(ဧပြီ ၁၇ ရက်) မနက်(၇) နာရီအချိန်ခန့်က ဖမ်းဆီး ခံလိုက် ရတဲ့ ဇဏ်ခီ နှင့် ခရစ္စတီးနားခီ တို့ ပြန်လည် လွတ်မြောက်လာတဲ့ အကြောင်းအရင်း

Posted on

သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီ တို့ ကို ယနေ့ (ဧပြီ ၁၇ ရက်) မနက် ၇ နာရီ အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ အရပ်ဝတ် လူတစုက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွား တာပဲဖြစ်ပါတယ်။

ဇဏ်ခီ၊ ခရစ္စတီးနားခီ၊ သားဖြစ်သူနှင့် အတူ အမျိုးသမီးတဦး အပါအဝင် ၄ ဦးသည် ရန်ကုန်ကနေ ဘန်ကောက် သို့ ထွက်ခွာမည့် MAI လေ ကြောင်းလိုင်းဖြင့် သွားရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိနေချိန် Immigration ကောင်တာ ၌ စစ်ဆေးမှု ခံယူ ပြီး နောက် လူတစုက ခေါ်ဆောင် သွားခြင်းဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံသည် အမေရိကန်နိုင်ငံသား ခံယူထားသူများဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဝါရင့်အနုပညာရှင်တဦးက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

ဇဏ်ခီ၊ ခရစ္စတီးနားခီတို့ နှစ်ဦးမှာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံ ထားရခြင်းမရှိဘဲယခုလို ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ်ကာယခုအခါ ပြန်လွှတ်မြောက်လာပြီဖြစ်ကြောင်းသိရပါတယ်။ လက်ရှိအချိန်တွင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ခံထား ရသော အနုပညာရှင်များထဲမှသရုပ်ဆောင် လူမင်း၊ ဇင်ဝိုင်း၊ ဇာဂနာ၊ ပြေတီဦး၊ ရဲတိုက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် ပိုပို တို့ ဖမ်းဆီးခံထားရသည်။

Credit

zawgyi

သ႐ုပ္ေဆာင္ ဇဏ္ခီႏွင့္ ဒါ႐ိုက္တာ ခရစၥတီးနားခီ တို႔ ကို ယေန႔ (ဧၿပီ ၁၇ ရက္) မနက္ ၇ နာရီ အခ်ိန္ခန႔္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ၌ အရပ္ဝတ္ လူတစုက လာေရာက္ ဖမ္းဆီး ေခၚေဆာင္သြား တာပဲျဖစ္ပါတယ္။

ဇဏ္ခီ၊ ခရစၥတီးနားခီ၊ သားျဖစ္သူႏွင့္ အတူ အမ်ိဳးသမီးတဦး အပါအဝင္ ၄ ဦးသည္ ရန္ကုန္ကေန ဘန္ေကာက္ သို႔ ထြက္ခြာမည့္ MAI ေလ ေၾကာင္းလိုင္းျဖင့္ သြားရန္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိေနခ်ိန္ Immigration ေကာင္တာ ၌ စစ္ေဆးမႈ ခံယူ ၿပီး ေနာက္ လူတစုက ေခၚေဆာင္ သြားျခင္းျဖစ္သည္။ ၎တို႔ ဇနီးေမာင္ႏွံသည္ အေမရိကန္ႏိုင္ငံသား ခံယူထားသူမ်ားျဖစ္ေၾကာင္း ၎တို႔ႏွင့္ နီးစပ္သည့္ ဝါရင့္အႏုပညာရွင္တဦးက ဧရာဝတီသို႔ အတည္ျပဳေျပာဆိုသည္။

ဇဏ္ခီ၊ ခရစၥတီးနားခီတို႔ ႏွစ္ဦးမွာ ပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဝရမ္း ထုတ္ခံ ထားရျခင္းမရွိဘဲယခုလို ဖမ္းဆီးေခၚ ေဆာင္ သြားျခင္းျဖစ္ကာယခုအခါ ျပန္လႊတ္ေျမာက္လာၿပီျဖစ္ေၾကာင္းသိရပါတယ္။ လက္ရွိအခ်ိန္တြင္ ပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆို ခံထား ရေသာ အႏုပညာရွင္မ်ားထဲမွသ႐ုပ္ေဆာင္ လူမင္း၊ ဇင္ဝိုင္း၊ ဇာဂနာ၊ ေျပတီဦး၊ ရဲတိုက္၊ ပိုင္တံခြန္၊ အိျႏၵာေက်ာ္ဇင္၊ အဆိုေတာ္ ပိုပို တို႔ ဖမ္းဆီးခံထားရသည္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *