပါတဲ့။ ရိုက်နှက် ထားတာ မရှိပါဘူး။ ရဲမေ ၂ ယောက်နဲ့ လာ တာပါ။ လက်ထိပ် ခတ်ထားပါတယ်။ ၁၀ နာရီခွဲလောက်က ပြောလာတာပါ။ မိသားစုဝင်တွေလည်း ရန်ကုန် ပြန်သွား ကြပါပြီ”လို့ ဝင်းမင်းသန်းနဲ့ နီး စပ် သူ တဦးက ပြောပါတယ်။

ဝင်မင်းသန်းက ရုံးထုတ်စဉ်မှာ ထဘီ ဝတ်ဆင်ကာ၊ ပဝါဖြူကို ခြုံထားပြီး ရုံးထုတ်က အထွက် မှာတော့ လက် ၃ ချောင်းထောင်ပြသွား သေး ကြောင်း သိရပါတယ်။

ဒီလို ဖမ်းဆီးခံရခြင်းအတွက် ဝင်းမင်းသန်းနဲ့ မိတ်ဆွေများ၊ သူ့ ရဲ့ပရိသတ်များနဲ့ နီးစပ်ရာ အသိုင်းအဝိုင်း မှ အခုလို ဖမ်းဆီးခြင်းကို ရှုတ်ချ ကြော င်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Speak Out လုပ်ထား ကြပါတယ်။

“မဝင်းမင်းသန်းသည် မြန်မာ အမျိုးသမီးထုရဲ့ရာခိုင်နှုန်း အများအပြားကို ကောင်းမွန်တဲ့ လမ်းကြောင်း ဆီ ရောက်အောင် စိတ်ပိုင်းဆိုင်ရာ၊ အ လှအပပိုင်းဆိုင်ရာနဲ့ အကျိုးပြု Impact လုပ်နေသူ တယောက် ဖြစ်ပါတယ်။ မဝင်းမင်းသန်းကို ဖမ်းဆီးထိန်းချုပ်ခြင်းသည် အဆိုပါ လုပ် ရပ်များကို ပျက်ပြားအောင် ဖန်တီးခြင်းနှင့် တူညီသည်”

“တနည်းအားဖြင့် နိုင်ငံ၏ လူသားအရင်းအမြစ် (Human Resource ) ကို ယိုယွင်းအောင် လုပ်ခြင်း နှင့်လည်း တူညီပါသည်။ ထိုသို့ ဖမ်းဆီး ထိန်းချုပ်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ သို့ဖြစ်ပါသောကြောင့် မဝင်းမင်းသန်းအား အမြန်ဆုံး လွှတ်ပေးပါရန် တောင်းဆိုပါ သည် ”လို့ ဝင်းမင်းသန်းအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားကြပါတယ်။

စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ခံထား ရတဲ့ Beauty Blogger ဝင်းမင်းသန်း ဟာ ဧပြီ ၆ ရက်နေ့၊ ည ၈ နာရီအချိန်က တောင် ကြီး မြို့က BH ဟိုတယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ “Glow Nation” လို့ ချစ်စနိုး ခေါ်ကြတဲ့ ဝင်းမင်းသန်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တဲ့ Social Influencer တဦး ဖြစ်ပါတယ်။

crd

zawgyi

အာဏာသိမ္း စစ္ေကာင္စီရဲ႕ ဖမ္းဆီးျခင္းကို ခံထားရ တဲ့ Beauty Blogger ဝင္းမင္းသန္း ကို ဒီကေန႔၊ ဧၿပီလ ၇ ရက္ေန႔ မနက္ပိုင္းက ေတာင္ ႀကီးၿမိဳ႕မွာ ႐ုံးထုတ္ခဲ့တယ္လို႔ နီးစပ္ရာ အသိုင္းအဝိုင္းမွ သိရပါတယ္။

“မဝင္းမင္းသန္းကို ေတာင္ႀကီး တရား႐ုံးမွာ ႐ုံးထုတ္ ၿပီးပါၿပီ။ ရန္ကုန္ ပို႔မွာပါတဲ့။ ႐ိုက္ႏွက္ ထားတာ မရွိပါဘူး။ ရဲေမ ၂ ေယာက္နဲ႔ လာ တာပါ။ လက္ထိပ္ ခတ္ထားပါတယ္။ ၁၀ နာရီခြဲေလာက္က ေျပာလာတာပါ။ မိသားစုဝင္ေတြလည္း ရန္ကုန္ ျပန္သြား ၾကပါၿပီ”လို႔ ဝင္းမင္းသန္းနဲ႔ နီး စပ္ သူ တဦးက ေျပာပါတယ္။

ဝင္မင္းသန္းက ႐ုံးထုတ္စဥ္မွာ ထဘီ ဝတ္ဆင္ကာ၊ ပဝါျဖဴကို ၿခဳံထားၿပီး ႐ုံးထုတ္က အထြက္ မွာေတာ့ လက္ ၃ ေခ်ာင္းေထာင္ျပသြား ေသး ေၾကာင္း သိရပါတယ္။

ဒီလို ဖမ္းဆီးခံရျခင္းအတြက္ ဝင္းမင္းသန္းနဲ႔ မိတ္ေဆြမ်ား၊ သူ႔ ရဲ႕ပရိသတ္မ်ားနဲ႔ နီးစပ္ရာ အသိုင္းအဝိုင္း မွ အခုလို ဖမ္းဆီးျခင္းကို ရႈတ္ခ် ေၾကာ င္းနဲ႔ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔အတြက္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ Speak Out လုပ္ထား ၾကပါတယ္။

“မဝင္းမင္းသန္းသည္ ျမန္မာ အမ်ိဳးသမီးထုရဲ႕ရာခိုင္ႏႈန္း အမ်ားအျပားကို ေကာင္းမြန္တဲ့ လမ္းေၾကာင္း ဆီ ေရာက္ေအာင္ စိတ္ပိုင္းဆိုင္ရာ၊ အ လွအပပိုင္းဆိုင္ရာနဲ႔ အက်ိဳးျပဳ Impact လုပ္ေနသူ တေယာက္ ျဖစ္ပါတယ္။ မဝင္းမင္းသန္းကို ဖမ္းဆီးထိန္းခ်ဳပ္ျခင္းသည္ အဆိုပါ လုပ္ ရပ္မ်ားကို ပ်က္ျပားေအာင္ ဖန္တီးျခင္းႏွင့္ တူညီသည္”

“တနည္းအားျဖင့္ ႏိုင္ငံ၏ လူသားအရင္းအျမစ္ (Human Resource ) ကို ယိုယြင္းေအာင္ လုပ္ျခင္း ႏွင့္လည္း တူညီပါသည္။ ထိုသို႔ ဖမ္းဆီး ထိန္းခ်ဳပ္ျခင္းကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ပါသည္။ သို႔ျဖစ္ပါေသာေၾကာင့္ မဝင္းမင္းသန္းအား အျမန္ဆုံး လႊတ္ေပးပါရန္ ေတာင္းဆိုပါ သည္ ”လို႔ ဝင္းမင္းသန္းအား အျမန္ဆုံး ျပန္လႊတ္ေပးရန္ ေတာင္းဆိုထားၾကပါတယ္။

စစ္ေကာင္စီရဲ႕ ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ျခင္း ခံထား ရတဲ့ Beauty Blogger ဝင္းမင္းသန္း ဟာ ဧၿပီ ၆ ရက္ေန႔၊ ည ၈ နာရီအခ်ိန္က ေတာင္ ႀကီး ၿမိဳ႕က BH ဟိုတယ္မွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ “Glow Nation” လို႔ ခ်စ္စႏိုး ေခၚၾကတဲ့ ဝင္းမင္းသန္းဟာ စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ အားတက္သေရာ ပါဝင္ခဲ့တဲ့ Social Influencer တဦး ျဖစ္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *