​ကျန်းမာရေး မကောင်းတာ ကြောင့် နေ့ရော ညပါ ပြုစုပေး ခဲ့ပေမယ့်လည်း ဒီနေ့မှာ တော့ ရုတ်တရက် ကွယ်လွန် သွားခဲ့တဲ့ မိုးဟေကို ရဲ့ မိခင်ကြီး

Posted on

မင်းသမီးချောလေး မိုးဟေကိုကတော့ အနုပညာလောက မှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့သူပဲဖြစ်ပါတယ်။ မိုးက မိဘအတွေ အပေါ်မှာလည်း အရမ်းကို သိတတ် လိမ္မာလွန်းတဲ့ သမီးအလိမ္မာလေး တစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။

ဒါ့အပြင် ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီးကိုလည်း အချိန် အတော်ကြာ ဘေးနားမှာ နေပြီး အစွမ်းကုန် စောင့်ရှောက်ကာ ဆေးကုသပေးနေတာလည်းဖြစ်ပါတယ် ။ ဒီနေ့မှာတော့ မိုးရဲ့ မိခင် ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှ ာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ အနုပညာရှင် အသိုင်းအဝိုင်း ကလည်း မိုးရဲ့မေမေနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းစာသားတွေ ခုလိုရေးသား ဖော်ပြခဲ့ကြပါတယ် ။ နွေးနွေးချစ်ဖွယ်က သူရဲ့အကောင့်လေးမှာ ” မိုးဟေကိုရဲ့အမေအခုပဲ​​ကြွေလွင့်သွားပါပြီအရမ်းစိတ်ထိခိုက်ရပြန်ပြီအန်တီကောင်းရာသုဂတိ လားပါစေ ” ဆိုပြီး ဝမ်းနည်းကြောင်းရေးသားဖော်ပြထားပါတယ် ။

ထိုနည်းတူ မေဦးကလည်း မိုးရဲ့ မိခင်ကြီး အတွက် ထပ်တူ စိတ် မကောင်း ဖြစ်မိကြောင်းကို ” မိုးရေ အန်တီဆုံးသွားတာကြားသိရလို့ မိုးတို့နဲ့အတူ ထပ်တူဝမ်းနည်းရပါတယ် အန်တီကောင်းရာသုဂတိလားဖို့လည်းဆုတောင်းပေးပါတယ် ပြီးတော့ အန်တီမကျန်းမာတဲ့ဟိုးအရင်အချိန်ပေါင်းများစွာကတည်းက အခုချိန်အရမ်းဆိုးရွားလွန်းလှတဲ့အခြေအနေကို ကျော်ဖြတ်လိုက်ရတဲ့အထိ အမေ့နားကတစ်ဖဝါးမှမခွါပဲ သေချာဂရုဆိုက်ပေးရတဲ့မို့လည်း နေကောင်းကျန်းမာပြီးဘုန်းကြီးသက်ရှည်ပါစေလို့ဆုတောင်းပေးပါတယ် ” ဆိုပြီးရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။ မိုးရဲ့ မေမေလည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source : May Oo & Nway Nway Chit Phwal Facebook Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *