(26.MAR.2021 မှ 1.APR.2021) အ ထိ တစ်ပတ်စာ (၇)ရက် သားသမီး များ ဟောစာတမ်း

Posted on

ဒီကာလအတွင်းမှာ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံတွေ့လာရတတ်ပါတယ်။ ကောင်းတာ တွေ လည်း နှစ်ခါဆက်ပြီး ဖြစ်တတ်သလို၊ ဆိုးတာတွေလည်း နှစ်ခါပြန်ပြီး ကြုံရတတ်ကြောင်းကိုလည်း အထူးသတိပြုသင့် ပါတယ်။ အလုပ် နှစ်မျိုး၊ ဝင်ငွေနှစ်မျိုး ဖြစ်နေရတတ်ပါတယ်။

သူတစ်ပါးရဲ့ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင် ရတတ် ပါတယ်။ ချစ်သူ၏ အထင်လွဲခြင်း ခံရမည်။ စိတ်ရှည်ရှည်နဲ့သေချာညှိနှိုင်းဆွေးနွေးပေးပါ။ ဆန် ဆီလုပ်ငန်းလုပ်သူများ အဆင် ပြေပြီးအကျိုးအမြတ်ရလိမ့်မည်။စီးပွားရေးလုပ်ငန်းသစ် လုပ်နေသူများပင်ပန်းနေမည်။ စိတ်အေးအေးထားပါ ။

အဆင်ပြေသွားမည်။ထပ်မံ ရင်းနှီးမြှုပ်နှံရန် ငွေအခက်အခဲ အနည်းငယ်ကြုံမည်။ ခရီးကိစ္စ တွေ၊ ရပ်ဝေးနဲ့ ဆက်သွယ် တဲ့ အလုပ်တွေလည်း အောင်မြင်ပါမယ်။ အနီးကပ် ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ကတော့ အဆင်မပြေမှု ကြီးစွာ ဖြစ်ရ တတ် ပါတယ်။

အိမ်ထောင်ရေးတွေမှာ အဆင်ပြေ၊ အောင်မြင် မှုများ ရရှိမည်။ ဒါပေမယ့် အလုပ် ကြောင့် ခွဲရတတ် ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ်အငေါ့ ကြီးစွာ ကြုံတွေ့နေရမယ်။

လူငယ်များ မိသားစုနဲ့ စိတ် သဘော ထားကွဲပြီး အိမ်က ထွက်သွားရတတ်ပါတယ်။ ကျန်းမာရေးတွေမှာ ဂရုစိုက်အပ်ပါတယ်။ ကျန်းမာရေး ပိုမို ဆိုးဝါးလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၇ အထူးဟော စီးပွားရေးကို အမြင်သစ်၊ စိတ်ကူးသစ်နဲ့လုပ်ကြည့်ပါ။ ယတြာ ဗုဒ္ဓေါဂုဏ်တော်ကို ပုတီးနိုင်သလောက်စိပ်ပါ။

တနလၤာ

ဒီကာလအတွင်းမှာ အစိုးရဌာနဆိုင်ရာများနှင့် ဆက်ဆံ လုပ်ကိုင်ခြင်းများ အဆင် ပြေမည်။ အလုပ်ကိစ္စလုပ် ဆောင် ရာတွင် အဖွဲ့လိုက်လုပ်ရမဲ့ကာလတစ်ခုပါပဲ။၊ ပညာသင်ယူသောကိစ္စ အဆင်ပြေလာမည်။အိမ်တွင်းရေး မိသားစု အချင်းချင်းဆက်ဆံရေးပြေလည်ပါမည်

။သား သမီးအတွက် အထူး ပူစရာမရှိပါ။ လုပ်ငန်းများ ရည်ရွယ် ချက်ကြီးတွေ ပျက်သုန်းပြီး ခြေကုန်လက်ပန်းကျ ဖြစ်သွားရတတ်တဲ့ အချိန်အခါမျိုးပဲ ဖြစ်ပါတယ်။ ပြဿနာ အဟောင်း၊ ဒုက္ခအဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။

ပြီးသွားပြီထင်တဲ့ အဆင်မပြေမှုတွေ တစ်ကျော့ပြန် လာရတတ် ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ နားလည်မှုလွဲတာတွေ ပြေလည်သွားမယ်။ အိမ်ထောင် ရေးကောင်းသော အပြောင်းအလဲ တွေလည်း ဖြစ်လာရတတ်ပါတယ်။

ကျန်းမာရေးကိစ္စအတွက် ခရီးသွားရတာမျိုး၊ လူနာဧည့်သည်ရောက်လာလို့ ကူညီပြုစုပေးရတာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ကုန်သည်များခရီး အစီ အစဉ်တွေ လွဲသွား၊ ပျက်သွားရတတ်ပါတယ်။

ရှိတဲ့ငွေကလေးကလည်း ကောင်းရာကောင်းကြောင်း မဟုတ်တဲ့ကိစ္စ တွေမှာ သုံးပစ် လိုက်ရ တတ်ပါတယ်။ ဆက်သွယ်ရေးပစ္စည်း လျှပ်စစ်ပစ္စည်းတွေ ဒုက္ခပေးတတ်ပါတယ်။ အဝတ် အထည်၊ ထီး၊ ဖိနပ်တွေ နဲ့ဆက်နွယ်ပြီးသောကတွေ ကြုံတွေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၆/၈ အထူးဟော ကံအကောင်း အဆိုး ရောထွေး နေတတ်ပါတယ်။ ယတြာ တတ်နိုင်သမျှ ငါးစာကျွေးစေချင်ပါတယ်။

အဂၤါ

ဒီကာလအတွင်းမှာ အဘက်ဘက်က ကြည်နူးဝမ်းသာစရာသတင်းတွေ ကြုံတွေ့လာရတတ်ပါတယ်။ ရည် ရွယ် ချက်ကြီးတွေ အောင်မြင်မယ်။ နာမည်ဂုဏ်သတင်းလည်း တိုးတတ်မယ်။ ရပ်ဝေးအဆက်အသွယ် တွေ လည်း ရတတ်မယ်။

လူကြီး၊ သူမ၊ ဆရာသမားကောင်း တွေရဲ့ အကူအညီကောင်းတွေလည်း ရတတ်ပါတယ်။ ပညာရေး ကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရမယ်။ အလုပ်ကိစ္စသတင်းကောင်းများ ကြားရမယ်။ ခရီးအကျိုးမပေးပါ။ ငွေ အတော် များများ ဝင်လာပါလိမ့်မည်။

ထီပေါက်တတ်ပါတယ်။ အောက်လက်ငယ်သားများ ဒုက္ခပေ းတတ်ပါတယ်။ အလုပ်ပင်ပန်းရတတ်သော်လည်း ကျန်းမာရေးကောင်းမွန်နေမည်။ လက်အောက်ဝန်ထမ်းများ အလုပ်ထွက်သွား တတ်ပါတယ်။ ကြွေးမြီများရမည်။လုပ်ငန်းခွင်၌ ပစ္စည်းများ ပျောက်ရှတတ်သည်။

cctv တပ်ဆင်ပါ။ လူငယ်များ ချစ်သူအပေါ်စိတ်တိုင်းမကျ၊စိတ်ပျက်သလိုဖြစ်မည်။သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားညှပ်ရတတ် ပါတယ်။ ရောဂါနှစ်မျိုး တစ်ပြိုင်နက်ဖြစ်တာ ဒါမှမဟုတ် မိသားစုအတွင်း လူနှစ်ယောက် ကျန်းမာရေးညံ့တာတွေ ကြုံတွေ့ရတတ်ပါတယ်။

နိုင်ငံရပ်ခြားခရီး စီစဉ်နေသူများ အဆင်ပြေ အောင်မြင်နိုင်ပါတယ်။ မရိုးသားသော ဆိုင် နီးခြင်း များကြောင့် အလုပ်ခွင်၌ စိတ်ရှုပ်ရမည်။ မိမိဘာကိစ္စလုပ်လုပ် လျှို့ဝှက်စွာလုပ်ကိုင်စေချင်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၆ အထူးဟော လူမှုရေးကံအင်အားနည်း နေတတ်ပါတယ်။ ယတြာ မိတ်ဆွေတစ်ဦး လက်သန့်ဆေးရည်တစ်ဘူး လက်ဆောင်ပေးလိုက်ပါ။

ဗုဒၶဟူး / ရာဟု

ဒီကာလမှာကိုယ်စွမ်းကိုယ်စတို့ကို စနစ်တကျ အသုံးချနိုင်ပြီး ဆောင်ရွက်သမျှ အခြားသူတို့ထက်ပို၍ ထိထိ မိမိ ထွန်းပေါက်အောင် ဆောင်ရွက်နိုင်သော အချိန်ကာလဖြစ်ပါသည်။ အစားအသောက်မှား၍ ဘေးဥပါဒ် ဖြစ်တတ် သည်။

ဆောင်ရွက်ထားသည့်ကိစ္စများအပေါ် အကျိုးဆက်ကောင်းရရန်အတွက် ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ နှစ်ဖက် မိဘကြီးကဲသူများ၏ ကျန်းမာရေးဂရုစိုက်ပါ။ မိတ်ဆွေသစ်များနှင့် ဆက်ဆံရသော် ခဏအတွင်းမိတ်ဆွေ ရင်းကဲ့သို့အဆင်ပြေမည်။

ငွေကိစ္စအခက်အခဲ ရှိနေသူများ မကြာမီပြေလည်မည်။ အလှူပွဲ၊ မင်္ဂလာပွဲကိစ္စတွေအတွက် စိတ်ညစ်နေရတတ်ပါတယ်။ဘာ လုပ်လုပ်စနစ်တကျလုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ ကုသိုလ်ကံအကျိုးပေးကိုရရှိ တတ်ပါ တယ်။

ဒါပေမဲ့မိမိက ငွေကြေးများကိုကိုင်တွယ်လုပ် ကိုင်ရသူများကတော့ ငွေစာရင်းတွေကွာ နေတတ်ပါ တယ်။သေချာစာရင်းလုပ်ပါ။ အချစ်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားတာလေးတွေ ကြုံပြီးတဲ့ နောက် အဆင်ပြေသွားပါလိမ့်မည်။

အိမ်ထောင်ရှင်များ အချင်းချင်းအဆင်ပြေမည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ တွေ လည်း အဆင်ပြေအောင်မြင်မယ်။ ဝမ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ ကျန်းမာရေးညံ့တတ်ပါတယ်။ စားသောက်ကုန် လုပ်ငန်းများ အသင့်အတင့် တိုးတက်လာမည်။ သား သမီး တစ်ဦးဦးအတွက် စိတ်ရှုပ်ရမည်။ဆိုဆုံးမရခက် နေတတ် ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၅ အထူးဟော စိတ်ချမ်းသာစရာ များ ပါလိမ့်မယ်။ ယတြာ ကြာဆံကြော်နှင့် လက်ဖက်ရည် ဘုရားကပ်လှူပူဇော်ပါ။

ၾကာသပေတး

ယခုကာလအတွင်း ဝန်ထမ်းဖြစ်ပါက မထင်မှတ်ဘဲ ကံကောင်းတတ်မည်။ ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်းများ အိုးအိမ်ပိုင်ဆိုင်ရခြင်းများ ရှိမည်။ ငွေကြေးကိစ္စနှင့် အခြားကြိုးစားထားသောကိစ္စများ အဆင် ပြေ မည်။

မိမိ၏အရေးကြီး ကိစ္စများကို ကြာသပတေးသား အကြီးအကဲပုဂ္ဂိုလ်များနှင့် တိုင်ပင်၊ ပြောဆို၊ အကြံ ဉာဏ် ယူ လုပ်ကိုင်ဆောင်ရွက် ဖြင်းဖြင့် အဆင်ပြေအောင်မြင်မှုများ ပိုမိုရရှိနိုင်ပါသည်။ အရာရာကို မိမိဘာသာ ဦး ဆောင် လုပ်ကိုင်ရခြင်းများ ရှိမည်။

အများ၏ ရိုသေလေးစားမှုကို ခံရတတ်သည်။ လိင်တူ၊ လိင်ကွဲများ၏ စိတ်ဝင် စားမှုကို ခံရတတ်မည်။ မိသားစုအလိုက် အလှူအတန်းကုသိုလ်များလည်း ပြုလုပ်ရတတ်ပေမည်။ ရပ်ဝေးနေ ဆွေမျိုးများလည်း သင့်အိမ်ကို အလည်အပတ်ရောက်လာကြမည်။

ကျန်းမာရေးနှင့် ပတ်သက်၍ အာရုံကြော အားနည်းခြင်း၊ ထုံနာကျဉ်နာ ဖြစ်ခြင်းတို့အတွက် အထူးသတိထားပါ။ ပညာသင်ကျောင်းသား ဖြစ်ပါက ပညာရေး ကံအသင့်အတင့်ရှိမည်။ ငယ်ရွယ်သူများ အချစ်အတွက် စွန့်စားမှုများ ရှိမည်။

ပြဿနာကြီးငယ်များ ပေါ်ပေါက် တတ်ပါသည်။ ချစ်သူနှင့် အနေဝေးရမှုများလည်း ဖြစ်တတ်သည်။ အိမ်ထောင်ရေးမှာတော့သဘောထားမတိုက်ဆိုင် တာတွေများနေတတ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတာမျိုး မလုပ်သင့်တဲ့ကာလတစ်ခုပါပဲ။

အကျိုးပေးဂဏန်း ၁/၃/၈ အထူးဟော ကံမြင့်မားနေပါတယ်။ ယတြာ ခေါင်းလိမ်းတဲ့ အုန်းဆီတစ်ဗူး အကြီးအကဲတစ်ဦးကိုလက်ဆောင်ပေးလိုက်ပါ။

ေသာၾကာ

ဒီကာလအတွင်းမှာ တစ်ဇွတ်ထိုးလုပ်မိ၍ အမှားများလည်း ကြုံတွေ့ ရတတ်ပါတယ်။ အတတ်နိုင်ဆုံး စိတ် ကိုထိန်းပြီး ငြိမ်ငြိမ်ကလေး အနားယူသင့်တဲ့ အချိန်ကာလမျိုးပဲ ဖြစ်ပါတယ်။ မိတ်ရင်း၊ ဆွေရင်း၊ မောင်နှမသားချင်း တွေ အတွက်လည်း စိတ်ရှုပ်ရတတ်ပါတယ်။

သေချာစီစဉ်ထားတဲ့ကိစ္စတွေလဲ လွဲချော်သွားတတ်ပါတယ်။ နေရေး၊ ထိုင်ရေး ကိစ္စ၊ အဆောက်အအုံ ကိစ္စတွေလည်း မတင်မကျ ဖြစ်နေရတတ် ပါတယ်။ သူတစ်ပါးကိစ္စ ကြားဝင်ဖြေရှင်း ပေးရတတ်ပါတယ်။

ကိုယ့်ထက် ငယ်တဲ့ ဆရာသမားက အကူအညီကောင်းတွေ ပေးလာတတ်ပါတယ်။ အောက် လက် ငယ်သား၊ သားသမီးများ အတွက် စိတ်ချမ်းသာစရာတွေကြုံရတတ်ပါတယ်။ ငွေတွေ၊ ပစ္စည်းတွေပျောက်တာ၊ အထားမှားတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

အလုပ်မှာ ကောင်းသော အလှည့်အပြောင်းတွေလည်း ကြုံတွေ့ လာရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာလဲစိတ်အေးချမ်းသာ စရာတွေ ကြုံတွေ့လာရတတ်ပါ တယ်။ သို့သော် အိမ်ထောင် ရှင်များ အချင်းချင်း သဘောကွဲလွဲတတ်သည်၊

ကျောင်းသားလူငယ်များပညာကို ဂရုတစိုက်ကြိုးစားရ လိမ့်မည်။ မိမိပတ်ဝန်းကျင်တွင် စိတ်အားငယ်နေသူများတွေ့မည်။ မိမိအနေဖြင့် တတ်နိုင်သမျှစောင့်ရှောက်သင့်ပါ တယ်။ အပူရှပ်၍ ဖျားနာတတ်သည်။ ခရီးထွက်ရသော် ရေပြောင်း၊မြေပြောင်းဖြစ်ပြီးကျန်းမာရေးအားနည်းသွား တတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၂/၀/၇ အထူးဟော စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်ရတတ်ပါတယ်။ ယတြာ ဒိန်ချဉ်ဘုရားကပ်လှူပါ။

စေန

ဒီကာလအတွင်းပြဿနာဖြစ်နေသူတွေနဲ့ ပြန်ပြီး အဆင်ပြေသွားတတ်ပါတယ်။ စော်ကားခဲ့ကြသူများ ပြန်ပြီး တောင်းပန်လာကြ လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဝမ်းသာကြည်နူးစရာတွေ ကြုံတွေ့လာရတတ်ပါတယ်။

ကောင်းသော ခရီးတွေလည်း သွားလာရတတ်ပါတယ်။ ကောင်းသော ခွဲခွဲခြင်းတွေနဲ့ ခွဲခွာရတတ်ပါတယ်။ နေရာနှစ်ခု ခွပြီး လုပ်ကိုင်နေထိုင်နေရတတ်ပါတယ်။ အောက်လက်ငယ်သားတွေထဲက ခြေထောက်၊ ခါး ထိခိုက်မိတတ်၍ အလုပ်တွေမိမိပေါ်ပုံလာတတ်ပါတယ်။

တစ်မိသားစုလုံး ကျန်းမာရေး တစ်ရှောင်ရှောင် ဖြစ်တတ်တဲ့ ရက်တွေပါပဲ။ စက်ကိစ္စ၊ စာချုပ်စာတမ်း ကိစ္စ၊ စပ်တူကိစ္စတွေမှာလည်း စိတ်ရှုပ်စရာတွေ ဖြစ်လာရတတ်ပါတယ်။ မိသားစု စီးပွား ရေး အတွက် အထူးကြိုးစားရလိမ့်မည်၊ လူငယ်များ ပညာရေးဖက်တွင် ပိုမိုတိုးတက်လာမည်။

စိတ်ပင်ပန်း ရသော ကြောင့် ကျန်းမာရေး အနည်းငယ်ချူခြာမည်။ ခေါင်းအုံခြင်း၊အကြောတက်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ သွေးပေါင် ကျ ခြင်း များဖြစ်တတ် သည်။ တွေးခေါ်ဆောင်ရွက်မှု အလုံးစုံသည် တစ်ပါးသူတို့နှင့် မတူကွဲပြားခြားနားရုံသာမက ဆန့်ကျင်ဘက်များသာ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့ လွဲချော် ဆောင်ရွက်ခြင်းသည်ပင် ယခုကာလ၏ အောင်မြင်မှု သော့ချက်ဖြစ်သည်။ အတွေးသစ်၊အမြင်သစ်တွေက မိမိကိုလမ်းမှန်ရောက်စေလိမ့်မယ်။

အကျိုးပေးဂဏန်း ၂/၆/၉ အထူးဟော တစ်ကိုယ်တော် ကြိုးစားမှ အစစအရာရာ အဆင်ပြေမည်။ ယတြာ သောကြာနေ့မှာ အရဟံဂုဏ်တော်ကို အားလပ်ချိန်တိုင်း နှုတ်ကရွတ်ပွားနေခြင်းဖြင့် တစ်ပတ်လုံးကံ ကောင်းစေပါလိမ့်မယ်။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှကင်းဝေးနိုင်ကြပါစေ။ အဓမ္မကို ဓမ္မကအမြန်တွန်းလှန်နိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *