2021 ကို အားလုံးပါးစပ်အဟောင်းသားဖြစ်သွားရလောက်တဲ့ အလန်းစားဖက်ရှင်နဲ့ ကြိုဆိုလိုက်တဲ့ နေခြည်ဦး

Posted on

အမြဲတမ်း Active ဖြစ်ကာ အလုပ်ကိုလည်းစိတ်ဝင်တစားနဲ့လုပ်တတ်တဲ့နေခြည်ဦးဟာ ဒီတစ်ခေါက်နှစ်သစ်မှာလည်း အားလုံးအတွက်ရွှေရောင်လွှမ်းတဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေဆိုတဲ့ဆုတောင်းနဲ့ ရွှေရောင်တွေဆင်မြန်းပြီး အရမ်းကိုမိမိုက်လွန်း နေတဲ့ သူမရဲ့ပုံရိပ်တွေကိုဝေမျှခဲ့ပါတယ်။

ကိုယ်ပိုင်စီးပွားရေးမှာရော အနုပညာလုပ်ငန်းတွေမှာပါ အောင်မြင်မှုတစ်ခုရရှိနေသူဖြစ်ပြီး သူမကိုအားပေးချစ်ခင်တဲ့ပရိသတ်တွေ လည်းအများအပြားပါပဲ။ ရတနာတွေကို live sale လုပ်တဲ့အခါမှာလည်း စိတ်ဝင်တစားနဲ့ရောင်းချပေးတတ်ပါသေးတယ်။ ဖခင်ဖြစ်သူကလည်း သူမကိုသိပ်ချစ်ပြီး အမြဲလိုလို support ပေးတတ်ပါသေးတယ်။

သူမရဲ့ (၂၀၂၁) နှစ်သစ်ဆုတောင်းနဲ့အတူ အရမ်းကိုမိမိုက်လွန်းနေတဲ့ပုံရိပ်တွေကို ” အားလုံးက (၂၀၂၁) ကိုမျှော်လင့်နေကြတယ်။ နေခြည်လည်း ကံကောင်းခြင်းတွေ ကောင်းသော ပြောင်းလဲခြင်းတွေသယ်ဆောင်လာမယ်လို့ ယုံကြည်တယ်။ နှစ်သစ်မှာ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ စီးပွားလာဘ်လာဘတွေ တိုးပွားပါစေ ရွှေရောင်သန်းတဲ့ နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – beautybynaychi

Leave a Reply

Your email address will not be published. Required fields are marked *