​လူငယ် တစ်ယောက် အနေ နဲ့ တော်လှန်ရေး တိုက်ပွဲကြီး နဲ့ ပတ်သက်ပြီး တန်ဖိုး ရှိတဲ့ စကား လေးတွေ ကို ဖွင့်ဟ ပြောကြား ထားတဲ့ ဗီဒီယိုဖိုင်

Posted on

အချိန်အားဖြင့် (၂) လကျော်ကြာမြင့်နေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဆန္ဒ ထုတ်ဖော်မှုကြီးဟာ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။ အပစ်အခတ်တွေကြောင့် သေဆုံးသွားရသူတွေ ဒဏ်ရာရရှိသူတွေလည်း များပြားစွာရှိနေခဲ့ပြီး အိုးအိမ်ပစ္စည်းဥစ္စာ ပျက်ဆီး ဆုံးရှုံးမှုတွေလည်း ကြုံတွေ့နေရဆဲပါ။ ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းခံရသူတွေလည်း များစွာရှိလာပြီဖြစ်တာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေကြားမှာပဲ လှုပ်ရှားမှုတွေကို ပြုလုပ်နေရတာလည်းဖြစ်ပါတယ်။

ဒီလိုအခက်အခဲတွေမျိုးစုံ နဲ့ရင်ဆိုင်နေရပေမယ့် လည်း ပြည်သူတွေက လက်မလျော့သွားဘဲ ယုံကြည်ချက်ပန်းတိုင်တစ်ခုကိုရောက်ဖို့ ညီညီညွတ်ညွတ်နဲ့လှုပ်ရှားနေကြဆဲပါ။အခုလည်း ဒီလှုပ်ရှားမှုကြီးမှာ ပါဝင်နေတဲ့ လူငယ်တစ်ယောက်က သူရဲ့ရင်ထဲကခံစားချက်တွေကို ခုလိုရင်ဖွင့်ပြောကြားလာတာဖြစ်ပါတယ်။” ခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စကြီးဟာ သူအေနေနဲ့ မတရားမှုကြီးလို့ မြင်မိတာကြောင့် ဒီလှုပ်ရှားမှုကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ် လို့ဆိုပါတယ်။

ဒါ့အပြင် သူမအပါအဝင် နောင်လာ နောင်သားတွေရဲ့ အနာဂတ် အားလုံးက မိမိဆုံးဖြတ်ချက်အပေါ်မှာပဲ လွတ်လပ်မှုရှိပြီး မှန်မှန်ကန်ကန်နဲ့လျှေက်လှမ်းနိုင်တဲ့ ဒိမိုကရေစီကို လိုချင်ကြောင်းလည်း လေးလေးနက်နက်ပြောကြားလာတာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်ရာမှာလည်း အချင်းချင်းညီညီညွတ်ညွတ်ရှိရန်လိုကြောင်း ဒီလိုမှလည်း အောင်မြင်မှု ရရှိနိုင်မယ့်အကြောင်းကိုလည်း အကြံပေးပြောကြားထားတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း GenZ ပြည်သူလေးရဲ့ရင်ဖွင့်သံကိုပြည့်ပြည့်စုံစုံသိရှိနိုင်စေရန် အတွက် ဗီဒီယိုလေးကိုပါ
ထပ်မံဝေမျှပေးလိုက်ပါတယ်နော်။

Source : Myanmarload TV

Leave a Reply

Your email address will not be published. Required fields are marked *