(04.2.2021 မှ 10.2.2021) အထိ တစ်ပတ် စာ (၇)ရက် သားသမီး များ ဟောစာတမ်း

Posted on

ဆရာငြိမ်းအေးလူ-ဗေဒင်သုတေသီ

တနင်္ဂနွေ

ယခုကာလများအတွင်း အမှုဟောင်း၊ ပြဿနာ ဟောင်းများကို ဖြေရှင်းနိုင်မည်။ ဆင်ခြင် တုံတရားနှင့် အသိ ပညာများကို အသုံးချ၍ ဆောင်ရွက်သော ကိစ္စများမှသာအောင်မြင်တတ်ပါတယ်။အလုပ်တစ်ဖက်နှင့်ပညာရှာ ရပေ မယ့် ထူးခြားတဲ့ပညာရေးအောင်မြင်မှုမျာ းရရှိမည်။ ကတိပျက်သွားသော စာချုပ်စာတမ်းများကို ပြန်လည်ချုပ်ဆို ရလိမ့်မည်။ စီစဉ်ပြီးမှ ပျက်ယွင်း သွားသော ခရီးစဉ်များကို ပြန်လည်သွားရောက်ရခြင်းများ ကြုံမည်။

အမှုဖြစ်၍ အလုပ်မှ ထုတ်ပယ်၊ အပြစ်ပေးခံရသူ ၏ အလုပ်တာဝန်များကို လွှဲပြောင်း တာဝန်ယူရခြင်းများ ရှိမည်။ ဤကာလ အတွင်း အအေးမိခြင်း၊နှာစေးခြင်းများဖြစ်တတ်သည်။ အအေးမခံရပါ။ ငွေဝင်များသလို အထွက်လည်းများမည်။ လက်အောက်ငယ်သားမျာ းအတွက် အနည်းငယ် စိတ်ရှုပ်နေရမည်။ အိမ်ထောင်ရေးကံမညံ့ပေမယ့်တစ်ခါတစ်ရံ အိမ်ထောင်ဖက်နှင့် သဘောကွဲလွဲမည်။ ထီကံကောင်းနေ၍ထီထိုးလိုပါက ၉၆၅ ဂဏန်းတွဲထိုးပါ။ အလုပ်သစ် အခြေ အနေသစ်များ ပြောင်းလဲမှုမလုပ်သင့် သေးပါ။ စီးပွားရေး တိုးတက်အောင်မြင်လာမည်။အများ၏အကူအညီ အသင့် တင့် ရရှိလိမ့်မည်။ စီးပွားရေးနှင့် ပတ်သက်သော စာပေများ၊သင်တန်းများ အဆင့်မြင့် သင်ယူခွင့်ကြုံမည် အကျိုးပေးဂဏန်း ၁/၅/၉ အထူးဟော…ကံကြမ္မာသင့်တင့်ပါတယ်။ ယတြာ…ဂန္ဓမာပန်း ဘုရားကပ်လှူပေးပါ။

တနင်္လာ

ယခုကာလအတွင်း ကျန်းမာရေးအညံ့များ ကြုံမည်။ ခေါင်း ကိုက်ခြင်း၊ စိတ်မကြည်မလင်ခြင်းဖြစ်မည်။ ပြဿနာဟောင်းများ ရှင်းလင်းရမည်။ ဝန်ထမ်းများ အခွင့်အရေးကောင်းကြုံမည်။ ဝင်ငွေကံတိုးတက်မည်။ ဆေး ပညာ လုပ်ငန်း၊ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းများ တိုးတတ်မည်။ လွန်လွန်ကဲကဲ အားနာတတ် ခြင်း၊ ယုံလွယ်ခြင်းတို့ ကြောင့် လူမှုရေးအရှုပ်အထွေးများ ဖြစ်မည်။

အပျော်အပါးဘက်သို့ စိတ်အာရုံညွတ်နေမည်။ လုပ်ကိုင်ဆောင်ရွက်နေသော ကိစ္စမှန်သမျှအပေါ် တွင် အာရုံ ထား၍မရ ၊ စိတ်အာရုံပျံ့လွင့်နေမည်။ အကျိုးအမြတ် ရရှိသောစုပေါင်းလုပ်ငန်းများ လုပ်ကိုင်နိုင်လိမ့်မည်။ ကျေးဇူးမသိတတ်သောသူများကို ကူညီမိလိမ့်မည်။ ငွေချေး က ဆုံးမည်။ လူလိမ်၊ လူညာ များ နှင့် တွေ့တတ်သည်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ အဝင်မတော်ပါ။ မိတ်ဆွေ များ ထံမှ စားသောက် ဖွယ်လက်ဆောင်ရရှိမည်၊လူငယ်များ အချစ်ရေးအဆင်ပြေမည်။ချစ်သူရဲ့အကူအညီကောင်း တွေရ လာတတ်ပါတယ်။အရေးကြီးကိစ္စများကို ဆွေမျိုးသားချင်းများနှင့် ဆက်စပ်လုပ်ကိုင်ပါ။ ကုန်သည်လုပ်ငန်း လုပ်နေ သူများ အလုပ်ကောင်းသော်လည်း စက်ပစ္စည်းအပျက်များမည်။ လုပ်ငန်းအတွက် စက်ပစ္စည်းများထပ် ဝယ်ရမည်။ အကျိုးပေးဂဏန်း ၃/၆/၂ အထူးဟော…လုပ်ငန်းစီးပွားများတိုးတတ်ပါလိမ့်မယ်။ ယတြာ…ဆီးသီးအချဉ်ပေါင်း ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ယခုကာလအတွင်း ကံတရားကောင်းများ ပေါ်ပေါက်လာပြီး ဖြစ်ရာ လုပ်ငန်းသစ်၊ စီးပွားသစ်၊ အကြံအစည် သစ်များ ဆောင်ရွက် အဆင်ပြေနိုင်ပါသည်။ ခက်ခဲသော အမှုပြဿနာများကို ဖြေရှင်းကျော်လွှား နိုင်ပေလိမ့်မည်။ ရပ်တန့်ထားသောလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်မည်။ လုပ်ငန်းအသင့်အတင့်တိုးတက်မည်။

ငွေဝင်ကံ ကောင်းမည်။ မုန့်လုပ်ငန်း၊ဖိနပ်ရောင်းဝယ်သောလုပ်ငန်း၊ ပညာရေးသင်ကြားမှုလုပ်ငန်းများပြန်လည် အဆင်ပြေ မည်။ ဝန်ထမ်းများမိမိရဲ့ကြိုးစားမှုကြောင့် အခွင့်အရေးကောင်းတစ်ချို့ရရှိမည်။ အချစ်ရေး၊ မေတ္တာရေးရာကိစ္စများ နှင့် ပတ်သက်၍ လွန်စွာစန်းပွင့်နေ ပါမည်။ လူငယ်များ အချစ်ရေးအဆင်ပြေမည်။ အသက်မွေးဝမ်းကျောင်းညာ တစ်ခုခု သင်ခွင့်ရမည်။ အလုပ်တာဝန် ဖြင့် ခရီးယာယီများမည်။အဆင်ပြေပြီးမြောက်မယ့်ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ကွဲကွာနေသော မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်း ရ လိမ့်မည်။ ကြီးကဲသူ၏ ကျန်းမာရေးအတွက်စိတ်ပူရမည်။ အိမ်ထောင်သည်များ ယခင်ထက်ပိုမို ညှိနှိုင်း လုပ် ဆောင်ရမည်။အိမ်ထောင်ဘက်နဲ့မတိုင်ပင်ဘဲ ဘာမှမလုပ်သင့်ပါ။ လုပ်ငန်းခွင်အတွင်း စီနီယာများ၏အကူ အညီ ရ မည်။ သူတစ်ပါး ပြဿနာ များ ဝင်ရောက်ဖြေရှင်းရမည်။ လုပ်ငန်း များတိုးတက်မည့် အချိန်ဖြစ်သည်။ အကျိုးပေးဂဏန်း ၃/၄/၀ အထူးဟော…ကျန်းမာရေးဂရုစိုက်ပါ။ ယတြာ…လက်ဖက်သုပ်ဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ယခုကာလများအတွင်း မိမိ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို နှောက်ယှက်သူများနှင့် တွေ့မည်။ လုပ်နေသော လုပ်ငန်းများ ဆိုင်းငံ့ခြင်း၊ ရပ်တန့်ခြင်းများ ပြုလုပ်ရလိမ့်မည်။အတွေးကောင်း၊စိတ်ကူး ကောင်းတွေတော့ရလာတတ်ပါတယ်။ ပြဿနာဟောင်းများ ပြန် လည်ဖြေရှင်းရလိမ့်မည်။ ကာလရှည်ကြာ ပူးတွဲနေ သူတို့နှင့်ပဋိပက္ခဖြစ်ခြင်း၊လမ်းခွဲရခြင်းများကြုံတွေ့ရ တတ် သည်။ ကတိပျက်တတ်သောသူများနှင့် ကြုံမည်။ ရောင်း မှား၊ ဝယ်မှား ဖြစ်တတ်သည်။ ရတနာပစ္စည်းတစ်ခုခု ဝင်မည်။

ဇနီး,ခင်ပွန်း အချင်းချင်း ရိုင်းပင်းကူညီမှုရမည်၊ ပျော် ရွှင်ဖွယ်ခရီးများ ထွက်ရမည်။အလုပ်သမားသစ်များ ရှာဖွေရ လိမ့်မည်။ဝန်ထမ်းကောင်း အလုပ်သမားကောင်းတွေရ လာတတ်ပါတယ်။ မိသားစုအတွင်း စီးပွားရေးများ ပုံမှန်လည် ပတ်မည်။အထည်လိပ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ထီဆိုင်လုပ်ငန်းများအကျိုးရှိမည်။ ဌာနဆိုင်ရာ အာဏာပိုင်များ နှင့် ပြောဆိုဆက်ဆံရသော် စိတ်ရှည်ရှည်ထားပါ။ ကျန်းမာရေးအတွက်အထူးပူစရာမရှိပါ။တူ၊တူမသားသမီးများအတွက်စိတ်ချမ်း သာရမည်။ လုပ်ငန်းခွင်အတွင်း complainများကြောင့် စိတ်ရှုပ်ထွေးနေတတ် သည်။ ကြီးကဲသူ၊အရာရှိများနှင့် သဘောကွဲလွဲတတ်သည်။ သို့သော် ဆရာ သမားကောင်းများ မစကူညီမည်၊။ဆရာသမားများနှင့် အစစတိုင်ပင် လုပ်ပါ။ အကျိုးပေးဂဏန်း ၁/၅/၈ အထူးဟော…အလုပ်များသောကများမည်။ ယတြာ…ဘိန်းမုန့် ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ယခုကာလများအတွင်း အပြိုင်အဆိုင်၊ အတိုက်အခိုက်များကို အောင်မြင်စွာ ဖြတ်ကျော် အနိုင်ယူနိုင်ပေလိမ့် မည်။ အတတ်ပညာကို အသုံးချ၍ အောင်မြင်မည်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။ လူမျိုးကွဲ များနှင့် တိုက်ရိုက် ဆက်စပ်၍ အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက် ခြင်းများ ဆောင်ရွက်နိုင်မည်။ ခရီးကိစ္စများ အဆင်ပြေမည်။ နေရာပြောင်း၍ လုပ်ကိုင်ခြင်းမှ တိုး တတ်မှုများ ရရှိမည်။

ပေါ်ပေါက်လာသော အကြံ ဉာဏ် နှင့် စိတ်ကူးသစ်များကို အကောင်အထည်ဖေါ်နိုင်မည်။ မိသားစုတွင် စီးပွားရေး၊လူမှုရေးကိစ္စများ ပြောဆို အဆင်ပြေမည်။ ပြည်ပခရီးကိစ္စများ ဆောင်ရွက်နိုင်မည်။ ကာလအတန်ကြာ စိတ်သောကရောက်နေသူများ စိတ် ချမ်း မြေ့ ရခြင်းများ ကြုံတွေ့ရမည်။ ကြွေးမြီဟောင်းပြဿနာများ ကူညီဖြေရှင်းရလိမ့်မည်။ ငယ်ရွယ်သူများ၏ လူမှု ရေးကိစ္စများအတွက် သောကများနေမည်။ ချစ်သူရဲ့မုန်းတီးခြင်းကိုခံရတတ်ပါတယ်။ငွေဝင်ကံကောင်းမည်။ အိမ် ထောင် ရေးသာယာမည်။ဆွေမျိုးသားချင်းများ အိမ်သို့လာရောက် လည်ပတ်လိမ့်မည်။လူငယ်များ ပညာရေး အထူး အားစိုက်ရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်ရေး၊အိမ်တွင်းရေးပျော်ရွှင်ရမည်။တစ်ဦးနှင့် တစ် ဦး ပိုမိုနားလည် မှုရ မည်၊ အကျိုးပေးဂဏန်း ၂/၆/၅ အထူးဟော…အဘက်ဘက်က ကံအခြေအနေကောင်းနေပါလိမ့်မယ်။ ယတြာ…သပြေပန်းဘုရားကပ်လှူလိုက်ပါ။

သောကြာ

ယခုကာလအတွင်း ချစ်သူ၊ ခင်သူ၊ ရင်းနှီးသူများနှင့် အခြေအတင်စကားများရမည်။ ပဋိပက္ခဖြစ်ရမည်။ လုပ်ငန်းခွင်အတွင်းအနီးအပါးသို့ ပြောင်းလဲရောက်ရှိလာသောသူများနှင့် အဆင်မပြေမှုများ ရှိမည်။ တတ်သိနား လည်သယောင်နှင့်လုပ်ကိုင်နေသော လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက် နှောက်ယှက်သော သူများနှင့် ကြုံတွေ့ နေ ရမည်။အလုပ်ခွင်အတွင်း စိတ်ကိုအတော်သည်းခံနေရတတ်ပါတယ်။

အိမ်သူ၊ အိမ်သား မောင်နှမ သားချင်းများ နှင့် ပဋိပက္ခများ ဖြစ်တတ်သည်။ စီစဉ်ထားသော ခရီးစဉ်များ ရက်ရွှေ့ဆိုင်းပြီးမှ သွားလာရတတ်ပါသည်။ ငွေရေး၊ ကြေး ရေး အပေးအယူကိစ္စတို့တွင် အငြင်းပွားစရာများ ဖြစ် တတ် သည်။ လူငယ်များ ပညာရေးကောင်း မည်။ ယာဉ်/ကား စက်ပစ္စည်းများ အပြောင်းအလဲဖြစ်မည်။အချစ်ရေး အဆင်ပြေမည်။ အညံ့များနေတဲ့အချစ်ရေးကိစ္စ အားလုံး ပြေ လည်ခွင့်တွေရလာတတ်ပါတယ်။အိမ်ထောင်ရေးလဲ ဇနီး,ခင်ပွန်းအချင်းချင်း ပိုမိုနားလည်မှုရရှိမည်။ အဖိုး အဖွား ကဲ့သို့ကြီးကဲသူမိမိအိမ်တွင်ရှိနေပါက ကျန်းမာရေးညံ့လိမ့်မည်။ မိမိတို့ရဲ့ကျန်းမာရေး ကတော့ အညံ့ အထူးမရှိပါ။ တစ်ခါတစ်ရံ အအေးမိခြင်း၊အကြောအခြင်များ တောင့် တင်းခြင်းခံစားရတတ်သည်။ ချစ်သူခင်သူများ ထံမှ အဝတ် အစားများ လက်ဆောင်ရမည်။ အကျိုးပေးဂဏန်း ၃/၀/၇ အထူးဟော…စန်းအား၊အချစ်ရေးကောင်းမည်။ ယတြာ…. မီးချောင်း၊မီးလုံး အကျွမ်းတွေ စွန့်ပစ်လိုက်ပါ။

စနေ

ယခုကာလအတွင်းခရီးသွားလာခြင်းနှင့်အရပ်ဝေးဆက်ဆံ ဆောင်ရွက်ခြင်းကံများအထူးကောင်းနေပါ သည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ ကပြားများ နှင့် အထူးအကျိုးပေးနေပါသည်။ ဘဝအခြေအနေသစ်နှင့် တိုးတတ်မှုများ ကြုံ တွေ့ရ မည်။ အဖွဲ့အစည်း ကိစ္စများတွင် အရေးပါသောနေရာများသို့ ရောက်ရှိခြင်းများ ကြုံတွေ့နေရမည်။ အပြိုင် အဆိုင်၊ အတိုက်အခံ မှန်သမျှကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ စီးပွား ကံလည်း ကောင်းမည်။

မိမိအနေဖြင့် သူတစ်ပါး အခက်အခဲများ ကူညီပေးရလိမ့်မည်။ အိမ်သို့ စက်ပစ္စည်း များဝင် မည်။အိမ်မှ သားသမီးတစ်ဦးဦး အလုပ်ကိစ္စဖြင့် ခရီးထွက်လိမ့်မည်။လုပ်ငန်းခွင်တွင်ငယ်သူများ ကြောင့် စိတ်ပင် ပန်း နေမည်။ မိသားစုအတွင်း၌ သဘောကွဲလွဲတတ် သည်။ လူငယ် လူရွယ်များ အလုပ်အကိုင် သစ်လုပ်ရန် အခွင့် အလမ်းပေါ်လာမည်။ စီးပွားရေး တိုးချဲ့လုပ်ပါ။သို့သော် ဝန်ထမ်းအလုပ်သမားအခက်အခဲရှိမည်။ ကျန်းမာရေး သင့် ပါသည်။ သို့သော် သွေးတိုးခြင်း၊ တစ်ခါတစ်ရံ နှလုံး အား နည်း၍ မောပန်းခြင်း၊အဆစ်အမြစ် နာကျင်ခြင်း ဖြစ်တတ်သည်။ လူငယ်များအချစ်ရေး အဆင်ပြေမည်။ ချစ်သူ အချင်းချင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေမည်။အိမ်ထောင်ရေးမှာ ခင်ပွန်းအလုပ်နှင့်ပတ်သက်၍ အားမလို အား မရဖြစ်နေတတ်သည်။ အကျိုးပေးဂဏန်း ၁/၄/၀ အထူးဟော…လုပ်ငန်းခွင်မှာဖြစ်စေ၊အိမ်မှာဖြစ်စေ လူမှုရေးအပူသောကတွေရှိနေတတ်ပါတယ်။ ယတြာ….အာလူးကြော်ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
လက်ဆန်းဗေဒင်သုတေသန
0977 5555 695
09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *