(၇) ရက် သား သမီး ဟော စာ တမ်း (14.1.2021 မှ 20.1.2021 အထိ)

Posted on

တနဂၤေႏြ

ယခုကာလအတွင်းလုပ်ငန်းစီးပွားရေးတိုးတတ်လာဖွယ်ရှိနေပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးကိစ္စများ အဆင်ပြေ ချောမွေ့နေမည်။ အလုပ်တွေများပြားနေတဲ့ကြားမှ တိုးတတ်အောင်မြင်မည်။

ယခင်ဖြစ်ပေါ်နေသော အခက် အခဲများကို ပြေလည်အောင် ဖြေရှင်း နိုင်မည်။ စာရွက်စာတမ်းကိစ္စ၊စာချုပ်ကိစ္စ၊ အလုပ်အော်ဒါလက်ခံခြင်း ကိစ္စများ အောင် မြင်စွာ ဖြေရှင်းနိုင်မည်။

အလုပ်လျှောက်ထားသူများ၊အင်တာဗျူးဖြေထားသူများအလုပ်ရလာ တတ်ပါတယ်။ တစ်ပါးသူလက်သို့ ရောက်ရှိ နေသော မိမိပိုင်ပစ္စည်းများ၊ မိသားစုပိုင်ပစ္စည်းများ လက်ဝယ် သို့ ပြန်လည်ရောက်ရှိ လာနိုင်ပါသည်။

မိမိကိုဒုက္ခပေးနေသူများ သူ့အကုသိုလ်နဲ့သူဒုက္ခရောက်သွားပါလိမ့်မယ်။ အမှုအခင်း ဖြစ်လုဆဲဆဲ ကိစ္စများရှိနေရင်တော့ ပပျောက်သွားအောင် ဆောင်ရွက်နိုင်လိမ့်မည်။

သူများတွေရဲ့အလုပ်အကိုင်အဆင်မပြေမှုများ တတ်နိုင်သ၍ကူညီခွင့်တွေရလာတတ်ပါတယ်။ အမိအဖတွေကိုဒီကာလအတွင်းငွေကြေးထောက်ပံ့လာ နိုင်ပါလိမ့် မယ်။

မည်သည့်ကိစ္စကို ဆောင်ရွက် သည်ဖြစ်စေ ထူးခြား တိုးတတ်၊ အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည် ဖြစ် ပါသည်။

အချစ်ရေးမှာတော့ချစ်သူကိုစကားပြောရင့်သီးသွားတာမျိုး၊ဆဲဆိုပြောမိသွားတာမျိုးတွေကြောင့် ချစ်သူမိမိ ကို စိတ်ပျက်သွားတတ်ပါတယ်။

အိမ်ထောင်သည်များ အယူအဆမတူ ညှိနှိုင်းရခက်ခဲနေတတ်ပါတယ်။ ပညာရေး မှာတော့ မိမိကြိုးစားထားသမျှလက်တွေ့ဖြစ်မြောက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း…5၊7၊0 အထူးဟော….လုပ်ငန်းတွေပြန်လည်ဦးမော့လာမည်။ ယတြာ….ပြောင်းဖူးလက်ဖက်သုပ်လေး ဘုရားကပ်လှူလိုက်ပါ။

တနလၤာ

ယခုကာလများအတွင်းမိသားစုအရေးကိစ္စတွေမှာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ မိမိလိုချင်နေတဲ့ ပန်းတိုင် ကို ရောက်ဖို့ခက်ခဲနေဆဲကာလပါ။ ငွေကြေးရင်းနှီးမြှုတ်နှံမှုများ မပြုလုပ်သင့်သေးပါဘူး။

လုပ်ငန်းသစ်၊ စီးပွားသစ်၊ အကြံအစည်သစ်များ စတင်ရန် အချိန်အခါကောင်း မဖြစ်နိုင်သေးပါ။ ငွေကြေး အပေးအယူကိစ္စများတွင်လည်း မျက်မြင်သက်သေများ ရှေ့မှောက်တွင် ဆောင်ရွက်ပါ။ အငြင်းပွားရတတ်သည်။

လုပ်ငန်းခွင်အတွင်း အရေးကြီးသော ကိစ္စများ မိမိကဦးဆောင်တာဝန်ယူလုပ်ကိုင်နေရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လုပ်ဖေါ်ကိုင်ဖက်များ အချင်း ချင်း အပေးအယူမတည့်တာမျိုးတွေဖြစ်ရတတ်ပါတယ်။

ပြဿနာများ မိမိအပေါ် ပုံချခြင်းပြုလိမ့်မည်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသူများ ရောင်းမစွံတဲ့ ပစ္စည်းတွေလှောင်နေမိ တတ်ပါသည်။ ဈေးဖျက်၍ ယှဉ်ပြိုင် နှောက်ယှက် သူများနှင့် ကြုံတွေ့ရတတ်ပါသည်။

ကံကောင်းတာက မိမိအနေနဲ့ အရာရာကို လက်ရှိအနေအထားကနေပြုပြင် ပြောင်းလဲမှုတွေ မလုပ်ဘဲမှေးနေရင်ဘာမှမညံ့ပါဘူး။ ဘာကိစ္စတွေမဆို နောက်လိုက်ပုံစံနေပါ။ ဆရာကြီးမလုပ်မိပါ စေနဲ့။

ကျန်းမာရေးကတော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ အချစ်ရေးမှာ လူချင်းဝေးနေရင်တောင် စိတ်ချင်းနီးနေ တတ်ပါတယ်။ အိမ်ထောင်ရေးလဲ သာယာစိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ပညာရေးအပေါ်စိတ်မပါသလိုဖြစ်နေမည်။

အကျိုးပေးဂဏန်း….1/6/9 အထူးဟော …အသစ်တစ်ခုခုမစတင်သင့်ပါဘူး ယတြာ….ကလေးတွေကိုသကြားလုံးဝေကျွေးလိုက်ပါ။

အဂၤါ

ဒီကာလဟာ စိတ်ပင်ပန်းရတာတွေ၊အလုပ်တွေ မနိုင်မနင်းဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ အချိန်ဖြုန်း မယ့်ကိစ္စတွေအကုန်လုံးကို လျော့ချနိုင်ဖို့လိုအပ်ပါတယ်။ အပျော်အပါးတို့ကို အလွယ်တကူ ကြုံတွေ့ရမည်။

အပျော် အပါး လွန်၍ အန္တရာယ်ဖြစ်တတ်သည်။ နာမည်ဂုဏ်သိက္ခာ ထိခိုက်တတ်သည်။ အနီးကပ်လူယုံများ သစ္စာဖေါက်၍ အနှောက်အယှက် ပြဿနာများ ဖြစ်ပေါ်လာရတတ်သည်။

စန်းပွင့်မှုလွန်ကဲ၍ လူမှုရေး၊ မေတ္တာရေး အရှုပ်အထွေး များနှင့် ကြုံနေရမည်။ ဒုက္ခပေးသော မိတ်ဆွေကောင်း များနှင့် ပြန်လည်ဆုံစည်းရမည်။

အသင်းအဖွဲ့ ကိစ္စများ ပါဝင် ဆောင်ရွက်လုပ်ကိုင်ရင်း ကိုယ်ကျိုးစီးပွားလုပ်ငန်းများ ဆုံးရှုံးနစ်နာရမှုများ ကြုံလာ ရကာ မိသားစု၏ ငြိုငြင်ခြင်းကို ခံရတတ်ပါသည်။

ကျန်းမာရေး အညံ့များကြုံမည်။ အနေအထိုင် ဂရုမစိုက်မှုကြောင့် ရောဂါဝေဒနာဟောင်းများ ပြန် လည်ဖြစ်ပေါ် လာကာ ဆေးရုံ၊ ဆေးခန်းရောက်ကိန်းများ ကြုံမည်။ ငွေမချေးရ၊ ငွေချေးက ဆုံးရှုံးရတတ်သည်။

ယခုအချိန်သည် အကောင်းထက် အဆိုးကသာ အားသာနေသဖြင့် အသွားအလာ၊ အနေအထိုင်၊ အစားအသောက် မှန်သမျှ အထူးဂရုစိုက်သင့်ချိန် ဖြစ်ပါသည်။

အိမ်ထောင်ရေးကံကောင်းနေမယ့် စန်းအားကောင်းနေတာမို့အနေ အထိုင်ဆင်ခြင်ဖို့အထူးလိုအပ်ပါတယ်။ ပညာရှာနေသူများ အလုပ်တွေမအားလပ်တာမို့ ပညာရေးအပေါ်စိတ်မနှစ် နိုင်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း…..2/0/7 အထူးဟော ….ကျန်းမာရေးသတိပြုပါ ယတြာ….မှိုကန်စွန်းရွက်ကြော် ဘုရားကပ်လှူပေးပါ။

ဗုဒၶဟူး / ရာဟု

ယခုကာလများအတွင်း သင်သည် အရပ်ဝေးမှ ကောင်းသောသတင်းစကားများ ကြုံတွေ့ရတတ်သည်။ အွန် လိုင်းအလုပ်အကိုင်စီးပွားများ အထူးအောင်မြင်မည်။ မိတ်ဆွေ၊ ဆရာသမား၊ ကြီးကဲသူများ၏ အကူအညီနှင့် ဘဝတိုးတတ်မှုကံများလည်း ပွင့်လာမည်။

မရည်ရွယ်ဘဲ အလှူအတန်းပြုရမည်။ ထူးခြားသော လူပုဂ္ဂိုလ်များ၊ သူတော်စင်ပုဂ္ဂိုလ်များနှင့် ဆုံတွေ့ရလိမ့်မည်။ အပြောင်းအရွှေ့ စီစဉ်နေသူများ နေရာကောင်းသို့ ပြောင်းရွှေ့ တိုး တတ်ကိန်းရှိနေမည်။ မိသားစု စုစည်းမှုများ အဆင်ပြေလာမည်။

သို့သော်ကျန်းမာရေးအညံ့အချို့ ကြုံတွေ့လာ နိုင်သည်ဖြစ်၍ အထူးသတိပြု ပါ။ မတော်တဆထိခိုက်ဒဏ်ရာ ရရှိတတ်ပါသည်။ အနာပေါက်ခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ခူနာရောဂါမျိုးများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။

ထင်မှတ်မထားတဲ့နေရာက နေငွေဝင်လာတတ်ပါ တယ်။လူပျို၊ လူလွတ်များ မေတ္တာရေး ကံကောင်းနေ၍ စန်းအ လွန်ပွင့်နေမည်။

လူငယ်များမမျှော်လင့်ဘဲ ချစ်သူနဲ့ ခိုးပြေးဖြစ်တတ်ပါတယ်။ ချစ်သူနဲ့အချိန်လွန်အောင် လည်ပတ်တာမျိုးမလုပ်ပါနဲ့။

သားသမီးလိုချင်သော အိမ်ထောင် ရှင်များလည်း သားသမီရတနာများ ထွန်းကား၍ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်ရေးသုခများ ခံစားရနိုင်ပါသည်။ အတတ်ပညာ သင်တန်းနှင့် ပတ်သက်သော ကိစ္စများ အထူးအောင်မြင်နိုင်ပါသည်။

အကျိုးပေးဂဏန်း…1/4/8 အထူးဟော…ကံမြင့်မားနေမည်။ ယတြာ….အာလူးကြော် မိတ်ဆွေတစ်ခုကိုဝယ်ကျွေးလိုက်ပါ။

ၾကာသပေတး

ယခုကာလအတွင်း စိတ်ထဲရှိနေတဲ့အတွေးတွေက လက်တွေ့အကောင်အထည်ဖော်သင့်ပါတယ် ။ဝန်ထမ်း လခစားများ နေရာ ကောင်းရခြင်း၊ပညာအသစ်တွေသင်ရခြင်းမျိုးတွေကြုံရလိမ့်မယ်။

လူလိမ်၊ လူကောက်များကို ဖေါ်ထုတ်ဖြေရှင်းနိုင်မည်။ ပိုင်ဆိုင်မှုကိစ္စအတွက် စကားပြောဆိုမှုများ အဆင်ပြေမည်။ အများကိစ္စ၊ အဖွဲ့အစည်း ကိစ္စများ တာဝန်ယူဆောင်ရွက်ရခြင်းများ ရှိနေမည်။

ကာလရှည်ကြာ ဝေးကွာနေသော မိတ်ဆွေများနှင့် ပြန်လည် ဆုံစည်းရမည်။ကုန်ထား တဲ့ငွေရစရာရှိတဲ့ငွေပြန်ဝင်လာတတ်ပါတယ်။ကားဝယ်ခြင်း၊ကားရောင်းခြင်း၊ အလဲ အထပ် လုပ်ခြင်းတွေဒီလိုနေ့တွေမှာဆောင်ရွက်လို့ကောင်းပါတယ်။

၂/၄/၈ဂဏန်းများများပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။သူတစ်ပါးကငွေ၊ပစ္စည်း၊လက်ဝတ် ရတနာတွေလာအပ်ရင်လက်မခံပါနဲ့။ မိမိလာဘ်ပိတ်သွားတတ်ပါတယ်။

မိသားစု ပြဿနာများ မောင်နှမသားချင်းရေးရာ ပြဿနာများ၊ မိတ်ဆွေအပေါင်းအသင်း များနှင့် ဆိုင်သော ပြဿနာ များ မိမိက ဦးဆောင်ပါဝင်၍ ဖြေရှင်းပေးရ ပေလိမ့်မည်။

ကျန်းမာရေးနဲ့ပက်သက်ပြီးအားရစရာကောင်းပါ တယ်။ ပညာအသစ်တွေသင်ယူလို့အထူးကောင်းပါတယ်။ စိတ်အပန်းပြေစေမဲ့ ကိစ္စတွေကိုလဲ ကြုံရပါလိမ့်မယ်။

အချစ်ရေး တွင် ချစ်သူကမိမိအပေါ် နားလည်ပေးဖို့မလွယ်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ စိတ်ချမ်းသာပျော်ရွှင်ရတတ် ပါတယ်။

အကျိုးပေးဂဏန်း…2/4/5 အထူးဟော…..ငွေကံကောင်းနေတတ်သည်။ ယတြာ…၂၄ပစ္စည်း သက်စေ့ရွတ်ပွားပါ။

ေသာၾကာ

ယခုကာလအတွင်း လူမျိုးခြား၊ဘာသာခြားနှင့်မင်းစိုးရာဇာတို့နှင့်ဆက်နွယ် သောအလုပ်များလုပ်ကိုင်ရ တတ်ပါ တယ်။ ရှယ်ယာအလုပ်များအဆင်ပြေတတ်ပါတယ်။ လုပ်ငန်းရှင်များ မေတ္တာစိတ်နဲ့သဘောထားကြီး ကြီး ဆောင်ရွက်လုပ်ကိုင်ပါ။

ခရီးကိစ္စတွေရှိရင်တော့ ကောင်းသော ခရီးပါပဲ။ ပစ္စည်းများ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ် သည်။ ဆုံးရှုံးမှုများ ကြီးမားလာရတတ်သည်။ အိုး၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ကိစ္စများ သတိနှင့် ဆောင်ရွက် ရမည်။

စာရွက်စာတမ်းများ၊ အတုအယောင်များ၊ အမွေဆက်ခံမှု အရှုတ်အထွေးများ ဖြစ်တတ်သည်။ ရုံးရောက်၊ ဂါတ်ရောက် အမှုအခင်းဖြစ်သူများအား လိုက်လံအာမခံ၍ ကူညီ ဆောင်ရွက် ဖြေရှင်းပေးရမည်။

နေအိမ်တွင် အလိုက်မသိသော ညအိပ်၊ ညနေ ဧည့်သည်များ ရောက်ရှိလာတတ်သည်။ လုပ်လက်စအလုပ် တွေအပြင် ထပ်ချဲ့တာ မျိုးတွေက အဆင်မပြေဖြစ်ရတတ်ပါတယ်။

မည်သည့်ကိစ္စမဆို တစ်ယူသန်၊တစ်ဇွတ်ထိုးမ လုပ်ဘဲ မိဘဆရာတွေနဲ့ တိုင်ပင်ပြုလုပ်တာကစိတ်ချမ်းသာရလိမ့်မယ်။ အချစ်ရေးတွင်ချစ်သူ၊ ခင်သူ၊ သံယောဇဉ် ရှိသူ များနှင့် စကား များရမည်။ ပဋိပက္ခဖြစ်တတ်သည်။

လူမှုရေး အရှုတ်အထွေးများ ကြုံမည်။ အိမ်ထောင်ရေးတွင် သတိကြီးစွာ ထား၍ ပြောဆို လုပ်ကိုင်ပါမှသာ အစစအရာရာ အဆင်ပြေပေလိမ့်မည်။

အကျိုးပေးဂဏန်း…3/5/8 အထူးဟော…ကံအညံ့လေးတွေရောပါနေတတ်ပါတယ်။ ယတြာ….ဂုဏ်တော်ကွန်ချာကို ရသလောက်နေ့စဉ်ရွတ်ပွားပါ။

စေန

ယခုကာလများအတွင်း သင်သည် ကျန်းမာရေးအညံ့များ ကြုံမည်။ သူတစ်ပါးအပေါ်၊ အားနာမှု၊ စာနာ သနား မှု၊ ယုံစားလွယ်မှုတို့အပေါ် အခွင့်ကောင်းယူသော သူများနှင့် ဆုံတွေ့နေရမည်။

မောင်နှမသားချင်း ပြဿနာ များကို လိုက်လံဖြေရှင်းဆောင်ရွက်ပေးရလိမ့်မည်။ တစ်ဦးထက်မကသော အချစ်ရေး ကိစ္စများ၊ အရှုတ်အထွေးကိစ္စများ ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကိန်းများ ကြုံမည်။

သံယောဇဉ်မထားသင့်သူကို ထားခြင်း၊ အချစ်မှား၊ ဆုံးဖြတ် ချက်မှားခြင်းများ ကြုံတွေ့ရနိုင်ပါသည်။ဆီးနှင့် ဆိုင်သော ဝေဒနာများ ခံစားရတတ်ပါသည်။

မိမိစိတ်တိုင်းကျ လုပ် ပိုင် ခွင့် ရရှိခြင်းများကြောင့် မိမိအရည်အချင်းကို ပြသခွင့်များ အပြည့်အဝ ရရှိလာပါ လိမ့်မည်။ အရာရာတိုင်းအပေါ် တွင် အားရကျေနပ်မှုများ ရှိနေမည်။

လျှပ်စစ်နှင့် လုပ်ကိုင်ရသော စက်မှုလုပ်ငန်း များမှ မတော်တဆ ထိခိုက်မှု၊ ဝါယာရှော(ခ်) ဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။ သတိထားသင့်ပါသည်။

ရရန်ရှိသော အကြွေးဟောင်းများ ပြန်လည်ရရှိတတ်ပါသည်။ သိနေသော ကိစ္စတို့ကို မသိချင် ဟန်ဆောင်ပါ။ ပြောလိုသောစကားအချို့ကို မျိုသိပ်ခြင်း ပြုပါ။

ဘာသာရေး၊ ပညာရေး ရည်ရွယ်ထားသည့်ကိစ္စများ အောင်မြင်မည်။ အိမ်ထောင်ရေး၊အိမ်တွင်းရေး သာယာ အဆင်ပြေ ပါလိမ့်မယ်။ သားသမီးအတွက်စိတ်ချမ်းသာပျော်ရွှင်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း…4/6/0 အထူးဟော….ကံသင့်ပါတယ်။ ယတြာ…သံပုရာရည် ဘုရားကပ်လှူပူဇော်ပါ။

ငြိမ်းအေးလူ လက်ဆန်းဗေဒင်သုတေသန

Leave a Reply

Your email address will not be published. Required fields are marked *