(၁၃၈၃)-ခုနှစ် ၊ သင်္ကြန် စာ ဟော စာ တမ်း ကြီး

Posted on

န်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊နှောင်းတခူးလဆန်း ၃ ရက်၊ခရစ်နှစ် 2021 ဧပြီလ ( 14 ) ရက်( ဗုဒ္ဓဟူးနေ့ ) မြန်မာစံတော် ချိန်နံနက် ၅ နာရီ ၄၆ မိနစ် ၅၅ စက္ကန့်အချိန်တွင် မဟာသင်္ကြန်ကျပါသည်။မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊နှောင်းတစ်ခူးလဆန်း (၄) ရက်၊ခရစ်နှစ် 2021 ဧပြီလ (15) ရက်ကြာသပတေးနေ့) သည်မ ဟာသင်္ကြန် (အကြတ်ရက်) ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊နှောင်းတခူးလဆန်း ၅ ရက်၊ခရစ်နှစ် 2021 ၊ဧပြီလ (16) ရက်၊( သောကြာနေ့ ) နံနက် ၉ နာ ရီ ၅၁ မိနစ် ၃၆ စက္ကန့်တွင်မဟာသင်္ကြန်တက်ပါသည်။ထိုကြောင်မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ဉီးတခူးလဆန်း (၆)ရက်၊ခရစ်နှစ် 2021 ၊ဧပြီလ (17) ရက်၊စနေနေ့သည် နှစ်ဆန်း (၁)ရက်နေ့ဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် လက်ထက်ရက်မရှိ၍

ဗုဒ္ဓဘာသာ၊သာသနာတော် ဝန်ထမ်း ရဟန်းအရှင်မြတ်တို့မှာ မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊ဝါဆိုလပြည်ကျော်(၁)ရက်၊ ခရစ်နှစ် (2021) ၊ဇူလိုင်လ (၂၄) ရက်၊စနေနေ့တွင် ပထမပုရိမဝါ ကပ်ဆိုတော်မူကြရမည်။

ဘာနုရာဇာဂြိုဟ်မင်းသည် ပြည်ပန်းညိုပွင့် အဆင့်နှင့် တူသော အဝတ်တန်ဆာကိုဝတ်ဆ င်လျက် ကျွဲရဲကိုစီး၍ လက်တဘက်ကား ပန်းခက်ကိုင်လျှက် လက္တဘက္ကား ရေးချမ်းအိုးကိုပိုက်၍ အရှေ့ကသည် တောင်သို့ ထက်ဝယ်ဘွဲ့လျက် ဝင်၏။ဃောရဿဒေဝီနတ်သ္မီးကား အလှည့်စေ၍၊ပရမီးသွာ နတ်မင်း၏သား အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်း ကို ကမ်းသည်ရှိသော် မဟောရကာဒေဝီနတ်သ္မီးကာငို၍ လှမ်းလင့်၏။ပြောက္ကာဒေဝီနတ်သ္မီးကား အဖြူ၊ အနီ၊ အစိမ်း၊အပြာ၊အဝါအာဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင်၏။

ထိုကြောင့်မိုဦး၊မိုးလယ်တံ့အံ့။ မိုးနှောင်းကောင်းအံ့။ကျွဲ ၊နွားစသောအခြေ(၄)ခု၊ အသေပျောက်များအံ့။ မုန်တိုင်းလေဗွေထန်အံ့။ စပါးအသီးအနှံမကောင်း။ဤကားမဟာသင်္ကြန်ကျအလိုအားဖြင့် ဟောကြားခြင်းဖြစ်ပေသည်။

တနင်္လာနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် လူကြီးမိဘတို့၏ပံ့ပိုးမှုကြောင့် စီးပွားရေးတွင် ကံကောင်းနိုင်အံ့၊ ပေါင်းသင်းဆက်ဆံရေး၌ ပတ်ဝန်းကျင်၏ အထင်မြင်လွဲမှုနှင့် မွေးချင်းမောင်နှမတို့ကြား အချင်းများတက်သည်။ အိမ်ခြံမြေတိုက်တာ မမျှော်လင့်ပဲဝင်ကိန်းရှိသည်။

အစားအသောက်ကြောင့် လေးဥပါဒ်ကြုံရအံ့။ အစာအိမ်အချဉ်ပေါက် ဝမ်းရောဂါဖြစ်ပွားတတ် အံ့၊ ရေခြား မြေခြားမှ မိတ်ဆွေအပေါင်းအသင်းတို့ပွားအံ့၊ ဗုဒ္ဓဟူး တနင်္လာနေ့နံ သားသမီးတို့ အကျိုးပေးကောင်းအံ့။ အလှကုန် ပရိဘောဂ ယာဉ်ကား

အဖျော်ယမကာလုပ်ငန်း အကျိုးပေးအံ့၊မိမိနှင့် မသက်ဆိုင်သော အမှုအခင်းပြဿနာများကို ဖြေရှင်းရတက်အံ့၊ အချစ်ရေးတွင် မိသားစုသဖွယ်ဂရုစိုက် ပေးတက်သော ချစ်သူနှင့်ဆုံစည်းရအံ့။ပညာရေးကံကောင်းသောနှစ်ဖြစ်သည်။

ယတြာ။ မွေးနေ့နံနက် ၉း၂၇ မိနစ်အချိန် ရာဟုနံဘုရားတွင် ပန်းရောင်ဝတ် ဆင်လျက် ဒန်းညွန့်(၉)ညွန့်ကပ်လှူပါ။

အင်္ဂါနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် အလုပ်သစ် ဝန်းကျင်သစ်တွင် ကြိုးစားရသောအချိန်ဖြစ်၍ ကြိုးစားသလောက် အခွင့် ထူး ရရှိနိုင်အံ့။ ပညာရေးတွင်ထူးချွန်အောင်မြင်အံ့။ အချစ်ရေးတွင် နားလည်မှု လွဲမှားနိုင်အံ့။အိမ်ထောင်ရေးတွင် စာနာနားလည်မှုတို့ကြောင့် သာယာနိုင်အံ့။ သွားလေရာ မျက်နှာပွင့်သော်လည်း ရန်သူများတက်အံ့။

တနင်္ဂနွေ အင်္ဂါနေ့နံဖွားတို့ အကျိုးပေးအံ့။ ဆီလုပ်ငန်း စိန်ထည်လုပ်ငန်း စားသောက် ကုန် လုပ်ငန်း စက်မှုလုပ်ငန်း အိမ်ဆောက်ပစ္စည်းတို့နှင့် အကျိုးပေးအံ့၊ မွေးချင်းမောင်နှမတို့နှင့်ပတ်သက်၍ အလုပ်အကိုင်များချဲ့ထွင်ရအံ့။ ကျန်းမာရေးတွင် အဆုတ်ရောဂါ၊ အစာအိမ် အကြောအဆစ်ရောင်ရမ်းသော ဝေဒနာတို့ ခံစားရအံ့။

ယတြာ။ မွေးနေ့နံနက် ၉း၃၆ မိနစ်အချိန်တွင် သောကြာနံဘုရားတွင် လိမ္မော်ရောင်ဝတ်ဆင်လျက် အုန်းညွန့် ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် လုပ်ငန်းအမျိုးမျိုး မပြောင်းလည်းဘဲ နဂိုမူလလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်လျှင် အောင်မြင်အံ့။ ဥပဒေပြင်ပလုပ်ငန်းများရှောင်ရှားသင့်သည်။ လူမှုရေးပြဿနာပွေလီ ရှုပ်ထွေးမှုကြောင့် အိမ်ထောင်ရေးညံ့အံ့။လုပ်ငန်း(သို့)အိမ်၌ လက်အောက် ငယ်သားမမြဲ၊ စနေ တနင်္လာနံ သားသမီးတို့နှင့် အကျိုးပေးအံ့၊ ကျောက်မျက်လုပ်ငန်း အထည်လိပ်လုပ်ငန်း ထီရောင်းဝယ်ရေး လုပ်ငန်းတို့ အကျိုးပေးအံ့။ ထီဆုကြီးပေါက်ကိန်းရှိအံ့။

ဗုဒ္ဓဟူးနံလုပ်ငန်းအကျိုးမပေးပါ။ ပညာရေးတွင်ခက်ခဲစွာကြိုးစား၍ အောင်မြင်မှု ရအံ့၊ ငွေရကံကောင်းသော်လည်း အကြွေးပေးက ဆုံးရွုံးရအံ့၊ ကျန်းမာရေးတွင် နှလုံး အူမကြီးရောင်ရမ်း သောဝေဒနာခံစားရအံ့၊ အချစ်ရေးတွင် စစ်မှန်သော ဖူးစာရှင်နှင့်တွေ့အံ့၊

ယတြာ။ ။ မွေးနေ့နံနက် ၉း၁၈ မိနစ်အချိန် တနင်္ဂနွေနံဘုရား ပိတောက်ရောင် ဝတ်ဆင် ၍ ကံကော်ညွန့်ကပ်လှူပါ။

ရာဟုနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေးငွေကြေးကိစ္စကံကောင်းအံ့၊ အလှူဒါနပြုရအံ့၊ အိမ်ထောင်ရေးတွင် နားလည်မှုလွဲမှားခြင်းအပေါ် ခွင့်လွှတ်နိုင်ခြင်းကြောင့် သာယာအံ့၊ ပြောဆိုဆက်ဆံရာတွင် ပညာအတွေးအခေါ်မြင့်မားပြီး အကွက်ကျကျပြောဆိုနိုင်အံ့။

တနင်္ဂနွေ စနေနံသားသမီးတို့ အကျိုးပေးအံ့၊ ရေကြောင်းခရီး အလှကုန် စားသောက်ကုန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့နှင့် အကျိုးပေးအံ့၊ စိတ်ဖိစီးမှုမခံဘဲ စိတ်ချမ်းသာအောင်နေနိုင်အံ့၊ ပညာရေးတွင်ရည်မှန်းချက်ထားပြီး ကြိုးစားလျှင်အောင်မြင်အံ့၊ကျန်းမာရေးတွင်

တစ်ခါတစ်ရံ ဦးခေါင်း မျက်စိ နား နှာခေါင်း လျှာဝေဒနာခံစားရအံ့၊ ညီအစ်ကိုမောင် နှမ များ အပေါ်သြဇာပေးခြင်း မဟုတ်ဘဲ အကြံပြုသဘောဆောင်လျှင် မိသားစုအဆင်ပြေအံ့။

ယတြာ။ ။ မွေးနေ့နံနက် ၉း၄၅ အချိန်တွင် ဗုဒ္ဓဟူးနံဘုရားတွင် ရောင်စုံဝတ်ဆင်လျှက် ကံတက်ညွန့်(၉)ညွန့် ကပ်လှူပါ။

ကြာသပတေးနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေးအခွင့်လမ်းသစ်မျ ားရရှိနိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင် လျှင် အောင်မြင်အံ့။ မိတ်ဆွေရင်းခြာနှင့်ပတ်သက်၍ ဝင်ငွေရလမ်းများရရှိအံ့။ လိုက်လျော ညီထွေစွာလုပ်ဖော် ကိုင်ဖက်များနှင့် ပေါင်းသင်းနိုင်၍

ပို၍အောင်မြင်အံ့။ လူမှုရေးရှုပ်ထွေးမှုကင်းပြီး ပညာရေးတွင် မှန်မှန် ကန်ကန်ကြိုးစားလျှင် အောင်မြင်အံ့။ ကျန်းမာရေးတွင် အဆစ်မြစ်ကိုက်ခဲ ၊ ကျီးပေါင်းရောဂါဝေဒနာတိုကို ခံစားရတက်အံ့။ သောကြာ ၊တနင်္ဂနွေဖွားတို့နှင့် နံသင့်လုပ်ငန်း အကျိုးပေး၍ အင်္ဂါနံလုပ်ငန်း

အကျိုးပေး၍ အင်္ဂါနံလုပ်ငန်းတို့ အကျိုးပေးအံ့။သံထည်လုပ်ငန်း ၊ဆောက်လုပ်ရေးလုပ်ငန်း စာပေလုပ်ငန်းတို့ အကျိုးပေးသည်။ ဗုဒ္ဓဟူးနေ့သား အကျိုးပေးအံ့။ အချစ်ရေးတွင် စန်းပွင့်ပြီး နှစ်ကုန်ပိုင်းတွင် မင်္ဂလာသတင်းကြားရအံ့။

ယတြာ။ မွေးနေ့နံနက် ၉း၅၄ မိနစ်အချိန် အင်္ဂါနံဘုရားတွင် အဖြူရောင်ဝတ်ဆင်လျှက် သီး(၉)ညွန့် ကပ်လှူပါ။

သောကြာနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေးကို အခြေပြုသော ခရီးသြား မကြာခဏ ထွက်ရအံ့။လုပ်ငန်းကိစ္စတွင် ကတိတည်ခြင်း ၊ကောင်းမွန်သော စီမံမှုတို့ကြောင့် အောင်မြင်အံ့။ မိဆွေကောင်းများနှင့်နားလည်မှု မလွဲအောင် ပြုမူဆက်ဆံ သင့်သည်။ ပညာရေးတွင် အထူးကောင်းမွန်၍ စက်မှုလက်မှု စစ်ဘက်နှင့် ဆေးဘက်ဆိုင်ရာတွင် ထူးချွန်သူများ ဖြစ်အံ့။

စပ်တူရှယ်ယာကောင်းမွန်အံ့။ အိမ်ထောင်ဘက်အတွက် ငွေကုန်ကြေးကျများအံ့။ ကျန်းမာရေးအတွက် အဆုတ်အားနည်း။ အသည်းဝေဒနာတို့ ခံစားရအံ့၊ ကြာသပတေး စနေနေ့ဖွားနှင့်နံသင့်လုပ်ငန်း အကျိုးပေးအံ့။ စားသောက်ဆိုင် ပန်းတိမ်လုပ်ငန်း မုန့်မျိုးစုံ လုပ်ငန်းတို့အကျိုးပေးအံ့။ အချစ်ရေးတွင် မျှော်လင့်ထားသည့် ဖူးစာရှင်နှင့်တွေ့ရတက်အံ့။

ယတြာ။ မွေးနေ့နံနက် ၉ နာရီအချိန်တွင် စနေနံဘုရားတွင် လိမ္မော်ရောင်ဝတ်ဆင်လျှက် ဇီးညွန့်(၉)ညွန့် ကပ်လှူပါ။

စနေနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေးလုပ်ငန်းမကြာခဏပြောင်းလည်ခြင်းကြောင့် ရသင့်သော အကျိုးအမြတ်ငွေ မရပဲရှိအံ့။အသင်းအဖွဲ့တို့နှင့် စီးပွားရေး (သို့) လူမှုရေးကိစ္စများ လုပ်ဆောင်ရာတွင် သိက္ခာကျဆင်းဘွယ်ရာများ ကြုံရတက်အံ့။ ပညာရေးတွင် ချစ်မှုရေးရာရှုပ်ထွေးမှုကြောင့် စိတ်လေလွင့်မှုမရှိမှသာ အောင်မြင်အံ့၊ ဆွေမျိုးများထံမှ အမင်္ဂလာသတင်းကြားရအံ့။

အိမ်ထောင်ဘက်နှင့်ပတ်သက်၍ မမျှော်လင့်ပဲငွေကြေး ဥစ္စာရအံ့။ သားသမီးတို့ စီးပွားရေး တိုးတက်အောင်မြင်အံ့။ တနင်္ဂနွေ ၊သောကြာနေ့နံသားသမီးတို့ အကျိုးပေးအံ့။ ကျန်းမာရေးတွင် အသည်း ၊နာတာရှည်ဖျားနာခြင်းတို့ဖြစ်ပွားအံ့။ အဖျော်ယမကာလုပ်ငန်း ၊အနုပညာလုပ်ငန်း၊ ပရိဘောဂလုပ်ငန်းတို့အကျိုးပေးအံ့။

ယတြာ။ ။ မွေးနေ့နံနက် ၉း၂၅ မိနစ်အချိန်တွင် ဗုဒ္ဓဟူး , တနင်္လာနေ့နံဘုရားတွင် ပန်းနုရောင် ဝတ်ဆင်လျက် အုန်းပေါင်းကပ်လှူပါ။

တနင်္ဂနွေနေ့ဖွားသားသမီးများတို့သည်

ဤနှစ်တွင် ပြည်ပအလုပ် အကိုင်ကောင်းများနှင့် ကြီးပွားအံ့။ ဇနီးသည်ဘက်မှ အခွင့်အလမ်းကောင်းများရအံ့။ လိမ္မာပါးနပ်မှုကြောင့် လူမှုဆက်ဆံရေးတိုးတက်အံ့။ တပည့် လက်အောက် ငယ်သားတို့အပေါ် သည်းခံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူမှုရေး ၊စီးပွားရေး၌ အောင်မြင်အံ့, ဆွေမျိုးတို့နှင့် နီးလျှက်ဝေး တတ်အံ့၊ မိသားစုလက်ခံခြင်းရှိသူနှင့် ဖူးစာဆုံအံ့။

ကြာသပတေးနေ့ဖွား အင်္ဂါနံ သားသမီးတို့နှင့် အကျိုးပေးအံ့။ ထူးခြားသည်ကား တနင်္ဂနွေနေ့ဖွား အချင်းချင်း ပေါင်းဖက်က အလွန်ထူးမြတ်နိုင်သော နှစ်တစ်နှစ်ဖြစ်၏။ ထီဆုကြီးပေါက်အံ့။ ရေနံလုပ်ငန်း ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း စာပေလုပ်ငန်း ပုံနှိပ်လုပ်ငန်း စိုက်ပျိုးရေး စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းတို့ အကျိုးပေးအံ့။ ကျန်းမာရေးတွင် လေပွ ၊လေနာ ၊ ဗိုက်နာခြင်း အရိုးအားနည်းခြင်းတို့ ဖြစ်ပွားအံ့၊ နယ်ပယ်သစ်ပညာရပ်ဆန်းများသင်ကြားရတက်သည်။

ယတြာ။ မွေးနေ့နံနက် ၉း၉ မိနစ်အချိန်တွင် ကြာသပတေးနံဘုရားတွင် အပြာနုရောင်ဝတ်ဆင်လျက် သီဟိုညွန့် ကပ်လှူပါ။

သင်္ကြန် သင်္ကြန်ဟောစာတမ်း ၁၃၈၃ခုနှစ်

credit အမျိုးဘာသာ ဗေဒင်ဂရု

Leave a Reply

Your email address will not be published. Required fields are marked *