(16.4.2021 မှ 22.4.2021) အထိ တစ်ပတ် စာ (၇) ရက် သားသမီး များ ဟောစာတမ်း . .

Posted on

တနင်္ဂနွေ

ဒီကာလအတွင်းမှာ ခရီးတိုတွေ တစ်ခုပြီး တစ်ခု သွားနေရ တတ်ပါတယ်။ မနား ရအောင်လည်း သွားလာ ရတတ်ပါတယ်။ ကိုယ့်ကိစ္စသာမက သူတစ်ပါးအတွက်ပါ ခရီးတွေလည်း သွားလာရတတ်ပါတယ်။ ဒါပေမယ့် သွားပါများ ခရီးရောက် ဆိုတဲ့အတိုင်းပဲ အလုပ်အဆက် အသွယ်ကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက် လာတတ် ပါတယ်။ ပြဿနာကြီးတစ်ခု ကတော အလိုလို ရှင်းသွားပါလိမ့်မည်။

ကိုယ့်ကို ရန်လုပ်နေတဲ့သူ၊ ဒုက္ခပေး နေတဲ့သူ အရပ်ဝေးကို ရောက်သွား ပါလိမ့်မည်။ ထီထိုးလိုလျှင် (၂အစ၊ ၇အစ)ထိုးပါ။ငွေကြေးနှင့် ပတ်သက် သော ကံကောင်းမည်။ ဆက်ဆံမိနေသော လူသစ်များကြောင့် စိတ်အနှောက်အယှက်များ ဖြစ်စေရတတ်ပါသည်။ အကြံ အစည်များ အောင်မြင်လင့်ကစား၊ မိမိလိုလားသော အတိုင်းအတာအထိ မရောက်ရှိနိုင်ပါ။ ရန်နှင့်ယှဉ်ပြီး လုပ်ကိုင် ဆောင်ရွက်ရကိန်းများရှိနေပါသည်။

ရင်းနှီးသောသူများနှင့်စကားများရတတ်ပါသည်။ကျန်းမာရေး ကတော့ ဒီအပတ် အတွင်းသိပ်စိတ်ပူစရာတော့မလိုဘူး။ ဖြစ်နေတဲ့ရောဂါတောင်သက်သာသွားနိုင်ပါတယ်။ အချစ်ရေး ကိစ္စတွေက ကောင်းမလိုနဲ့ဆိုးတတ်တယ်။ အလှမ်းကွာသူကို ချစ်ခွင့်ပန်မိရာကနေ မတူမတန် စကားတွေအပြော ခံရနိုင်သည်။ အိမ်ထောင်ရေး ကတော့ သာယာပျော်ရွှင်ရမယ့် ရက်တွေလို့ပဲဆိုရမှာပါ။

အကျိုးပေးဂဏန်း…၁/၅/၃
အထူးဟော ကံအင်အားနည်းပါးနေမည်။
ယတြာ စံပယ်ပန်းဘုရားလှူပေးပါ။

တနင်္လာ

ဒီကာလတွေအတွင်း အဖိုးတန်ပစ္စည်းတွေ အရောင်းမှား၊ အဝယ်မှား၊ ဆုံးဖြတ် မှားတာတွေလည်း ဖြစ်တတ် ပါတယ်။ မိတ်ဆွေ၊ မောင်နှမတွေနဲ့လည်း စကားများရတတ် ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ မထင်မှတ်ဘဲ ပြင်ဆင် ပြောင်း ရွှေ့ရတတ်ပါတယ်။ အမျိုးသမီး တစ်ယောက်က အကူအညီကောင်းတွေ ပေးလာတတ်ပါတယ်။ ငွေကံ ကလေး တွေ ကလည်း ကောင်းနေပါလိမ့်မည်။

ငွေတွေ ဟိုကဝင်၊ ဒီကဝင်နဲ့ တော်တော်ကို အဆင်ပြေနေမှာပါ။ လူမှုရေး၊ အိမ်တွင်းရေးမှာလည်း စိတ်ချမ်းသာရတတ် ပါသည်။ မိသားစုများ စုစည်း၊ ဆုံတွေ့မှုအစီအစဉ်များ အောင်မြင် မည်။ မနာလိုသူများ၊ အပြိုင်အဆိုင်များကြားမှ တိုးတတ်မှုများ ဖြစ်ထွန်းမည်။ အရပ် ဝေးမှ ကြန့်ကြာ နေသည့် ပစ္စည်းများ လက်ဝယ်ပြန်လည်ရရှိမည်။ မြုပ်နေသော ငွေများ ပြန်ပေါ်လာမည်။ ကုန်ပစ္စည်းသစ်တစ်ခုအား စွန့်စား ဖြန့်ချီ၍ ထူးခြားသော အကျိုးအမြတ်များ ရရှိမည်။

စိတ်ကောင်း၊ စေတနာကောင်းများ ရှိလင့်ကစား၊ အမှန်အတိုင်း ပြောတတ်လွန်းခြင်း၊ စိတ်မြန်ခြင်းများကြောင့် ခိုက်ရန်ဖြစ်ရတတ်ပါသည်။အချစ်ရေးကိစ္စတွေမှာ တော့ ချစ်သူနဲ့လူ ချင်းစိတ်ချင်းဝေးနေရတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ အဆင်မပြေတာများနေတတ်ပါ တယ်။ အိမ်ထောင်ဘက် နဲ့ သဘောထားမတိုက်ဆိုင်တာတွေများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း…၂/၆/၄
အထူးဟော….ကံအကောင်းအဆိုးတွေ ရောထွေးနေ လိမ့်မယ်။
ယတြာ….ကျန်းမာရေးမကောင်းသူတွေကို အာဟာရဖြစ်စေမယ့်အရာတစ်ခုခုလှူပါ။

အင်္ဂါ

ဒီကာလအတွင်းမှာ ကောင်းသော အပြောင်းအလဲ တွေ ထူးထူးခြားခြား ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ခံယူချက်ပိုင်းဆိုင်ရာ၊ စိတ်သဘောထား အပြောင်းအလဲတွေလည်း ဖြစ်ပေါ်လာတတ် ပါတယ်။ အလုပ်မှာလည်း ကောင်းသော အပြောင်းအလဲတွေနဲ့ ကြုံတွေ့နေရမယ်။ လက်ရှိလုပ်ငန်းကို တိုးချဲ့တာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာ၊ အသစ်စတာပဲဖြစ်ဖြစ်၊ အောင်မြင်နိုင်ပါတယ်။

ရပ်ဝေးက လုပ်ငန်းကောင်း၊ အဆက် အသွယ်ကောင်းတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ တရှောင်ရှောင် ဖြစ်နေရတတ်ပါတယ်။ လူနာဧည်သည်များကို ကူညီပေးရတတ်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်းထဲက ကြီးကဲသူတစ်ဦး အမှုအခင်းများ ကြုံ တွေ့ရတတ်ပါတယ်။ ငွေကြေး၊ ဥစ္စာဓန ရေးရာတို့တွင် အရှုတ်အထွေးများ ဖြစ်တတ်သည်။ မှန်ကန်သော ဆုံးဖြတ် ချက်နှင့် အဆင့်မြင်သော လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်မည်။

ရုတ်တရက် ဆုံးဖြတ်ပြီး လုပ်ကိုင်သော ကိစ္စမှန်သမျှ ထူးခြားသော အောင်မြင်မှု များ ဆက်တိုက်ရရှိလာမည်။အချစ်ရေးမှာ ချစ်ရသူရဲ့ နွေးထွေးကြင်နာမှုကို ပိုမိုရရှိစေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မိန်းကလေးဆို အိမ်ထောင်ဦးစီးအတွက်စိတ်ပူရတတ်ပါတယ်။ အိမ်ထောင်ဘက်က အရာရာ တစ်ဇွတ်ထိုးလုပ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၀
အထူးဟော လုပ်ငန်းစီးပွားပြန်လည်ဦးမော့လာမည်။
ယတြာ….ထောပတ်ထမင်းပဲဖြစ်ဖြစ်၊ဒံပေါက်ဆွမ်းပဲဖြစ်ဖြစ် ဘုရားကပ်လှုလိုက်ပါ။

ဗုဒ္ဓဟူး / ရာဟု

ဒီကာလအတွင်းမှာ ပြဿနာဖြစ်နေသူတွေနဲ့ ပြန်ပြီး အဆင်ပြေသွားပါမယ်။ ကိုယ့်ကိုစော်ကား ထားတဲ့သူ တွေက ပြန်ပြီး တောင်းပန်ကြပေလိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဘေးပယောဂတွေကြောင့် သွေးကွဲ ၍ အေးခဲစေရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊ အထစ်အငေါ့ကြီးစွာ ကြုံတွေ့ရတတ်ပါတယ်။ အလုပ် ကိစ္စ၊ ဝမ်းသာစရာ အခြေအနေကောင်းတွေ ကြုံတွေ့ရမည်။

ထီပေါက်သလိုမျိုး ငွေတွေလည်း ဝင်လာတတ် ပါ တယ်။ အိမ်မှာ ရှိတဲ့အမျိုးသမီးကြီးများ ကျန်းမာရေးညံ့နေမည်။ ကိုယ်တိုင်ကတော့ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းနေပါလိမ့်မယ်။သူစိမ်း၊လူမျိုးကွဲ အကျိုးပေးမည်။ နေရာအပြောင်း အလဲပြုပါ။ အိမ်ရှိပရိဘောဂများ အထား အသို ပြင်ဆင်ခြင်း၊သန့်ရှင်းရေးလုပ်ခြင်းများလုပ်လိုက်ပါ။ထူးခြား ကံကောင်းစေမည်။ လူမျိုးကွဲ၊ လူမျိုး ခြား၊ ကပြား များကောင်းကျိုးပေးမည်။

မသွားလိုသော ခရီးများ သွားလာရ မည်။ စိတ်ကူးသစ်ဖြင့် ဆောင်ရွက် ခြင်း များမှ အောင် မြင်မှုများ ရရှိမည်။ငွေအမြောက်အမြား အကုန်အကျခံ၍ ဆောင်ရွက် နေသောကိစ္စများတွင်လည်း ငွေမြုပ်နေတတ် ပါတယ်။ ဘာသာရေး အလုပ်များ စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင် ရွက်ရင်း တရားထူး၊ တရားမြတ်များ ရရှိ တတ်ပါသည်။ တရားအားထုတ်၍ တရားထိုင်ပါ။

အကျိုးပေးဂဏန်း ၄/၆/၁
အထူးဟော အနည်းငယ် စိတ်ရှုပ်စရာလေးတွေရှိနေမည်။
ယတြာ….အုန်းသီးပါသောမုန့်တစ်မျိုးမျိုးဘုရားကပ်ပါ။

ကြာသပတေး

ဒီကာလအတွင်းမှာ အဖိုးတန်ပစ္စည်း ဝယ်တဲ့၊ ရောင်းတဲ့ကိစ္စတွေမှာလည်း ထစ်ငေါ့ လွဲချော်နေ ရတတ်ပါ တယ်။ အောက်လက်ငယ်သားတွေနဲ့ ပတ်သက်ပြီး စိတ်နှစ်ခွဖြစ်စရာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ သူခိုးအခိုး ခံရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အအုံ ကိစ္စတွေကတော့ အဆင်ပြေ အောင်မြင်ပါလိမ့်မည်။ ကြီးကဲ သူတို့ရဲ့ ကူညီစောင်မမှုတွေနဲ့လည်း ကြုံတွေ့လာရ တတ်ပါတယ်။

အခက်အခဲတွေ ကြားထဲကပင် အလုပ်နဲ့ ပတ်သက် လို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာတတ် ပါတယ်။ တစ်ပြိုင်နက်တည်း တစ်ခုထက်ပိုသော လုပ်ငန်းကိစ္စ များ ဆောင်ရွက်အောင်မြင်မည်။ စိတ်အနှောက်အယှက်နှင့် အတိုက်အခံများ၊ လူယုံဒုက္ခပေးခြင်းများကတော့ အနည်းငယ် ဖြစ်ပေါ်မည်။ ရည်ရွယ်ထားသည်များ အပေါ် စနစ်တကျလုပ်ကိုင်နိုင်၍ ရှိရင်းစွဲအနေအထားမှ ပိုမို မြင့်မားသောအနေအထား သို့ ပြောင်းလဲလုပ်ကိုင်နိုင်မည်။

မေတ္တာရေးကံကောင်းလိမ့်မည်။သို့သော် ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးကို အထူး သတိထားပါ။ ငွေကြေးချေးငှားခြင်းတွေ၊အကြွေးတောင်းခြင်းတွေ၊ ငွေစုမဲ စုခြင်းတွေဒီကာလမှာဆောင်ရွက်လို့မကောင်းသေးပါဘူး။လူငယ်များ လွတ်လပ်ပေါ့ပါးစွာနေလိုပေမယ့် အရာရာ ချုပ်ချယ်မှုတွေခံနေရတတ်ပါတယ်။ ဒါကြောင့်မိဘတွေအပေါ်အထင်လွဲစိတ်ရှုပ်နေမိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၇/၀
အထူးဟော မိသားစုကျန်းမာရေးကို ဂရုစိုက်ပါ။
ယတြာ….ကွက်ကီးဘုရားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်းမှာ ငွေတအား ရွှင်နေပါလိမ့်မည်။ အနီးကပ်မိတ်ဆွေ၊ မောင်နှမတို့အတွက်လည်း ဝမ်းသာ စရာများ ကြုံတွေ့နေရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာတော့ ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်လာရ တတ်ပါတယ်။လက်တွဲဖော်နဲ့ စိတ်တူကိုယ်တူအရာရာကိုကျော်ဖြတ်နိုင်ချိန်ပါပဲ။ ထူးထူးခြားခြား ဘုရားပုံတော်တွေ၊ ပန်းချီကားတွေ ဝင်လာရတတ်ပါတယ်။ ဒီအချိန်မျိုးမှာ တစ်ဇွတ်ထိုး လုပ်မိပြီး အမှားအယွင်းတွေတော့ ကြုံတွေ့နေရ တတ်ပါတယ်။

မိမိရဲ့ဆုံးဖြတ်ချက်တွေကြောင့်အများရဲ့အမြင်မှာ အထင်လွဲစရာကိစ္စတွေလည်း ကြုံတွေ့နေ ရတတ် ပါတယ်။ ငွေရေးကြေးရေး တွေ ကတော့ အဘက်ဘက်က ဝင်နေပါလိမ့်မည်။ မထင်မှတ်တဲ့ခရီး၊ ဘုရားဖူးခရီးတွေ၊ ငွေရေးကြေးရေးနှင့် ပတ်သက်သော ခရီးကိစ္စများ သွားလာလုပ်ကိုင်နေရတတ်ပါသည်။ အလိုလောဘတတ်၍ ဖြတ်လမ်းမှ လုပ်ခြင်း၊ ချက်ချင်းကြီးပွားလိုခြင်းများကြောင့် စိတ်အနှောက်အယှက်များ ကြုံတွေ့ရတတ်ပါသည်။

အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသောသူများ ဒုက္ခပေးတတ်သည်။ စိတ်လိုက်မာန်ပါလုပ်ကိုင်ခြင်းများ မပြုလုပ်ပါနှင့်။ ဇိမ်ခံပစ္စည်းများဝယ်ယူခြင်း၊ အိမ်ခန်းဖွဲ့ခြင်းများဆောင်ရွက်သင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁/၃/၆
အထူးဟော ကံမြင့်မားနေမည်။
ယတြာ.. မုန့်လက်ဆောင်းဘုရားကပ်လှူပေးပါ။

စနေ

ဒီကာလအတွင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေလည်း လု ပ်ရတတ်ပါတယ်။ အမျိုးသမီးတစ် ယောက်ရဲ့ အကူအညီကောင်းများ ရရှိနိုင်ပါသည်။ ဆွေမျိုး၊ မိတ်ဆွေရင်းတွေရဲ့ ရာထူးတတ်တဲ့သတင်း၊ ထီဆု ကြီးပေါက်တဲ့ သတင်း စသည်ဖြင့် ဝမ်းသာစရာသတင်းစကားတွေလည်း ကြုံရ၊ ကြားရတတ်ပါတယ်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်၊ ဆုံးဖြတ်ခက်တဲ့ အခြေအနေမျိုးတွေကနေ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်မည်။

လူကြီးမိဘများ ဝင်ရောက်စွတ်ဖက်ခြင်းကြောင့်လည်း ပိုမိုရှုပ်ထွေးသွားရတတ်ပါတယ်။ မိသားစုဝင် တစ်ဦးဦးအတွက် စိတ်ရှုပ် ရမည်။မိမိကျန်းမာရေးတွင် အာရုံကြောအားနည်းခြင်း၊သွားနာခြင်းများ ခံစားရတတ်သည်။ ငွေကိစ္စအခက်အခဲမရှိ ၊စီးပွားရေး အသင့်အတင့် တိုးတက်မည်။ အများ၏ ချစ်ခင်လေးစားခြင်းခံရမည်။စီးပွားရေးနှင့် စပ်လျဉ်းပြီး မိတ်ဆွေ ကောင်းများစွာ တိုးပွားမည်။

စိတ်လည်းအေးချမ်းရလိမ့်မည်။ လူငယ်များအချစ်ရေးအဆင်ပြေမည်။ ချစ်သူမရှိသေး သူဆိုချစ်သူသစ်ရမယ်။ ချစ်သူရှိပြီးသူများလက်ထပ်ရဖို့ အကြောင်းဖန်လာတတ်ပါတယ်။အိမ်ထောင်ရှင် များ အိမ်ထောင် ရေးသာယာမည်။ သို့သော် သား သမီးသောကရှိမည်။ အလုပ်များပြားသလောက် ဝင်ငွေတိုးတက်ကာ စိတ်ပျော်ရွှင် ရမည်။

အကျိုးပေးဂဏန်း ၄/၉/၀
အထူးဟော စိတ်ချမ်းသာစရာများမည်။
ယတြာ…ကျောက်ကျောမုန့် လုပ်ပြီး အိမ်နီးနားချင်းဝေပါ။

နှစ်သစ်မှာ ဣဿာ၊မစ္ဆိရိယ ကြီးသူတွေရဲ့ဘေးမှ ကင်းလွတ်နိုင်ကြပါစေ…

ဆရာငြိမ်းအေးလူ /09775555695 /09445555695

Leave a Reply

Your email address will not be published. Required fields are marked *