(19.3.2021 မှ 25.3.2021) အထိ တစ်ပတ် စာ (၇) ရက် သားသမီးများ ဟော စာတမ်း

Posted on

တနင်္ဂနွေ

ဒီကာလအတွင်းမိမိတို့ အနေနဲ့စူးစမ်းစိတ်တွေ၊စပ်စုတတ်တဲ့ စိတ်တွေကို ပျိုးထောင်ပါ။ အဲဒီစိတ်တွေကပဲ မိမိကိုအဆင်ပြေအောင် လုပ် ပေးပါလိမ့်မယ်။ ထိုင်မနေပါနဲ့။ ငိုင်မနေပါနဲ့။ ဈေးဝယ်သူတွေကိုထိုင်မစောင့်ပါနဲ့။မိမိ ကိုယ်တိုင် ဈေးဝယ်သူတွေ ဆီသွားပါ။ ရှယ်ယာလု ပ်ငန်းလုပ်ကိုင်ကြသူများ ဒီကာလမှာတော့ တိုင်တိုင်ပင်ပင် လုပ် ကိုင်စေချင်ပါတယ်။ စိတ်ဝမ်းကွဲလွယ်ပါတယ်။ မိတ်ဆွေ တွေကိုအား ကိုး လို့မရပါဘူး။

အရေးကြီးတဲ့ အလုပ်တွေ လည်း လစ်ဟင်းချွတ်ချော်သွားတတ်ပါသည်။ အလုပ်မှာ အထစ်အငေ့ါတွေ များနေရတတ်ပါသည်။ မိဘဆရာ သမား တို့ရဲ့ အမြင်မကြည်လင်ခြင်းကို ခံစားရတတ်ပါသည်။ သူများငွေနဲ့ပတ်သက်ပြီးပြဿနာတတ်ရတတ် ပါတယ်။ အသင်းအဖွဲ့ကငွေ တွေ ကို လက်မခံလိုက်ပါနဲ့။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာစရာ သတင်း စကားကောင်းတွေ ကြားနေရတတ်ပါသည်။

အချစ်ရေးနယ် ပယ်မှာ ချစ်သူရှိရဲ့နဲ့နောက်ထပ်တစ်ယောက်ကို အီစီ ကလီ မလုပ်မိပါစေနဲ့။ ပျော်ရွှင်ဖွယ်ရာ ခရီးတွေလည်း သွားလာရတတ် ပါသည်။ ဝမ်းသာစရာ၊ စာတွေ၊ သတင်းတွေ လည်း ရောက်လာရတတ်ပါသည်။ ငွေရေး၊ ကြေးရေးအတွက်လည်း အင်မတန်ကို စိတ်ချမ်း သာ ရမည်။ ကျန်းမာ ရေး မဆိုးပါဘူး။ မတ်တပ်ဖျား၊မတ်တပ်နာလောက်ပါပဲ။ ပညာရေး၊ သင်တန်း အစီအစဉ်တွေမှာ စိတ်မပါဘဲ ဖြစ်လာ ရတတ်ပါသည်။

အကျိုးပေးဂဏန်း 5/6/8အထူးဟော အနည်းငယ် ပူပန်ရတတ်ပါတယ်။ယတြာ လိုအပ်တဲ့နေရာမှာသစ်ပင်စိုက်ပါ။

တနင်္လာ

ဒီကာလအတွင်းမိမိတို့အနေနဲ့ အချိန်ကို စီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ အဓိကနဲ့ သာမညကိုခွဲခြားတတ်ဖို့လိုပါ တယ်။ အလုပ်တွေများနေတတ် ပါတ ယ်။ အလုပ်မှာရောအိမ်မှာရောလုပ်စရာတွေပုံနေတတ်ပါတယ်။ စိတ်ထဲ ဘာကိုမှစိတ်နှစ်မရသလိုဖြစ်နေတတ်ပါတယ်။ပေါ့ပေါ့နေ ချ င်စိ တ်တွေဖြစ်ပေါ်နေတတ်ပါတယ်။ အလုပ်များသူများ ဘာကို focus ထားရမလဲ ဆိုတာမသိသလိုဖြစ်နေတတ်ပါတယ်။

ထွက်နေတဲ့ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာနိုင် ပါသည်။ ရပ်ထားရတဲ့ အလုပ်တွေလည်း ပြန်လုပ်ရမည်။ မနာလို၍ အနှောက်အယှက်ပေး သူ များလည်း ကြုံတွေ့ရ တတ်ပါသည်။ တမင်ရန်စ နှောက်ယှက် တာမျိုးတွေလည်း ခံစားရတတ်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မ တင်မကျ အခြေအနေမျိုးတွေလည်း ကြုံရပါလိမ့်မည်။ ကျန်းမာရေး ညံ့နေသူများ ပြန်ပြီး နာလန်ထလာ ပါလိမ့်မည်။ ရေချိုးမှားတာ၊ အပူ လော င်တာတွေ ဖြစ်တတ်ပါသည်။ ကောင်းသောခရီးတွေလည်း သွားလာရတတ် ပါသည်။

ငွေအတွက်လည်း စိတ်ချမ်းသာရတတ်ပါသည်။ ဆွေမျိုးကိစ္စ၊ ငွေရေးကြေးရေးကိစ္စ တွေကို အကြောင်းပြု ၍ ခရီးဝေးသွားလာရကိန်းများ ဖြစ်တတ်ပါသည်။ အိမ်သား တစ်ယောက် လိမ့်ကျ၊ ချော်လဲ၊ ခိုက်မိတတ်ပါသည်။ အိမ်ထောင်ရေးမှာတော့ အညံ့မရှိ သလောက်ပါပဲ။ ပညာ ရေးမှာတော့ မိမိကိုယ်တိုင်သင်ယူချင်စိတ်အားနည်း နေ တတ်ပါတယ်။

အကျိုးပေးဂဏန်း 0/6/7 အထူးဟော အလုပ်ရှုပ်ရမည် ယတြာ သရက်သီးသနပ် ဘုရားကပ်လှူပါ။

အင်္ဂါ

ဒီကာလအတွင်း မိမိအတွက် ကံအင်အားကောင်းနေတတ်ပါတယ်။ စိတ်ချမ်းသာစရာတွေ၊ တိုးတတ်အောင် မြင်ခြင်းတွေကို ကြုံရတတ်ပါ တယ်။ အလုပ်တွေနဲ့ပက်သက်ပြီး စိတ်ကူးသစ်နဲ့လုပ်ပါ။ နည်းပညာအခြေခံတဲ့ ချဲ့ထွင် မှု တွေကိုလုပ်ဆောင်ပါ။ အလုပ်အဆက် အသွယ် ကောင်းတွေ အခွင့်အလမ်းကောင်းတွေလည်း ပေါ်ပေါက်လာရ တတ်ပါသည်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ကိုင်ရတ တ်ပါသည်။

မိန်မကြီးတစ်ယောက်ရဲ့ အကူအညီ ကောင်း များကိုလည်း ရရှိနိုင်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးများမှာတော့ ညှိနှိုင်းမရတာတွေ ဖြစ် စေရတတ်ပါသည်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေမျိုးတွေလည်း ကြုံလာရစေတတ်ပါသည်။ လူကြီးတွေ ဝင်ရှုတ်လို့ အပူမီး တွေ ပွားစေတဲ့ ကိန်းမျိုးလည်း ကြုံတွေ့နေရတတ်ပါသည်။ အသေးစားစီးပွားရေး များ၊အလတ်စားစီးပွားရေးများ ပိုမိုအဆင်ပြေမှုတွေရှိ တ တ် ပါတယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးကင်းနေပါ လိမ့် မယ်။မျက်စိအာရုံစိုက်ပြီးလုပ်ကိုင်ရသူများဒီကာလမှာ မျက်ရိုးကိုက်တတ်ပါတယ်။ ပတ် ဝန်းကျင်ကောင်း ၊မိတ်ဆွေကောင်းတွေရဲ့အကူအညီ တွေကိုရတတ်ပါတယ်။ အိမ်တွင်းရေးမှာတော့ သားသမီးကြောင့် စကားအခြေ အ တင်များနေရတတ်ပါတယ်။ ပညာရေးကံအထူး ကောင်းပါတယ်။ ကြိုးစားသမျှ အရာထင်မှာပါ။

အကျိုးပေးဂဏန်း 1/3/7 အထူးဟော ကံမြင့်မားနေမည်။ယတြာ ထီးနီသုံးလက် မွေးနံထောင့်မှာလှူပါ။

ဗုဒ္ဓဟူး / ရာဟု

ဒီကာလမှာတော့ ပျော်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်။ လက်ဆောင်တွေ ရလွယ်တဲ့ နေ့ရက်တွေပါပဲ။ ကံကောင်းနေတာကတော့ စိတ်ထဲတောင်းတနေတာလေးတွေ ပြည့်ဝလာတတ်ပါတယ်။ကောင်းသော အပြောင်း အလဲတွေ ကြုံတွေ့လာရတတ်ပါသည်။ ခက်ခဲ ကြန့်ကြာ နေသည့်ကိစ္စများ အဆင် ပြေသွားမည်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်းများ ရရှိလိမ့်မည်။ စပ်တူလုပ်ငန်း တွေလည်း စီစဉ်ရတတ် ပါသည်။

မိသားစုအတွင်း အဆင်မပြေ ဖြစ်နေတဲ့ကိစ္စတစ်ခု အဆင်ပြေသွားပါ မယ်။ ပစ္စည်း တစ်ခု အဝယ်၊ အရောင်းကိစ္စများမှာတော့ ညှိမရ၊ နှိုင်း မရဆိုတာ မျိုးတွေ ဖြစ်နေရ တတ်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေ၊ စိတ်ချမ်းသာရမည်။ အိမ်ထောင် မရှိ သေး သောသူများ မင်္ဂလာကိစ္စများ စီစဉ် ရတတ်ပါသည်။ ရောဂါတစ်ခု ပျောက်မှန်းမသိ ပျောက်သွားတတ် ပါသည်။

ဆရာသမား၊ ကြီးကဲသူတွေရဲ့ အထင်အမြင်လွဲခြင်းများကိုလည်း ခံစားရတတ်ပါသည်။ သွားရင်း၊ လာရင်းနဲ့ အန္တရာယ်ကြုံကာ အမှုပွားရ တာ မျိုး တွေလည်း ကြုံတွေ့နေရတတ်ပါသည်။ ဝန်ထမ်းများ နေရာရလွယ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ထောက်ခံ ခြင်းကိုရတတ် ပါ တယ်။တစ်ပါးသူ တွေရဲ့ အခက်အခဲတွေကိုလဲ ကူညီနိုင်ပါ လိမ့် မယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ မိမိရဲ့ကြိုးစားလိုမှုကြောင့် အဆင် ပြေ ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/8အထူးဟော စိတ်ကြည်နူးပျော်ရွှင်ရမည်။ယတြာ အကြော်စုံဘုရားကပ်လှူပါ။

ကြာသပတေး

ဒီကာလတွေမှာတော့ မိမိအတွက်အကြပ်အတည်းအခက်အခဲတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတာတွေလုပ်ကိုင်သူများ ဥပဒေရဲ့အဆုံးအမကိုခံယူရတတ်ပါတယ်။ ခွဲစိပ်ကုသရမဲ့သူများ အောင်မြင်မှု တွေရလွယ်ပါတယ်။ ကောင်းသောအပြောင်းအလဲတွေ ထူး ထူး ခြားခြား ဖြစ်လာတတ်ပါသည်။ အထူးသဖြင့် အတွေး အခေါ် ပိုင်းဆိုင်ရာ၊ ခံယူချက်ပိုင်းဆိုင်ရာ စိတ်သဘောထား အပြောင်းအလဲတွေ ဖြစ်ပေါ် လာတတ်ပါသည်။

အလုပ် မှာ လည်း ကောင်းသောအပြောင်းအလဲတွေ ကြုံတွေ့ရတတ်ပါတယ်။ အိမ်သူ၊ အိမ်သားအချင်းချင်း စကား များ ရန် ဖြစ် ရတတ်ပါ တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း ကြီးကဲသူတွေကို အကြောင်းပြပြီး အဆင်မပြေမှု ကြီးစွာ ဖြစ် တတ်ပါတယ်။ ရပ်ဝေးကပစ္စည်း တွေလည်း ဝင်လာတတ်ပါတယ်။ ခက်ခဲထစ်ငေါ့နေတဲ့ အရောင်းအဝယ် ကိစ္စ တွေ အထူးအောင်မြင်သွားပါမယ်။

မိတ်ဆွေကောင်းတွေရဲ့ ထိရောက်တဲ့ အကူအညီကောင်းတွေလည်း ရရှိ ပါမယ်။ ကျန်းမာရေးကတော့ တစ်ရှောင်ရှောင် ဖြစ်နေရတတ်ပါ တယ်။ အိမ်ကိုလာတဲ့လူနာ ဧည့်သည်များကိုလည်း ကူညီရ တတ်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်းများထဲက ကြီးကဲသူတစ်ဦး အမှုအခင်းများ ကြုံတွေ့ရတတ်ပါတယ်။ ပညာရေး ကတော့ ကံကမပေးတာကြောင့် ဉာဏ်ဝီရိယတွေစိုက်ထုတ်ရလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/9 အထူးဟော ကံအားနည်းနေပါတယ်။ယတြာ ငွေ၂၀၀ခန့်ပံ့သကူပစ်ပါ။

သောကြာ

ဒီကာလအတွင်းငွေကုန်ကြေးကျတွေများနေရတတ်ပါတယ်။ တစ်ခုကောင်း တာကတော့ အဓိဌာန်ဝင်ခြင်း တွေ၊ စေတီတွေလှည့်ပြီး ပုတီး စိပ်တာမျိုးတွေကတော့ ဒီလိုနေ့ရက်တွေမှာလုပ်ဆောင်မယ်ဆိုရင် အကျိုးထူး တတ် ပါတယ်။ သံယောဇဉ် အရမ်းများနေသူ ဆို အလုပ်မ ဖြစ်ပါဘူး။ အလုပ်ပေါ်အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခြေ အနေ ကောင်း ရလဒ်ကောင်းတွေရှိပါလိမ်မ့ယ်။ မိမိဆုံး ဖြတ်ချက် တွေက တွေဝေနေ တတ်ပါတယ်။

စားဝတ် နေရေးပြေလည်ဖို့ငွေနောက်ပဲလိုက်ရမလား ။ပညာရမဲ့အလုပ်တွေပဲလုပ်ရမလား စသည်ဖြင့် တွေဝေဒွိဟ ဖြစ်ရတာ တွေ များ တ တ်ပါတယ်။ ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ အဆင်ပြေဖို့မလွယ်ပါဘူး။စပ်တူ အလုပ်တွေဆို ရှယ်ယာ ဝင်တွေနှုတ်ထွက်သွား တတ် ပါတ ယ်။ သူတစ်ပါး တွေပြောစကားကိုမယုံပါနဲ့ ။ မျက်မြင်ကိုယ်တွေ့မဟုတ်တဲ့ ကိစ္စ တွေကို ဘယ်သူကိုမှယုံပြီးလက်မခံလိုက်ပါနဲ့။

ငွေချေးတာမျိုး စုမဲစုတာမျိုးတွေကိုလက်ရှောင်သင့်တဲ့နေ့ရက်တွေ ပါပဲ။ ကျန်းမာရေးကတော့ အညံ့အဆိုးမတွေ့လောက်အောင်နည်းပါ တယ်။ ကျန်းမာရေးကောင်းမှာပါ။အချစ်ရေး ကတော့ အကောင်းဘက်ကို များပါတယ်။ ချစ်လွန်းအားကြီးပြီး သဝန်တိုတဲ့ကိစ္စတွေပေါ် လာရင်တော့ ပြဿနာဖြစ်ရ တတ်ပါ တယ်။အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်က အိမ်မကပ်တာမျိုးတွေရှိနေတတ်ပါတယ်။ ပညာရေး နဲ့ပတ်သက် ပြီးတော့အထူးကောင်းတယ်။အကျိုးပေးဂဏန်း 0/6/3

အထူးဟော ဆုံးဖြတ်ချက်တွေခိုင်မာဖို့လိုပါတယ်။ယတြာ သရက်ချဉ်သုပ်ဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလတွေမှာတော့စထားပြီး ပြီးဆုံးအောင်မလုပ်ဖြစ်သေးတဲ့ကိစ္စတွေကို ဒီနေ့မှာပြန်လည်လုပ်ကိုင်ကြည့် လိုက်ပါ။ သေချာ ပေါက်အ ဆင်ပြေတတ်ပါတယ်။ စက်ကားများဝယ်မယ်ဆိုရင်လဲ ဒီနေ့ရက်တွေမှာဝယ်လို့အလွန်ပဲ ကောင်း နေတတ် ပါတယ်။သူတစ်ပါးတွေရဲ့ ပြ ဿနာများ အခက်အခဲများကို မိမိက အကြံပေးလိုက်တာနဲ့ အဆင်ပြေ သွားတတ်ပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေ၊ မောင်နှမသားချင်းများ အတွက် ဆုံးဖြတ်ရခက်တဲ့ သို့လောသို့လော အခြေအနေ မျိုး တွေ လည်း ကြုံတွေ့ရတတ်ပါတယ်။

အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်ခု ဖြစ်လာပါမယ်။ အရေးကြီးသော ကိစ္စတွေ နှစ်မျိုး နှစ်ခု တစ်ပြိုင်နက်တည်း ကြုံလာတတ်၊ ဖြေရှင်းရတတ်ပါ တယ်။ ငွေရေး၊ ကြေးရေးနှင့် ပတ်သက် ပြီး သေချာပေါက် ဝင်ရမှာတွေ လွဲသွား၊ ချော်သွားရတတ်ပါတယ်။ ငွေကြေး စာရင်းဇယား၊ အမှား အယွင်းတွေ အရှုပ် အထွေး တွေ လည်း ဖြစ်လာရတတ် ပါတယ်။

နိုင်ငံရပ်ခြား၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာတော့ စိတ်စနိုး စနောင့် ဖြစ်ရ တတ်ပါ တယ်။ အချစ်ရေးကတော့ ချစ်သူနဲ့ နားလည်မှု တွေ ယူလို့မရဘဲ စိတ်ဝမ်းကွဲတဲ့အထိဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေး ကတော့ အနည်းငယ်ကတောက်ကဆတွေများ နေရတတ်ပါ တယ်။ သိပ်ဆိုးဆိုးဝါးဝါး တော့ မရှိပါဘူး။ ပညာရေး ကတော့ ကောင်းမွန် အဆင်ပြေနေတတ်ပါတယ်။အကျိုးပေးဂဏန်း 3/5/8အထူးဟော စီးပွားရေး၊အလုပ်အကိုင်ကောင်းမည်။ ယတြာ နွားနို့ပူပူလေးဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှကင်းဝေးနိုင်ကြပါစေ။ အဓမ္မကို ဓမ္မကအမြန်တွန်းလှန်နိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *