၁၃၈၃-ခုနှစ် ၊ မဟာ သင်္ကြန်စာ ဟောစာ တမ်း ကြီး

Posted on

ဇေယျတု မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ နှောင်းတခူး လ္ဆန်း၃ရက်၊ ခရစ်နှစ်2021 ၊ဧပြီလ(14)ရက်(၊ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန်နံနက် ၅နာရီ၄၆မိနစ်၅၅စက္ကန်အချိန်တွင် မဟာသြင်္ကန်ကျပါသည်။

မြန်မာသက္ကရာဇ်၁၃၈၂နှစ်ခုနှစ်၊နှောင်တစ်ခုလဆန်း(နှစ်ခုနှစ်၊ နှောင်တစ်ခုလဆန်း(၄)ရက်၊ ခရစ်နှစ် 2021၊ဧပြီလ(15)ရက်( ကြာသပတေးနေ့)သည်မဟာသြင်္ကန် (အကြတ်ရက်)ဖြစ်သည်။

မြန်မာသက္ကရာဇ်၁၃၈၂ခုနှစ်၊ နှောင်းတခူးလ္ဆန်း၅ရက်၊ခရစ်နှစ်2021 ၊ဧပြီလ(16)ရက်၊(သောကြာနေ့)နံနက် ၉နာရီ၅၁မိနစ်၃၆စက္ကန့်တွင် မဟာသြင်္ကန်တက်ပါသည်။ ထိုကြောင်မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊ဦးတခူးလ္ဆန်းခုနှစ်၊ဦးတခူးလ္ဆန်း(၆)ခရစ်နှစ်2021၊ ဧပြီးလ(17) ရက်၊စနေနေ့သည် နှစ်ဆန်း(၁)ရက်နေဖြစ်၊ကောဇာသက္ကရာဇ်၁၃၈၃-ခုနှစ် လက်ထက်ရက်မရှိ၍

ဗုဒ္ဓဘာသာ၊သာသနာတော် ဝန်ထမ်း ရဟန်းအရှင်မြတ်တို့မှာ မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ် ၊ဝါဆိုလပြည်ကျော်(၁)ရက်၊ ခရစ်နှစ်(2021)၊ဇူလိုင်လ(၂၄)ရက်၊စနေနေ့တွင် ပထမပုရိမဝါ ကပ်ဆိုတော်မူကြရမည်။ဒုတိယပစ္ဆိမဝါကို ဝါခေါင်လပြည်ကျော်(၁)ရက်၊သြဂုတ်လ(၂၃)ရက်တနလာၤနေ့တွင် ကပ်ဆိုတော်မူကြရမည်။ (ကန်ဦးမူသြင်္ကန်စကားပြေကျမ်း)

ကောဇာသက္ကရာဇ်၁၃၈၃ခုနှစ်အတွက် အရှင်သခင်ဂြိုဟ်ဖွဲ့

ဝဿပတိဧကရာဇ်တနလာၤဂြိဟ်

သေနာပတိ ကာကွယ်ရေး ဗုဒ္ဓဟူးဂြိုဟ်

သဿပတိ စိုက်ပျိုးရေးစနေဂြိုဟ်

ရဿပတိ ကုန်သွယ်ရေး တနလာၤဂြိုဟ်

နိရဿတိ ဓာတ်သတ္တုသောကြာဂြိုဟ် အသီးသီးသည်၊နေစြင်္ကာဝဋ္ဌာကြီးအာ ဥပါဒ်ဘေးအန္တရာယ်အပေါင် ကင်းဝေးပြီး ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေခြင်း ကောင်းကျိုးအလိုငှ ာတာဝန် အသီးသီးယူကြလျက် ကာကွယ် စောင်ရှောက်ပေးကြလတ္တံ.။ ယခုနှစ် တနဂ်နွေ၊အင်္ဂါ၊ ကြာသပတေးတို့သည်နှစ်၏သခင်ဂြိုဟ်ကိုယ်စားပြုပေးခြင်းမရှိပါ။

အောင်ဇေယျတုသက္ကရာဇ် ၂၃၈၂ခု၊ဒီဃနှစ်ကြွင်း၂၈၂ရဿဝေါဟာရမာဿနှောင်းတခူးလဆန်း(၃)ရက်၊ခရစ်နှစ်(2021)၊ဧပြီလ(14)ရက်ဗုဒွဟူး မြန်မာစံတော်ချိန် နံနက်( 5:46:55)စက္ကန်မြန်မာနာရီးနေထွက် ၄ချက်တိကျော် နာရီပါဒ်ပြည် ၁ဗီဇနာ၅ပြာဏ်(၄)ခရာ၊မိဿရာသီလဂ်၊မိဿရာသီစန်း စန်းယှဉ် နက္ခတ် ဘရဏီ၊တနဂ်နွေဟောရတ် ၃ဂါၤနဝင်း၊ ၃င်္ဂါဒွါဒသင်း၊၃င်္ဂါတိံသင်၊

လဂ်စီးနက္ခတ်အဿဝဏီ သုည လုးံ ၊သုညပါဒ် ၊ (၁)ဃဋီ၊(၅)ဝိဃဋီ ၊(၄၂)အနုဃဋီထက်လဂ်စီးလျက် ထိုနာရီ၏ဣဋ္ဌဘဝါ နာရီးကား(၈၀၀)ဘဝါး(၁၁)လက်သစ်(၃)မူယော(၄)နှမ်း(၅)ဆံခြည်၊မွန်းတည့် နက္ခတ် ဥတြသာဠ်(ယုဂ်၂၈မှ ကာဏာယုဂ်) ဒုက္ခ ဆင်းရဲ အခက်အခဲကြုံတတ်သောယုဂ် (ယုဂ်၂၇မှပီတိယုဂ်)နှင့် ဘဒြာတိထီ၂လုးံ ကောလဝကရိုဏ်းနှင့်ယှဉ်လျက်

ဘာနုရာဇာဂြိုဟ်မင်းသည် ပြည်ပန်းညိုပွင့် အဆင့်နှင့် တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျက် ကျွဲရဲကိုစီး၍ လက်တဘက်ကားပန်းခက်ကိုင်လျှက် လက်တဘက်ကား ရေးချမ်းအိုးကိုပိုက်၍ အရှေ့ကသည် တောင်သို့ ထက်ဝယ်ဘွဲ့လျက် ဝင်၏။ဃောရဿဒေဝီနတ်သ္မီးကား အလှည့်စေ၍၊ပရမီးသွာ နတ်မင်း၏သား အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော်မဟောရကာဒေဝီနတ်သ္မီးကာငို၍လှမ်းလင့်၏။

ပြောက္ကာဒေဝီးနတ်သ္မီးကား အဖြူ၊ အနီ၊ အစိမ်း၊အပြာ၊အဝါအာဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သြင်္ကန်မင်းကို စောင့်လင်၏။ထိုကြောင့်မိုဃ်းဦး၊မိုဃ်းလယ်တံ့အံ့။မိုးနှောင်းကောင်းအံ့။ ကျွဲ ၊နွားစသော အခြေ(၄)ခု၊အသေပျောက်များအံ့။မုန်တိုင်းလေဗွေထန်အံ.။စပါးအသီးအနှံမကောင်း၊မြတ်သောရဟန်း၊ပုဏ္ဏား မင်းမိဖုရား၊မင်းသားတို့ ဒဏ်သင့်ကုန်အံ့။

အမှူးအမတ် သူကြီးဟူသမျှ မကောင်း ၊တလှိုင်းပြည်ပျက်အံ့။ဆား၊ဝါ ရှားကုန်အံ့။ ဤကားမဟာသြင်္ကန်ကျအလိုအာဖြင့် ဟောကြားခြင်းဖြစ်ပေသည်။ဗေဒင်နှင့်လက္ခဏာ ဆရာဘုန်းမြတ်နိုင် P.MN(Astro;Page) 09-456023310(viber) Creadit…မှုရင်း—ခိုင်မဂ်လာ

အားလုံးစောင့်မျှော်နေကြတဲ့ ခုနှစ်ရက်သားသမီးများ (၇)နံမွေးဖွားသူများအတွက် ယခု page တွင် ဆရာဘုန်းမြတ်နိုင်ကိုယ်တိုင်တွက်ချက်ပြီး ဆက်လက်စုစည်းတင်ပြပေးသွားပါမည်။

ယခု page အား Like and share နဲ့ seefirst လုပ်ထားပြီး မိမိကံကြမ္မာ ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ ဆက်လက်တင်ပေးသွားပါမည်။အများဖတ်ရှုနိုင်အောင်လည်း Shareပေးကြပါ။

ဆရာ့ထံ မေးမြန်းလိုသူများ Ph ;Message(သို့) Viber မှ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေး အပ်ပါတယ် ခင်ဗျာ။

ခုနှစ်ရက်သားသမီးများ အားလုံးမင်္ဂလာပါထာဝရ ၊အေးချမ်းသာယာ ကြပါစေ ၊စမ်းရေလိုအေးလို့ ပဒုမ္မာရွှေကြာပန်းလို ထာဝရ လန်းဆန်း ကြပါစေ ၊စိတ္တသုခ ကာယသုခ သုခမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံ ကြပါစေ ၊ ထာဝရ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ ၊ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ဗျာ။

ဗေဒင်နှင့်လက္ခဏာ ဆရာဘုန်းမြတ်နိုင် ဖုန်းနံပါတ် ၀၉၄၅၆၀၂၃၃၁၀ Viber)

Leave a Reply

Your email address will not be published. Required fields are marked *