ဧပြီလ(၂၀) ရက်နေ့ မှာ ပုဒ်မ ၅၀၅ (က)ဖြင့် ထပ်မံဖမ်း ဝရမ်းထုတ် ခံလိုက်ရတဲ့ အယောက် (၂၀) စာရင်းမှာ ပါဝင် ခဲ့တဲ့ အဆို တော် ဟန်နေတာ

Posted on

ပရိတ်သတ်ကြီးရေ အခုလက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ဒီရက်ပိုင်း အတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေကလည်း များစွာ စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်နော်…။

အဆိုတော် ဟန်နေတာအပါအဝင်အမှုဖွင့် ခံထား ရ သူတွေအထဲမှာ နှင်းပွင့်ဖြူ၊ ဟန်နေတာ၊ အောင်ကိုငြိမ်း ( J Fire) ၊ မင်းအောင်ခိုင် (ခ) အောင်ခိုင်ဆွေ၊သူရသက်တင်၊ နီလာစိန်၊ သိန်းဇော်၊ ရွှေရည်ဦး၊ ဇွဲလှိုင်မှီ၊ သက်ပိုင်၊ ဝင့်ဝါထွန်း၊ စိုင်းလောင်လျန်းပန်၊မိုးတိမ်၊ အောင်ကျော်မိုး၊ ဟန်စိုး၊ ဟိန်းရာဇာထွန်း၊ နီလာဝင်း၊ ကိုဂျွန်၊ ခင်ဇော် နဲ့ မိုဃ်းသွေး ပါဝင်ပါတယ်။ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန် ကြေညာသွားပါတယ်။

အဆိုတော် ဟန်နေတာကတော့ လက်ရှိအခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ဒါ့အပြင်သူ့ရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီး လိုက်နာသင့်တဲ့ သတင်း အချက်အလက်တွေ ကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အဆိုတော် ဟန်နေတာတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ နဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ဒီရက်ပိုင်းအတွင်းမှာလည်း နာမည်ကြီး အနုပညာရှင် တွေဖြစ်တဲ့ ပြေတီဦး ရဲတိုက်၊ပိုင်တံခွန်၊ ဇာဂနာ၊ဝင်းမင်းသန်း အိန္ဒြာကျော်ဇင် ဇင်ဝိုင်း အဆိုတော်ပိုပိုတို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရကာ ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ကိုလည်း ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီပဲဖြစ်ပါတယ်။တကယ့်နာမည်ကျော် အနုပညာ ရှင်များစွာလည်း ဝရမ်းထုတ်ခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်နော်.။ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ ဒီကနေ့မှာတော့ ရအဆို‌တော် ဟန်နေတာလည်း ပါဝင်လာ တာဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *