ဧပြီလ (၁၉) ရက် နေ့ မှာ အဆိုတော် J FIRE အ ပါ အဝင် SOCIAL INFLUENCER အ ယောက် (၂၀ ) အား ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်း ဝရမ်း ထုတ်

Posted on

ပရိတ်သတ်ကြီးရေ အခုလက်တလောဖြစ်ပေါ် နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာ နဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေကလည်းများစွာ စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်နော်…။ အဆိုတော် J fire အပါအဝင် ညဏ်မျိုးအောင်၊ လပြည့်‌မောင်မောင်၊ ရည်မွန်ထွန်း၊ ဇော်ဝင်း၊ ဟိန်း‌ဇော်ညို၊ ရဲမင်းသိန်း၊ မြတ်နိုးအောင်၊ ဖုန်းဟိန်းခန့်၊ လှစိုးဝေ၊မနီရာဇာမင်း၊ ကိုအောင်၊ ကျော်မင်းထွန်း၊လပြည့်ဝင်း၊ ထွန်းမြတ်ညွန့်၊ ခန့်စည်သူ ပိုးလေး ငှေးနိုင် ဟန်နီဦး နီလာစိန် တို့ကိုပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန် ကြေညာ သွားပါတယ်။

အဆိုတော် J fireကတော့ လက်ရှိအခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ဒါ့အပြင်သူ့ရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက် အလက်တွေ ကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အဆိုတော် J fireတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက် လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ နဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ဒီရက်ပိုင်းအတွင်းမှာလည်း နာမည်ကြီး အနုပညာရှင် တွေဖြစ်တဲ့ ပြေတီဦး ရဲတိုက်၊ ပိုင်တံခွန်၊ ဇာဂနာ၊ ဝင်းမင်းသန်း အိန္ဒြာကျော်ဇင် ဇင်ဝိုင်း အဆိုတော်ပိုပို တို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရကာ ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီပဲဖြစ် ပါတယ်။ တကယ့် နာမည်ကျော် အနုပညာရှင် များစွာလည်း ဝရမ်းထုတ်ခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်နော်.။ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ ဒီကနေ့မှာတော့ ရအဆို‌တော် j fireလည်း ပါဝင်လာ တာဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *