သွယ်လျလှပတဲ့ ခန္ဓာကိုယ် အမိုက်စားလေးကြောင့် ပုရိသတွေ သာမက မိန်းကလေး ချင်းပါ ကြိတ်ကြွေနေရသူလေး ကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဖက်ရှင်ကျကျအမြဲတမ်းဝတ်စားတတ်တာကြောင့်လည်း အားလုံးက ကြည့်မ ဝဖြစ်နေရတာလည်း ဖြစ်ပါတယ်။ အမြဲတမ်း လိုလို ဆွဲဆောင်မှုရှိရှိနေထိုင်တတ်တဲ့ မင်းသမီးလေး တစ်ဦးဆိုရင်လည်း မမှားပါဘူးနော်။ သူမ ဟာ လတ်တလော မှာလည်း ကြော်ငြာလေးတွေ လက်မလည်အောင် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။
သူမရဲ့ အနုပညာလှုပ်ရှားမှု တိုင်းကို လည်း ပရိသတ်တွေကို အမြဲ ဝေမျှပေးလေ့ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုမှာလည်း သင်ဇာရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ လေထဲမှာ အလွင့်တလိုင်းပုံစံနဲ့ အမိုက်စားပို့စ်တွေ အပီအပြင်ပေးနေကြတဲ့ သင်ဇာဝင့်ကျော်နဲ့ဂျိုကာတို့ရဲ့ ကြော်ငြာရိုက်ကွင်း Video လေးပဲ ဖြစ်ပါတယ်။ သူမဟာ ခရမ်းမြို့မှာ ကြော်ငြာသွားရောက် ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေး ကို တင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd- Thinzar Wint Kyaw’s Facebook Account
zawgyi