အများပြည်သူ ကြောက်ရွံ့သွားအောင် လုံခြုံရေး တပ်ဖွဲ့တွေက လုပ်ပြကြဖို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင် အမိန့်ပေးထားတယ်လို့ အမည်မဖေါ်လိုသူ ရဲတပ်ရင်းအရာရှိတဦးက ပြောပါတယ်။ တပတ်အတွင်း လူတွေလမ်းပေါ်မထွက် ရဲအောင် လုပ်ဖို့ စစ်ကောင်စီက အမိန့်ပေးထားပြီး ဖြစ်တယ် လို့လည်း စစ်ကောင်စီဝန်ကြီးက ပြောတယ်ဆိုပါတယ်။
စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဟာ ရှစ်လေးလုံး လူထု အရေးတော်ပုံမှ ာတုန်းက ဆန္ဒပြအရပ်သားတွေကို ပစ်မိန့်စတင်ပေးခဲ့တဲ့ (အဲဒီအချိန်က) တပ်မမှူးတာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့သားဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်လွန်းမောင်ဟာ (၂၀၀၁) ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျမူမှာ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး နဲ့အတူ သေဆုံးခဲ့သူပါ။
အဲဒီရဟတ်ယာဉ်ပျက်ကျမူဟာ ရိုးရိုးမဟုတ်ဘဲ (အဲဒီအချိန်က) စစ်ထောက် လှမ်းရေ အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လုပ်ကြံသတ်ဖြတ်မူလို့ သတင်းတွေထွက်ခဲ့ပါတယ်။
crd
zawgyi
crd